ဆော်ဒီရဲ့ အပိုင်ချုပ်ကွက်အောက်မှာ အလဲထိုးနဲ့ အရှုံးပေးခဲ့ရတဲ့ အားဂျင်တီးနား

အင်္ဂါနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (C) ရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ပွဲစဉ်မှာတော့ မက်ဆီ ဦးဆောင်တဲ့

အာဂျင်တီးနားဟာ ဆော်ဒီကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး ဆိုးရွားတဲ့ တာထွက်ပွဲစဉ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ပွဲမတိုင်ခင်မှာ လက်ထောက်နည်းပြ လောရင့် ပြောထားတဲ့အတိုင်းပဲ

ဆော်ဒီဟာ အာဂျင်တီးနားကို ခြေရာတိုင်းဖို့အတွက် အားကုန်ရုန်းခဲ့ပါတယ်။ ဒါပေမဲ့ အာရှအဆင့်ပဲရှိတဲ့ ဆော်ဒီဟာ ကမ္ဘာ့အဆင့် ရှိတဲ့ တောင်အမေရိက အခြေစိုက် အသင်းကို လုံး၀

မယှဉ်နိုင်ခဲ့ဘဲ တစ်ဦးချင်းစွမ်းရည်ပိုင်းမှာ လုံးဝကို ခြားနားနေခဲ့တာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့လည်း မာဂုဏ်မြင့်တဲ့ ဆော်ဒီရဲ့ ကစားဟန်ကြောင့် မက်ဆီဦးဆောင်တဲ့ တိုက်စစ်ဟာ

ဆော်ဒီရဲ့ ခံစစ်လောင်းရိပ်မိနေပြီး တိုးမပေါက်ခဲ့ပါဘူး။ ပွဲချိန် ၂ မိနစ်မှာ မက်ဆီရဲ့ အပိုင် ကန်သွင်းတဲ့ အခွင့်အရေးတစ်ကြိမ် ရခဲ့တာကလွဲလို့ အာဂျင်တီးနားတို့ သေ ချာပေါက် ဂိုးသွင်းခွင့်

နည်းပါးခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ်မှာတော့ ပါရီဒက်စ်ကို ဆော်ဒီ ကစားသမားတစ်ယောက် ဧရိယာထဲမှာ ဆွဲလှဲခဲ့တာ ကွင်းလယ်ဒိုင်လူကြီးက မမြင်ခဲ့ပေမဲ့ VAR ခန်းက မော်နီတာကြည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို VAR ဆုံးဖြတ်ချက်ရယူခဲ့ပြီးနောက် ပင်နယ်တီ ပြစ်ဒဏ် သတ်မှတ်ခဲ့လို့ အာဂျင်တီးနားတို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး မက်ဆီက ပွဲချိန် ၁၀ မိနစ်မှာ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တယ်။

အဲဒီနောက် ခံစစ်ကိုပဲ အာရုံစိုက်ပြီး ကစားနေတဲ့ ဆော်ဒီကြောင့် အာဂျင်တီးနားဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမဲ့ အပိုင် ဂိုးသွင်းခွင့်ဖန်တီးနိုင်မှု နည်းပါးခဲ့သလို ဂိုးသွင်းနိုင်တဲ့အခါမှာလည်း

လူကျွံ ဘောတွေသာ ဖြစ်နေခဲ့တာပါ။ ဒုတိယပိုင်းမှာ ကစားအားကို ပိုပြီး မြှင့်လာခဲ့ တဲ့ဆော်ဒီကြောင့် အာဂျင်တီးနား အခက်တွေ့ခဲ့ရပြီး တန်ပြန်တိုက်စစ်က နေတစ်ဆင့် ပွဲချိန် ၄၈ မိနစ်မှာပဲ

အယ်လ်ရှာရီက ဆော်ဒီအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ၅ မိနစ်အကြာမှာလည်း ဆော်ဒီဟာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့်ပဲ ဘောလုံးရသွားပြီး ဒေါဆာရီ

ကန်သွင်းယူခဲ့တာကို ဂိုးသမား မာတီနက်ဇ် ပုတ်ထုတ်ခဲ့ပေမဲ့ လက်နဲ့ထိရုံသာ ရှိခဲ့တာကြောင့် မကာကွယ်နိုင်ခဲ့လို့ ဆော်ဒီတို့ အနိုင်ဂိုးရခဲ့တာပါ။ လက်ကျန်ပွဲချိန်တွေမှာ အာဂျင်တီးနားဟာ

ခေါင်းတိုက်ခွင့်တွေနဲ့ ဂိုးရဖို့ ကြိုး စားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့လို့ အခုလိုမျိုး ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

(Zawgyi)

ေဆာ္ဒီရဲ႕ အပိုင္ခ်ဳပ္ကြက္ေအာက္မွာ အလဲထိုးနဲ႔ အရႈံးေပးခဲ့ရတဲ့ အားဂ်င္တီးနား

အဂၤါေန႔ ညေနပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု (C) ရဲ႕ အဖြင့္ပြဲစဥ္ျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ ေဆာ္ဒီအာေရဗ်တို႔ရဲ႕ ပြဲစဥ္မွာေတာ့ မက္ဆီ ဦးေဆာင္တဲ့ အာဂ်င္တီးနားဟာ

