ဆော်ဒီအာရေဗျဆိုတာ အိမ်ဖြည့်အသင်းသက်သက်မဟုတ်ဘူးဆိုပြီး မက်ဆီကို စိန်ခေါ်လိုက်တဲ့ နည်းပြ

ဒီနေ့ညနေ အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ ဆော်ဒီအာရေဗျအသင်းဟာ အာဂျင်တီးနားကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားမှာဖြစ်ပြီး သူတို့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို

အိမ်ဖြည့်အသင်းသက်သက်အနေနဲ့ ရောက်လာတာမဟုတ်ဘူးလို့ လက်ထောက်နည်းပြ လောရင့်ဘိုနာဒီက ရာဇသံ ပေးလိုက်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို

ဝင်ကစားခွင့်ရရုံသက်သက် ဝင်ပြိုင်တာမျိုး မဟုတ်ဘဲ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူဖို့ စိတ်ပိုင်း ဖြတ်ထားပြီး မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကိုလည်း

အနိုင်ရဖို့ ကြိုးစား မှာ ဖြစ်တယ်လို့ ကြွေးကြော်လိုက်တာပါ။ ‘’ကျွန်တော်တို့ ဆက်ပြီးလုပ်ဆောင် သွားမှာဖြစ်ပြီး အကောင်းဆုံးပုံစံ ကစားဖို့လည်း စိတ်ဓာတ်ခွန်အားရနေတယ်။

မယုံမရှိနဲ့နော်။ ပထမဆုံးပွဲစဉ် မတိုင်ခင်ကတည်းက ကျွန်တော်တို့ အရမ်းကို တက်ကြွနေတာ။ ကစားသမားတွေက အဆင်သင့်၊ အရမ်းလည်း တောင့်တင်းနေကြသလို

ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက်လည်း ရည်မှန်း ချက်က အရမ်းကို မြင့်မားတယ်။ ဒီပန်းတိုင်ကို ရောက်လာလို့ ကျွန်တော်တို့ အရမ်း ဂုဏ်ယူနေတာ။ ဘာကြောင့်လဲဆိုတော့

ကျွန်တော်တို့ ၂၀၁၉ မှာ စာ ချုပ်တော့ ကျွန်တော်တို့အသင်းရဲ့ ဦးစားပေး ရည်မှန်းချက်က ခြေစစ်ပွဲ အောင်ဖို့ပါပဲ။ အရှေ့အလယ်ပိုင်း ဒေသမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကျင်းပမယ်

ဆိုကတည်းက ဆော်ဒီအာရေဗျဟာ ဒီပြိုင်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုအ ဖြစ် ရှိနေရမယ်ဆိုတာဟာ တကယ့်ကို အရေးပါတဲ့ ခံယူချက်ပါ။ ဒီအတွက် ကျွန်တော်တို့က ဝင်ပြီး

ကစားပေးရုံလောက်ပဲတော့ မဟုတ်ပါဘူး။ ကျွန်တော် တို့က မက္ကဆီကို၊ အာဂျင်တီးနား၊ တခြားအသင်းတွေနဲ့ ကစားရမှာပါ။ ကျွန် တော်တို့ရဲ့ ရည်မှန်းချက်က နိုင်ပွဲတွေရဖို့ပါ။

ပြိုင်ပွဲကာလအတွင်း ကျွန်တော် အသင်းနဲ့အတူ ရှိနေမယ်ဆိုရင်တော့ အသင်းနဲ့အတူ အတတ်နိုင်ဆုံး အကောင်းဆုံး မျှော်လင့်ပါတယ်’’ လောရင့် ဘိုနာဒီက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေဆာ္ဒီအာေရဗ်ဆိုတာ အိမ္ျဖည့္အသင္းသက္သက္မဟုတ္ဘူးဆိုၿပီး မက္ဆီကို စိန္ေခၚလိုက္တဲ့ နည္းျပ

