ဆေးစစ်ချက်ပြပြီး လူသတ်သမားမဟုတ်ဘူးလို့တုံ့ပြန်လိုက်တဲ့ အာဂျင်တီးနားဒီဂျေ

မက်ဆီ ကိုဗစ်ဖြစ်ခဲ့ပြီးနောက်သူ့ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံနေရတဲ့ နာမည်

ကျော်အာဂျင်တီးနား ဒီဂျေက သူဟာလူသတ်သမား
တစ်ဦးမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့

မက်ဆီဟာအသင်းရဲ့ကိုဗစ်ဖြစ်နေသူ ၄ ဦးထဲမှာတစ်ဦး
အပါအဝင်ဖြစ်လို့သီးသန့်နေထိုင်နေရတယ်လို့သူ့ကလပ်ဖြစ်တဲ့ ပီအက်စ်ဂျီ

အသင်းက စနေနေ့မှာအတည်ပြုခဲ့တာပါ။

မက်ဆီနဲ့သူ့မိန်းမ အန်တိုနယ်လာတို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ကသူတို့

လေယာဉ်နဲ့အာဂျင်တီးနားကိုပြန်သွားပြီး ခရစ္စမတ်နဲ့ နယူးရီးယား

ပွဲတွေကိုဆင်နွှဲခဲ့တာပါ။ သူတို့ဟာပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းက သီးသန့်

ပါတီပွဲတစ်ခုကျင်းပကာ သီချင်းတွေသီဆိုပြီး ကခုန်နေကြတာကိုလည်း

မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ အဲဒီပါတီပွဲအတွက် နာမည်ကျော်

ဒီဂျေဖြစ်တဲ့ ပလာစီယိုကိုမက်ဆီကငှားရမ်းခဲ့လို့ သူတို့တွေ့ဆုံခဲ့တာပါ။

ဒါကြောင့်မက်ဆီပရိသတ်တွေက အွန်လိုင်းပေါ်ကနေ ပလာစီယိုကို

ဝေဖန်ခဲ့ကြပြီး သူ့ကြောင့်
မက်ဆီတစ်ယောက် ကိုဗစ်ဖြစ်ခဲ့လို့ လူသတ်သမားတစ်ဦးအဖြစ်

စွပ်စွဲခဲ့ကြပါတယ်။
ဒီလိုလုပ်မှုတွေကြောင့်အသက် ၃၁ နှစ်ရှိတဲ့ ပလာစီယိုက သူဆေး

စစ်မှုမှာ နဂ္ဂတစ်ထွက်တဲ့အဖြေကို ဆိုရှယ်မီဒီယာပေါ်မှာပြသ
ခဲ့ရပြီး သူ့အနေနဲ့လူသတ်သမားတစ်ယောက်လည်းမဟုတ်ဖူးလို့

တုံ့ပြန်ခဲ့ရပါတယ်။

သူ့အင်စတာဂရမ်ပေါ်မှာ ပလာစီယိုက” မက်ဆီကိုဗစ်ဖြစ်တာ

ကျွန်တော့်ဆီကနေကူးတာဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ

အပြင်းအထန်ဝေဖန်နေကြတာကိုတွေ့ပါတယ်။ ကျွန်တော့်ကို

မက်ဆေ့ချ်တွေအများကြီးပို့ကြပြီး လူသတ်သမားအဖြစ်တောင်

စွပ်စွဲခဲ့ကြတာပါ။ ကျွန်တော်က ဥရုဂွေးကိုသွားစရာရှိလို့

မနေ့ကတင်ဆေးစစ်ခဲ့ရာမှာ နဂ္ဂတစ်ဖြစ်ခဲ့ပါတယ်။ ဒါကိုလည်း

အခုပြသထားပါတယ်” လို့ပြောသွားပါတယ်။

သူ့အမည်အပြည့်အစုံက ဖာနန်ဒိုပလာစီယိုဖြစ်ပြီး အင်စတာဂရမ်ပေါ်မှာ

သူ့ကိုစော်ကားတဲ့သူတွေကို အနမ်းချွေခဲ့တဲ့ selfie video ကိုတင်ခဲ့ပြီးနောက်

သူ့ရဲ့ဆေးစစ်ချက်အဖြေကိုလည်းပြသသွားခဲ့ပါတယ်။ လက်ရှိမှာ မက်ဆီဟာ

သူ့ရဲ့မွေးရပ်မြို့ဖြစ်တဲ့ ရိုဆာရီယိုမှာရှိတဲ့အိမ်မှာသီးသန့်ခွဲခြား

နေထိုင်နေရပါတယ်။

Zawgyi

ေဆးစစ္ခ်က္ျပၿပီး လူသတ္သမားမဟုတ္ဘူးလို႔တုံ႔ျပန္လိုက္တဲ့ အာဂ်င္တီးနားဒီေဂ်

မက္ဆီ ကိုဗစ္ျဖစ္ခဲ့ၿပီးေနာက္သူ႔ပရိသတ္ေတြရဲ႕ေဝဖန္မႈကိုခံေနရတဲ့ နာမည္

ေက်ာ္အာဂ်င္တီးနား ဒီေဂ်က သူဟာလူသတ္သမား
တစ္ဦးမဟုတ္ဘူးလို႔ တုံ႔ျပန္လိုက္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့