ေဆာ္ဒီကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီး ဆိုး႐ြားတဲ့ တာထြက္ပြဲစဥ္နဲ႔ အဆုံးသတ္ခဲ့ရပါတယ္။ ပြဲမတိုင္ခင္မွာ လက္ေထာက္နည္းျပ ေလာရင့္ ေျပာထားတဲ့အတိုင္းပဲ ေဆာ္ဒီဟာ

အာဂ်င္တီးနားကို ေျခရာတိုင္းဖို႔အတြက္ အားကုန္႐ုန္းခဲ့ပါတယ္။ ဒါေပမဲ့ အာရွအဆင့္ပဲရွိတဲ့ ေဆာ္ဒီဟာ ကမာၻ႔အဆင့္ ရွိတဲ့ ေတာင္အေမရိက အေျခစိုက္ အသင္းကို လုံး၀

မယွဥ္ႏိုင္ခဲ့ဘဲ တစ္ဦးခ်င္းစြမ္းရည္ပိုင္းမွာ လုံးဝကို ျခားနားေနခဲ့တာမ်ိဳးေတာ့ ရွိပါတယ္။ ဒါေပမဲ့လည္း မာဂုဏ္ျမင့္တဲ့ ေဆာ္ဒီရဲ႕ ကစားဟန္ေၾကာင့္ မက္ဆီဦးေဆာင္တဲ့ တိုက္စစ္ဟာ

ေဆာ္ဒီရဲ႕ ခံစစ္ေလာင္းရိပ္မိေနၿပီး တိုးမေပါက္ခဲ့ပါဘူး။ ပြဲခ်ိန္ ၂ မိနစ္မွာ မက္ဆီရဲ႕ အပိုင္ ကန္သြင္းတဲ့ အခြင့္အေရးတစ္ႀကိမ္ ရခဲ့တာကလြဲလို႔ အာဂ်င္တီးနားတို႔ ေသ ခ်ာေပါက္ ဂိုးသြင္းခြင့္ နည္းပါးခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ပါရီဒက္စ္ကုိ ေဆာ္ဒီ ကစားသမားတစ္ေယာက္ ဧရိယာထဲမွာ ဆြဲလွဲခဲ့တာ ကြင္းလယ္ဒိုင္လူႀကီးက မျမင္ခဲ့ေပမဲ့ VAR ခန္းက ေမာ္နီတာၾကည့္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ဒီျဖစ္စဥ္ကို VAR

ဆုံးျဖတ္ခ်က္ရယူခဲ့ၿပီးေနာက္ ပင္နယ္တီ ျပစ္ဒဏ္ သတ္မွတ္ခဲ့လို႔ အာဂ်င္တီးနားတို႔ ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး မက္ဆီက ပြဲခ်ိန္ ၁၀ မိနစ္မွာ ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့တယ္။ အဲဒီေနာက္ ခံစစ္ကိုပဲ အာ႐ုံစိုက္ၿပီး ကစားေနတဲ့

ေဆာ္ဒီေၾကာင့္ အာဂ်င္တီးနားဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရေပမဲ့ အပိုင္ ဂိုးသြင္းခြင့္ဖန္တီးႏိုင္မႈ နည္းပါးခဲ့သလို ဂိုးသြင္းႏိုင္တဲ့အခါမွာလည္း လူကြၽံ ေဘာေတြသာ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာ ကစားအားကို ပိုၿပီး ျမႇင့္လာခဲ့ တဲ့ေဆာ္ဒီေၾကာင့္ အာဂ်င္တီးနား အခက္ေတြ႕ခဲ့ရၿပီး တန္ျပန္တိုက္စစ္က ေနတစ္ဆင့္ ပြဲခ်ိန္ ၄၈ မိနစ္မွာပဲ အယ္လ္ရွာရီက ေဆာ္ဒီအတြက္ ေခ်ပဂိုး

သြင္းယူေပးခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ၅ မိနစ္အၾကာမွာလည္း ေဆာ္ဒီ ဟာ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္ပဲ ေဘာလုံးရသြားၿပီး ေဒါဆာရီ ကန္သြင္းယူခဲ့တာကို ဂိုးသမား မာတီနက္ဇ္ ပုတ္ထုတ္ခဲ့ေပမဲ့ လက္နဲ႔

ထိ႐ုံသာ ရွိခဲ့တာေၾကာင့္ မကာကြယ္ႏိုင္ခဲ့လို႔ ေဆာ္ဒီတို႔ အႏိုင္ဂိုး ရခဲ့တာပါ။ လက္က်န္ပြဲခ်ိန္ေတြမွာ အာဂ်င္တီးနားဟာ ေခါင္းတိုက္ခြင့္ေတြနဲ႔ ဂိုးရဖို႔ ႀကိဳး စားခဲ့ေပမဲ့ အလုပ္မျဖစ္ခဲ့လို႔

အခုလိုမ်ိဳး ရႈံးပြဲ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။