ဒီေန႔ညေန အေစာပိုင္းမွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္မွာ ေဆာ္ဒီအာေရဗ်အ သင္းဟာ အာဂ်င္တီးနားကို ပခုံးခ်င္းယွဥ္ဖို႔ ႀကိဳးစားမွာျဖစ္ၿပီး သူတို႔အသင္း ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကို

အိမ္ျဖည့္အသင္းသက္သက္အေနနဲ႔ ေရာက္လာ တာမဟုတ္ဘူးလို႔ လက္ေထာက္နည္းျပ ေလာရင့္ဘိုနာဒီက ရာဇသံ ေပး လိုက္ပါတယ္။ သူတို႔ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ကစားခြင့္ရ႐ုံသက္သက္

ဝင္ၿပိဳင္တာမ်ိဳး မဟုတ္ဘဲ ဘယ္လိုၿပိဳင္ဘက္မ်ိဳးကိုမဆို အႏိုင္ယူဖို႔ စိတ္ပိုင္း ျဖတ္ထားၿပီး မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားကိုလည္း အႏိုင္ရဖို႔ ႀကိဳးစား မွာ ျဖစ္တယ္လို႔ ေႂကြးေၾကာ္လိုက္တာပါ။

‘’ကြၽန္ေတာ္တို႔ ဆက္ၿပီးလုပ္ေဆာင္ သြားမွာျဖစ္ၿပီး အေကာင္းဆုံးပုံစံ ကစားဖို႔လည္း စိတ္ဓာတ္ခြန္အားရေန တယ္။ မယုံမရွိနဲ႔ေနာ္။ ပထမဆုံးပြဲစဥ္ မတိုင္ခင္ကတည္းက

ကြၽန္ေတာ္တို႔ အရမ္းကို တက္ႂကြေနတာ။ ကစားသမားေတြက အဆင္သင့္၊ အရမ္းလည္း ေတာင့္တင္းေနၾကသလို ဒီကမာၻ႔ဖလားၿပိဳင္ပြဲႀကီးအတြက္လည္း

ရည္မွန္း ခ်က္က အရမ္းကို ျမင့္မားတယ္။ ဒီပန္းတိုင္ကို ေရာက္လာလို႔ ကြၽန္ေတာ္တို႔ အရမ္း ဂုဏ္ယူေနတာ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ၂၀၁၉ မွာ စာ ခ်ဳပ္ေတာ့

ကြၽန္ေတာ္တို႔အသင္းရဲ႕ ဦးစားေပး ရည္မွန္းခ်က္က ေျခစစ္ပြဲ ေအာင္ဖို႔ပါပဲ။ အေရွ႕အလယ္ပိုင္း ေဒသမွာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို က်င္းပ မယ္ ဆိုကတည္းက

ေဆာ္ဒီအာေရဗ်ဟာ ဒီၿပိဳင္ပြဲရဲ႕ အစိတ္အပိုင္း တစ္ခုအ ျဖစ္ ရွိေနရမယ္ဆိုတာဟာ တကယ့္ကို အေရးပါတဲ့ ခံယူခ်က္ပါ။ ဒီအတြက္ ကြၽန္ေတာ္တို႔က ဝင္ၿပီး ကစားေပး႐ုံေလာက္ပဲေတာ့

မဟုတ္ပါဘူး။ ကြၽန္ေတာ္ တို႔က မကၠဆီကို၊ အာဂ်င္တီးနား၊ တျခားအသင္းေတြနဲ႔ ကစားရမွာပါ။ ကြၽန္ ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က ႏိုင္ပြဲေတြရဖို႔ပါ။ ၿပိဳင္ပြဲကာလအတြင္း

ကြၽန္ေတာ္ အသင္းနဲ႔အတူ ရွိေနမယ္ဆိုရင္ေတာ့ အသင္းနဲ႔အတူ အတတ္ႏိုင္ဆုံး အေကာင္းဆုံး ေမွ်ာ္လင့္ပါတယ္’’ ေလာရင့္ ဘိုနာဒီက ေျပာဆိုသြားခဲ့ပါတယ္။