မက္ဆီဟာအသင္းရဲ႕ကိုဗစ္ျဖစ္ေနသူ ၄ ဦးထဲမွာတစ္ဦး
အပါအဝင္ျဖစ္လို႔သီးသန႔္ေနထိုင္ေနရတယ္လို႔သူ႔ကလပ္ျဖစ္တဲ့ ပီအက္စ္ဂ်ီ

အသင္းက စေနေန႔မွာအတည္ျပဳခဲ့တာပါ။

မက္ဆီနဲ႔သူ႔မိန္းမ အန္တိုနယ္လာတို႔ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ ၂၃ ကသူတို႔

ေလယာဥ္နဲ႔အာဂ်င္တီးနားကိုျပန္သြားၿပီး ခရစၥမတ္နဲ႔ နယူးရီးယား

ပြဲေတြကိုဆင္ႏႊဲခဲ့တာပါ။ သူတို႔ဟာၿပီးခဲ့တဲ့သီတင္းပတ္အေစာပိုင္းက သီးသန႔္

ပါတီပြဲတစ္ခုက်င္းပကာ သီခ်င္းေတြသီဆိုၿပီး ကခုန္ေနၾကတာကိုလည္း

မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ အဲဒီပါတီပြဲအတြက္ နာမည္ေက်ာ္

ဒီေဂ်ျဖစ္တဲ့ ပလာစီယိုကိုမက္ဆီကငွားရမ္းခဲ့လို႔ သူတို႔ေတြ႕ဆုံခဲ့တာပါ။

ဒါေၾကာင့္မက္ဆီပရိသတ္ေတြက အြန္လိုင္းေပၚကေန ပလာစီယိုကို

ေဝဖန္ခဲ့ၾကၿပီး သူ႔ေၾကာင့္
မက္ဆီတစ္ေယာက္ ကိုဗစ္ျဖစ္ခဲ့လို႔ လူသတ္သမားတစ္ဦးအျဖစ္

စြပ္စြဲခဲ့ၾကပါတယ္။
ဒီလိုလုပ္မႈေတြေၾကာင့္အသက္ ၃၁ ႏွစ္ရွိတဲ့ ပလာစီယိုက သူေဆး

စစ္မႈမွာ နဂၢတစ္ထြက္တဲ့အေျဖကို ဆိုရွယ္မီဒီယာေပၚမွာျပသ
ခဲ့ရၿပီး သူ႔အေနနဲ႔လူသတ္သမားတစ္ေယာက္လည္းမဟုတ္ဖူးလို႔

တုံ႔ျပန္ခဲ့ရပါတယ္။

သူ႔အင္စတာဂရမ္ေပၚမွာ ပလာစီယိုက” မက္ဆီကိုဗစ္ျဖစ္တာ

ကြၽန္ေတာ့္ဆီကေနကူးတာဆိုၿပီး ဆိုရွယ္မီဒီယာေပၚမွာ

အျပင္းအထန္ေဝဖန္ေနၾကတာကိုေတြ႕ပါတယ္။ ကြၽန္ေတာ့္ကို

မက္ေဆ့ခ်္ေတြအမ်ားႀကီးပို႔ၾကၿပီး လူသတ္သမားအျဖစ္ေတာင္

စြပ္စြဲခဲ့ၾကတာပါ။ ကြၽန္ေတာ္က ဥ႐ုေဂြးကိုသြားစရာရွိလို႔

မေန႔ကတင္ေဆးစစ္ခဲ့ရာမွာ နဂၢတစ္ျဖစ္ခဲ့ပါတယ္။ ဒါကိုလည္း

အခုျပသထားပါတယ္” လို႔ေျပာသြားပါတယ္။

သူ႔အမည္အျပည့္အစုံက ဖာနန္ဒိုပလာစီယိုျဖစ္ၿပီး အင္စတာဂရမ္ေပၚမွာ

သူ႔ကိုေစာ္ကားတဲ့သူေတြကို အနမ္းေခြၽခဲ့တဲ့ selfie video ကိုတင္ခဲ့ၿပီးေနာက္

သူ႔ရဲ႕ေဆးစစ္ခ်က္အေျဖကိုလည္းျပသသြားခဲ့ပါတယ္။ လက္ရွိမွာ မက္ဆီဟာ

သူ႔ရဲ႕ေမြးရပ္ၿမိဳ႕ျဖစ္တဲ့ ႐ိုဆာရီယိုမွာရွိတဲ့အိမ္မွာသီးသန႔္ခြဲျခား

ေနထိုင္ေနရပါတယ္။