ဆော်ဒီရဲ့အအောင်မြင်ဆုံးကလပ်ကို လက်စားချေလိုတာကြောင့် ရော်နယ်ဒိုကို အယ်လ်နက်ဆာ ခေါ်ယူခဲ့ခြင်းဖြစ်

အယ်လ်နက်ဆာအသင်းဟာ သူတို့ရဲ့ပြိုင်ဘက် အယ်လ်ဟီလာကို

ကျော်ဖြတ်ပြီး ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို

ခေါ်ယူခဲ့တာဖြစ်တယ်။ The Athletic ရဲ့အဆိုအရတော့

ပေါ်တူဂီစူပါစတားကိုခေါ်ယူဖို့ စတင်ကြိုးစားတဲ့အသင်းက

အယ်လ်ဟီလာဖြစ်တယ်လို့ သိရပါတယ်။ ဆော်ဒီရဲ့ အအောင်မြင်ဆုံး

ကလပ်ဖြစ်တဲ့ အယါလ်ဟီလာ ဟာ Pro League ချန်ပီယံဆုကို

၃နှစ်ဆက်တိုက်ဆွတ်ခူးခဲ့သလို ၂၀၂၁ မှာ အာရှချန်ပီယံလိဂ်

ဆုဖလားကိုပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ တကယ်တမ်းမှာ

သူတို့က ရော်နယ်ဒိုကိုရရှိဖို့အခွင့်အလမ်းပိုကောင်းခဲ့ပေမဲ့

ပြည့်စုံတဲ့အနေအထားတစ်ရပ်ကိုမရောက်ခဲ့ပါဘူး။

ငွေကြေးအရတော့ အယ်လ်ဟီလာက ရော်နယ်ဒိုကို

ခေါ်ယူနိုင်စွမ်းအပြည့်ရှိခဲ့ပေမဲ့ ကစားသမားတစ်ယောက်ကြောင့်

အပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရတာပါ။ ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့

မိုဟာမက်ကန်နိုအနေနဲ့ အယ်လ်နက်ဆာကိုပြောင်းရွှေ့ဖို့

သဘောတူခဲ့ပြီးမှ အယ်လ်ဟီလာနဲ့စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့ပါတယ်။

ရလဒ်အနေနဲ့တော့ ကစားသမားအပြောင်းအရွှေ့ပိတ်ပင်

ခံလိုက်ရပြီး သြဂုတ်လအတွင်းမှာအယူခံဝင်ပေမဲ့ ရှုံးနိမ့်ခဲ့တာကြောင့်

ရော်နယ်ဒိုခေါ်ယူရေးပြိုင်ပွဲကထွက်ခွာခဲ့ရတာဖြစ်တယ်။

ဒီလိုအချိန်မှာ အယ်လ်နက်ဆာက ပေါ်တူဂီစူပါစတားကို

အသာလေးကောက်စားခဲ့ပြီး ရော်နယ်ဒိုရောက်လာခြင်းနဲ့အတူ

လူမှုကွန်ယက်ကျော်ကြားမှုကအဆမတန်ဖြစ်လာပါတယ်။

သူတို့ရဲ့အင်စတာဂရမ်မှာ followers ၈၆၀၀၀၀ ကနေ ၁၁သန်း အထိ

တိုးလာခဲ့တာပါ။ အယ်လ်နက်ဆာအသင်းဟာ ရော်နယ်ဒိုကို

တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဆော်ဒီနိုင်ငံ

ခရီးသွားဘုတ်အဖွဲ့နဲ့ Saudi Media Company (SMC) တို့ဟာ

သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးအားကစားသမား

တစ်ယောက်ကိုရဖို့အတွက် ဝန်ဆောင်မှုတွေကိုအာမခံပေးခဲ့ပါတယ်။

zawgyi

ေဆာ္ဒီရဲ႕အေအာင္ျမင္ဆုံးကလပ္ကို လက္စားေခ်လိုတာေၾကာင့္ ေရာ္နယ္ဒိုကို အယ္လ္နက္ဆာ ေခၚယူခဲ့ျခင္းျဖစ္

