ဆဲလ်တာဗီဂိုမှတစ်ပါး အခြားမရှိတဲ့ တနင်္လာည လာလီဂါပစ်မှတ် (ကိုရွှေမောင်း)
ဒီနေ့ညမှာတော့ လာလီဂါ ၁ ပွဲတည်းကစားမှာပါ။
လီဗန်တေး အစွမ်းကုန်ရုန်းကန်နေပေမယ့် ခြေစွမ်းက အားရစရာမရှိသလို
ဒဏ်ရာရကစားသမားတွေလည်း များနေပါတယ်။
ဆဲလ်တာဗီဂိုကိုပဲ ရွေးချယ်ရမှာပါ။
ဆဲလ်တာဗီဂို Vs လီဗန်တေး
အိမ်ကွင်းမှာ လာလီဂါ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ရာက
နောက်ဆုံး ၃ ပွဲမှာ အက်စ်ပန်ညို၊ အိုဆာဆူနာ၊ ဗယ်လီကာနိုတို့ကို
ဆဲလ်တာဗီဂို အနိုင်ကစားထားတယ်။ အဲ့ဒိ ၃ ပွဲစလုံး
တစ်ပွဲအနည်းဆုံး ၂ ဂိုး ဆဲလ်တာသွင်းနိုင်ခဲ့တယ်။
လီဗန်တေးကို အိမ်ကွင်းလက်ခံကစားခဲ့တဲ့ပြိုင်ပွဲစုံ
နောက်ဆုံး ၆ ပွဲက ၅ ပွဲမှာလည်း တစ်ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တယ်။
လီဗန်တေးက အဝေးကွင်းနောက်ဆုံးပွဲမှာ ချန်ပီယံ အက်သလက်တီကို ကို
၀-၁ နဲ့ နိုင်ခဲ့ပေမယ့် အဲ့ဒိပွဲမှာ အက်သလက်တီကိုက အတော်ကို ညံ့လွန်းလို့ပါ။
လီဗန်တေး အစွမ်းကုန်ရုန်းနေပေမယ့် ဒဏ်ရာရကစားသမားများလွန်းနေပြီး
ဒီပွဲမှာ မပါနိုင်တဲ့ ကစားသမား ၆ ဦးလောက်ရှိနေတယ်။
လမ်းမှန်ကမ်းမှန်အရ ဆဲလ်တာဗီဂိုပဲ ရွေးရမှာပါ။
ဆဲလ်တာဗီဂို
zawgyi
ဆဲလ်တာဗီဂို