ဆော်ဒီနဲ့အုပ်စုအဖွင့်ပွဲစဉ်ကို မက်ဆီသေချာပေါက်ကစားနိုင်မယ်လို့ အာဂျင်တီးနားအသင်း အတည်ပြု

မက်ဆီဟာ ပြီးခဲ့တဲ့သောကြာနေ့မှာကြံ့ခိုင်မှုအတွက်တစ်ဦးတည်းလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တဲ့နောက် GOAT ကြီးရဲ့ကြံ့ခိုင်မှုအပေါ်မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကလပ်အတွင်းသတင်းအရင်းအမြစ်တွေအရတော့ အသက် ၃၅နှစ်အရွယ်ကစားသမားဟာ အဖွင့်ပွဲပါဝင်ကစားဖို့အတွက်အံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ သိရပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂ပတ်အတွင်း ပီအက်စ်ဂျီအသင်းအတွက်ကစားပေးခဲ့ရာမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာဖြစ်တယ်။ နည်းပြစကာလိုနီဟာ ကော်ရီရာ၊

နီကိုလက်စ်ဂွန်ဇာလက်ဇ်တို့လို ကြံ့ခိုင်မှုမပြည့်ဝသူတွေကို အိမ်ပြန်ပို့ခဲ့ပြီးဖြစ်တယ်။ မက်ဆီဟာ သောကြာနေ့လေ့ကျင့်ရေးအစီအစဉ်ကို ၁၀မိနစ်နောက်ကျပြီးမှလာရောက်ခဲ့သလို

အသင်းဖော်တွေနဲ့ ပူးတွဲလေ့ကျင့်ရေးမှာမပါဝင်ခဲ့ပေမဲ့ နည်းပြစကာလိုနီကတော့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သတ်လို့ စိတ်ပူပန်ပုံမရပါဘူး။ ဘောလုံးနဲ့လေ့ကျင့်မှုတွေမပြုလုပ်ခဲ့ပေမဲ့ ဆော်ဒီနဲ့အဖွင့်ပွဲမှာ

မက်ဆီကိုသေချာပေါက်မြင်ရမယ်လို့ စပိန်သတင်းစာ MARCA က အာမခံထားပါတယ်။ ဂျာနယ်လစ်ယာရော့ရှ်က “မက်ဆီဟာ ခြေသလုံးကြွက်သားဝန်ပိနေတယ်။

ဆော်ဒီနဲ့အဖွင့်ပွဲမှာပါဝင်နိုင်ဖို့အတွက် ဒီဝန်မပိဖို့ ထိန်းညှိထားတာဖြစ်တယ်။ ဒါကြောင့်သူ့ကို ကွင်းထဲမှာ ပျမ်းမျှ ၁၅ မိနစ်ကို ၄မိနစ်နှုန်းလောက်သာ ကစားစေဖို့ရွေးချယ်ခဲ့တာဖြစ်တယ်” လို့ ရှင်းပြခဲ့ပါတယ်။

(Zawgyi)

ေဆာ္ဒီနဲ႔အုပ္စုအဖြင့္ပြဲစဥ္ကို မက္ဆီေသခ်ာေပါက္ကစားႏိုင္မယ္လို႔ အာဂ်င္တီးနားအသင္း အတည္ျပဳ

မက္ဆီဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔မွာႀကံ့ခိုင္မႈအတြက္တစ္ဦးတည္းေလ့က်င့္ခန္းေတြျပဳလုပ္ခဲ့တဲ့ေနာက္ GOAT ႀကီးရဲ႕ႀကံ့ခိုင္မႈအေပၚေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ကလပ္အတြင္းသတင္းအရင္းအျမစ္ေတြအရေတာ့ အသက္ ၃၅ႏွစ္အ႐ြယ္ကစားသမားဟာ အဖြင့္ပြဲပါဝင္ကစားဖို႔အတြက္အံဝင္ခြင္က်ျဖစ္လိမ့္မယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ၂ပတ္အတြင္း ပီအက္စ္ဂ်ီအသင္းအတြက္ကစားေပးခဲ့ရာမွာ ဒဏ္ရာအနည္းငယ္ရရွိခဲ့တာျဖစ္တယ္။ နည္းျပစကာလိုနီဟာ ေကာ္ရီရာ၊ နီကိုလက္စ္ဂြန္ဇာလက္ဇ္တို႔လို

ႀကံ့ခိုင္မႈမျပည့္ဝသူေတြကို အိမ္ျပန္ပို႔ခဲ့ၿပီးျဖစ္တယ္။ မက္ဆီဟာ ေသာၾကာေန႔ေလ့က်င့္ေရးအစီအစဥ္ကို ၁၀မိနစ္ေနာက္က်ၿပီးမွလာေရာက္ခဲ့သလို အသင္းေဖာ္ေတြနဲ႔

ပူးတြဲေလ့က်င့္ေရးမွာမပါဝင္ခဲ့ေပမဲ့ နည္းျပစကာလိုနီကေတာ့ သူ႔ရဲ႕ႀကံ့ခိုင္မႈနဲ႔ပတ္သတ္လို႔စိတ္ပူပန္ပုံမရပါဘူး။ ေဘာလုံးနဲ႔ေလ့က်င့္မႈေတြမျပဳလုပ္ခဲ့ေပမဲ့ ေဆာ္ဒီနဲ႔

အဖြင့္ပြဲမွာ မက္ဆီကိုေသခ်ာေပါက္ျမင္ရမယ္လို႔ စပိန္သတင္းစာ MARCA က အာမခံထားပါတယ္။ ဂ်ာနယ္လစ္ယာေရာ့ရွ္က “မက္ဆီဟာ ေျခသလုံးႂကြက္သားဝန္ပိေနတယ္။

ေဆာ္ဒီနဲ႔အဖြင့္ပြဲမွာပါဝင္ႏိုင္ဖို႔အတြက္ ဒီဝန္မပိဖို႔ထိန္းညႇိထားတာျဖစ္တယ္။ ဒါေၾကာင့္သူ႔ကို ကြင္းထဲမွာ ပ်မ္းမွ် ၁၅ မိနစ္ကို ၄မိနစ္ႏႈန္းေလာက္သာကစားေစဖို႔ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္” လို႔ ရွင္းျပခဲ့ပါတယ္။