အယ္လ္နက္ဆာအသင္းဟာ သူတို႔ရဲ႕ၿပိဳင္ဘက္ အယ္လ္ဟီလာကို

ေက်ာ္ျဖတ္ၿပီး ၾကယ္ပြင့္ကစားသမား ေရာ္နယ္ဒိုကို

ေခၚယူခဲ့တာျဖစ္တယ္။ The Athletic ရဲ႕အဆိုအရေတာ့

ေပၚတူဂီစူပါစတားကိုေခၚယူဖို႔ စတင္ႀကိဳးစားတဲ့အသင္းက

အယ္လ္ဟီလာျဖစ္တယ္လို႔ သိရပါတယ္။ ေဆာ္ဒီရဲ႕ အေအာင္ျမင္ဆုံး

ကလပ္ျဖစ္တဲ့ အယါလ္ဟီလာ ဟာ Pro League ခ်န္ပီယံဆုကို

၃ႏွစ္ဆက္တိုက္ဆြတ္ခူးခဲ့သလို ၂၀၂၁ မွာ အာရွခ်န္ပီယံလိဂ္

ဆုဖလားကိုပိုင္ဆိုင္ခဲ့တာျဖစ္တယ္။ တကယ္တမ္းမွာ

သူတို႔က ေရာ္နယ္ဒိုကိုရရွိဖို႔အခြင့္အလမ္းပိုေကာင္းခဲ့ေပမဲ့

ျပည့္စုံတဲ့အေနအထားတစ္ရပ္ကိုမေရာက္ခဲ့ပါဘူး။

ေငြေၾကးအရေတာ့ အယ္လ္ဟီလာက ေရာ္နယ္ဒိုကို

ေခၚယူႏိုင္စြမ္းအျပည့္ရွိခဲ့ေပမဲ့ ကစားသမားတစ္ေယာက္ေၾကာင့္

အေျပာင္းအေ႐ႊ႕ပိတ္ပင္ခံခဲ့ရတာပါ။ ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့

မိုဟာမက္ကန္ႏိုအေနနဲ႔ အယ္လ္နက္ဆာကိုေျပာင္းေ႐ႊ႕ဖို႔

သေဘာတူခဲ့ၿပီးမွ အယ္လ္ဟီလာနဲ႔စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုခဲ့ပါတယ္။

ရလဒ္အေနနဲ႔ေတာ့ ကစားသမားအေျပာင္းအေ႐ႊ႕ပိတ္ပင္

ခံလိုက္ရၿပီး ၾသဂုတ္လအတြင္းမွာအယူခံဝင္ေပမဲ့ ရႈံးနိမ့္ခဲ့တာေၾကာင့္

ေရာ္နယ္ဒိုေခၚယူေရးၿပိဳင္ပြဲကထြက္ခြာခဲ့ရတာျဖစ္တယ္။

ဒီလိုအခ်ိန္မွာ အယ္လ္နက္ဆာက ေပၚတူဂီစူပါစတားကို

အသာေလးေကာက္စားခဲ့ၿပီး ေရာ္နယ္ဒိုေရာက္လာျခင္းနဲ႔အတူ

လူမႈကြန္ယက္ေက်ာ္ၾကားမႈကအဆမတန္ျဖစ္လာပါတယ္။

သူတို႔ရဲ႕အင္စတာဂရမ္မွာ followers ၈၆၀၀၀၀ ကေန ၁၁သန္း အထိ

တိုးလာခဲ့တာပါ။ အယ္လ္နက္ဆာအသင္းဟာ ေရာ္နယ္ဒိုကို

တစ္ႏွစ္လုပ္ခ ေပါင္ ၁၇၃ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး ေဆာ္ဒီႏိုင္ငံ

ခရီးသြားဘုတ္အဖြဲ႕နဲ႔ Saudi Media Company (SMC) တို႔ဟာ

သမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးအားကစားသမား

တစ္ေယာက္ကိုရဖို႔အတြက္ ဝန္ေဆာင္မႈေတြကိုအာမခံေပးခဲ့ပါတယ္။