ဆွစ်ဇာလန်ကစားသမား ၃ဦးကို အရူးလုပ်သွားတဲ့ ၁၇နှစ်အရွယ်ကောင်လေး

စပိန်ကြယ်ပွင့် ဂါဗီဟာ ယမန်နေ့ညက ဆွစ်ဇာလန်ကို

ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ
ပြိုင်ဘက်ကစားသမား ၃ဦးကို အရူးလုပ်
ကျော်ဖြတ်ကာ သူ့ရဲ့စကေးကို
ထုတ်ပြသွားခဲ့ပြီး ပိုချီးကျူးဖို့ကောင်းတာက
ကိုယ့်ရဲ့ပင်နယ်တီဧရိယာထဲကနေ

စတင်မျက်လှည့်ပြခဲ့တာဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ဂါဗီဟာ ကမ္ဘာ့ဘောလုံးလောကမှာ
စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ်
သတ်မှတ်ခံထားရပြီး ဘာစီလိုနာအသင်းရဲ့
နာမည်ကျော် လာမာစီယာအကယ်ဒမီကနေ

ထွက်ပေါ်လာသူဖြစ်ပါတယ်။
သူဟာ စပိန်အသင်းမှာ လျင်လျင်မြန်မြန်
အထိုင်ကျလာပြီး ပေါ်တူဂီနဲ့ပွဲမှာ
အထူးခြေစွမ်းပြနိုင်ခဲ့သလို ချက်နဲ့ပွဲမှာလည်း
စပိန်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး

ဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဂါဗီဟာ ကြာသပတေးညကလည်း
နောက်ထပ်မှော်ဆန်တဲ့ညတစ်ညကို
ဖန်တီးပြခဲ့ပြီး ပထမပိုင်းမှာ ပြိုင်ဘက်ကစားသမားတွေကို
အရူးလုပ်ခဲ့ပါတယ်။

သူဟာ ကိုယ့်ပင်နယ်တီဧရိယာထဲ
ဘောလုံးရချိန်မှာ အရပ်ပုတဲ့
ဆွစ်ဇာလန်ကွင်းလယ်လူ ရှာကွီရီကို
ခေါင်းပေါ်ကနေ အသာလေးကျော်ချလိုက်ပြီး
ရှာကွီရီလည်း ခေါင်းခုန်တိုက်ပေမယ့်

လေကိုသာ တိုက်မိသွားပါတယ်။
အဲဒီနောက် ဂါဗီဟာ ခေါင်းနဲ့တစ်ချက်ထိန်းကာ
ပြိုင်ဘက်ကစားသမား ၂ဦးကြားထဲကနေ
ဆွဲပြေးကျော်ဖြတ်ဖို့ ကြိုးစားပါတယ်။
အဲဒီမှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာကို

ဘယ်ဘက်ဆွဲပြေးမလို အရူးလုပ်ရင်း
ညာခြေနဲ့ ဆွဲထုတ်ကာ ဘယ်ခြေနဲ့
ပြန်ထိန်းရင်း ကျော်ဖြတ်ရာမှာ ရှာကာလည်း
တန်ပြန်တိုက်စစ်အဆင်ခံရမှာစိုးလို့
ခြေချိတ်ရင်း ပြစ်ဒဏ်ဘော လုပ်လိုက်ရပါတယ်။

ဂါဗီဟာ ကိုယ့်ပင်နယ်တီဧရိယာအတွင်း
အလွယ်တကူရှင်းထုတ်လိုက်လို့ရပေမယ့်
ယုံကြည်မှုပြင်းထန်တဲ့အတွက် တန်ပြန်တိုက်စစ်
ဆင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဇာဗီနဲ့
အင်နီယေစတာတို့ကို ကွင်းထဲမှာ

ပြန်မြင်ယောင်စေတဲ့အထိ တည်ငြိမ်မှုနဲ့
သွေးအေးမှုကို အထင်းသားတွေ့မြင်ခဲ့ရပါတယ်။
”ဂါဗီက အရွယ်နဲ့မလိုက်အောင် ကောင်းလွန်းတယ်ဗျာ”လို့
ပရိသတ်တစ်ဦးက ရေးသားပါတယ်။
ဘာစီလိုနာကလည်း သူ့ရဲ့အလားအလာကို

သိရှိနားလည်ထားလို့ စာချုပ်သစ်ချုပ်ဆိုဖို့
ကြိုးစားနေပြီး ၅နှစ်စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး
ယူရို ၁ဘီလီယံအထိ ထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိအချိန်မှာ ဂါဗီရဲ့စာချုပ်ဖျက်သိမ်းကြေးက
ပေါင် ၄၃သန်းပဲရှိပြီး သတင်းတွေရဲ့ဖော်ပြချက်အရ

၅ နှစ်စာချုပ်သစ်ချုပ်ဆိုတဲ့အခါ တစ်နှစ်လုပ်ခလစာ
ယူရို ၄သန်းအလိုရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးက ဘက်တစ်လူငယ်ကြယ်ပွင့်ဟောင်းကို
ခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေပြီး
သတင်းတွေရဲ့ဖော်ပြချက်အရ သူ့ရဲ့တိုးတက်လာမှုကို

အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Zawgyi

ဆြစ္ဇာလန္ကစားသမား ၃ဦးကို အ႐ူးလုပ္သြားတဲ့ ၁၇ႏွစ္အ႐ြယ္ေကာင္ေလး

စပိန္ၾကယ္ပြင့္ ဂါဗီဟာ ယမန္ေန႔ညက ဆြစ္ဇာလန္ကို
ဝ-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ
ၿပိဳင္ဘက္ကစားသမား ၃ဦးကို အ႐ူးလုပ္
ေက်ာ္ျဖတ္ကာ သူ႔ရဲ႕စေကးကို
ထုတ္ျပသြားခဲ့ၿပီး ပိုခ်ီးက်ဴးဖို႔ေကာင္းတာက

ကိုယ့္ရဲ႕ပင္နယ္တီဧရိယာထဲကေန
စတင္မ်က္လွည့္ျပခဲ့တာျဖစ္ပါတယ္။
အသက္ ၁၇ ႏွစ္အ႐ြယ္ရွိ ဂါဗီဟာ ကမာၻ႔ေဘာလုံးေလာကမွာ
စိတ္လႈပ္ရွားစရာအေကာင္းဆုံးလူငယ္ကစားသမားတစ္ဦးအျဖစ္
သတ္မွတ္ခံထားရၿပီး ဘာစီလိုနာအသင္းရဲ႕

နာမည္ေက်ာ္ လာမာစီယာအကယ္ဒမီကေန
ထြက္ေပၚလာသူျဖစ္ပါတယ္။
သူဟာ စပိန္အသင္းမွာ လ်င္လ်င္ျမန္ျမန္
အထိုင္က်လာၿပီး ေပၚတူဂီနဲ႔ပြဲမွာ
အထူးေျခစြမ္းျပႏိုင္ခဲ့သလို ခ်က္နဲ႔ပြဲမွာလည္း

စပိန္အသင္းသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံး
ဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ ဂါဗီဟာ ၾကာသပေတးညကလည္း
ေနာက္ထပ္ေမွာ္ဆန္တဲ့ညတစ္ညကို
ဖန္တီးျပခဲ့ၿပီး ပထမပိုင္းမွာ ၿပိဳင္ဘက္ကစားသမားေတြကို

အ႐ူးလုပ္ခဲ့ပါတယ္။
သူဟာ ကိုယ့္ပင္နယ္တီဧရိယာထဲ
ေဘာလုံးရခ်ိန္မွာ အရပ္ပုတဲ့
ဆြစ္ဇာလန္ကြင္းလယ္လူ ရွာကြီရီကို
ေခါင္းေပၚကေန အသာေလးေက်ာ္ခ်လိုက္ၿပီး

ရွာကြီရီလည္း ေခါင္းခုန္တိုက္ေပမယ့္
ေလကိုသာ တိုက္မိသြားပါတယ္။
အဲဒီေနာက္ ဂါဗီဟာ ေခါင္းနဲ႔တစ္ခ်က္ထိန္းကာ
ၿပိဳင္ဘက္ကစားသမား ၂ဦးၾကားထဲကေန
ဆြဲေျပးေက်ာ္ျဖတ္ဖို႔ ႀကိဳးစားပါတယ္။

အဲဒီမွာ ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ ရွာကာကို
ဘယ္ဘက္ဆြဲေျပးမလို အ႐ူးလုပ္ရင္း
ညာေျခနဲ႔ ဆြဲထုတ္ကာ ဘယ္ေျခနဲ႔
ျပန္ထိန္းရင္း ေက်ာ္ျဖတ္ရာမွာ ရွာကာလည္း
တန္ျပန္တိုက္စစ္အဆင္ခံရမွာစိုးလို႔

ေျခခ်ိတ္ရင္း ျပစ္ဒဏ္ေဘာ လုပ္လိုက္ရပါတယ္။
ဂါဗီဟာ ကိုယ့္ပင္နယ္တီဧရိယာအတြင္း
အလြယ္တကူရွင္းထုတ္လိုက္လို႔ရေပမယ့္
ယုံၾကည္မႈျပင္းထန္တဲ့အတြက္ တန္ျပန္တိုက္စစ္
ဆင္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ဇာဗီနဲ႔

အင္နီေယစတာတို႔ကို ကြင္းထဲမွာ
ျပန္ျမင္ေယာင္ေစတဲ့အထိ တည္ၿငိမ္မႈနဲ႔
ေသြးေအးမႈကို အထင္းသားေတြ႕ျမင္ခဲ့ရပါတယ္။
”ဂါဗီက အ႐ြယ္နဲ႔မလိုက္ေအာင္ ေကာင္းလြန္းတယ္ဗ်ာ”လို႔
ပရိသတ္တစ္ဦးက ေရးသားပါတယ္။

ဘာစီလိုနာကလည္း သူ႔ရဲ႕အလားအလာကို
သိရွိနားလည္ထားလို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔
ႀကိဳးစားေနၿပီး ၅ႏွစ္စာခ်ဳပ္သစ္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး
ယူ႐ို ၁ဘီလီယံအထိ ထည့္သြင္းဖို႔ ျပင္ဆင္ေနပါတယ္။
လက္ရွိအခ်ိန္မွာ ဂါဗီရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးက

ေပါင္ ၄၃သန္းပဲရွိၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုတဲ့အခါ တစ္ႏွစ္လုပ္ခလစာ
ယူ႐ို ၄သန္းအလိုရွိေနတယ္လို႔ သိရပါတယ္။
လီဗာပူးက ဘက္တစ္လူငယ္ၾကယ္ပြင့္ေဟာင္းကို
ေခၚယူဖို႔ အသည္းအသန္ႀကိဳးစားေနၿပီး

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႔ရဲ႕တိုးတက္လာမႈကို
အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။