ဆော်ဒီကလပ် အယ်လ်နက်ဆာကို ပြောင်းဖို့အတွက် စီရော်နယ်ဒို သဘောတူလိုက်ပြီလို့ သတင်းထွက်

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျကလပ် အယ်လ်နက်ဆာ အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ Daily Mail သတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။

အသက် ၃၇ နှစ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ အသင်းဟောင်း မန်ယူနဲ့အတူ နှစ်ဦးသဘောတူ လမ်း ခွဲပြီးတဲ့နောက်မှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး ဆော်ဒီကလပ်ကို ၂ နှစ်ခွဲ

သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ စပိန်အခြေစိုက် Marca သတင်းစာက ရေးသားဖော်ပြပါတယ်။ ဒီစာချုပ်သာ အမှန်တကယ် အထမြောက်ခဲ့မယ်ဆိုရင်တော့ စီရော်နယ်ဒိုဟာ

အသက် ၄၀ အရွယ်အထိ ဘောလုံး ကစားနေရဦးမှာ ဖြစ်ပါတယ်။ ရီးရဲလ်နဲ့ ဂျူဗင်တပ်တိုက်စစ် မှူးဟောင်းအတွက် စာချုပ်လက်မှတ်ရေးထိုးဖို့အတွက် လက်ရှိမှာ အလောတကြီးနဲ့ အတင်းအကျပ်

တောင်းဆိုထားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ စာချုပ်လက်မှတ် ရေး ထိုးဖို့ မျှော်လင့်ရပြီး အဲဒီလို လက်မှတ်ရေးထိုးဖို့အတွက်ကို သဘောတူညီ

ထားပြီး ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပေါ်တူဂီအသင်းခေါင်း ဆောင်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ချန်ပီယံလိဂ်

ကစားချင်တဲ့ စိတ်မျိုး ရှိနေတာ ကြောင့် ဥရောပအသင်းကြီးတွေနဲ့ ချိတ်ဆက်ခဲ့ပေမဲ့ နာပိုလီ တစ်သင်း တည်းကသာ လက်ခံဆွေးနွေးခဲ့တာမျိုး ရှိပြီး နောက်ဆုံးမှာလည်း အပြောင်း အရွှေ့ မဖြစ်မြောက်ခဲ့လို့

အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေခဲ့တာပါ။ အခုလ အတွင်းက ထွက်ပေါ်ခဲ့တဲ့ ပီးယာ့စ်မော်ဂန်နဲ့ ပေါက်ကွဲအားကောင်းလွန်းတဲ့ အင်တာဗျူးအစီအစဉ်မှာ မန်ယူနဲ့ အသင်းပိုင်ရှင်တွေကို ဝေဖန်ဖန်ထားတဲ့

စကားတွေကြောင့် နောက်ဆုံးမှာ နှစ်ဦးသဘောတူ လမ်းခွဲတဲ့အဆင့်အထိ ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စီရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားနေပြီး

သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အောင်မြင်မှုရဖို့ အပြည့်အ၀ အာရုံစိုက် ထားပါတယ်။

(Zawgyi)

ေဆာ္ဒီကလပ္ အယ္လ္နက္ဆာကို ေျပာင္းဖို႔အတြက္ စီေရာ္နယ္ဒို သေဘာတူလိုက္ၿပီလို႔ သတင္းထြက္

မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ေဆာ္ဒီအာေရဗ်ကလပ္ အယ္လ္နက္ဆာ အသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သေဘာတူညီမႈ ရခဲ့ၿပီလို႔ Daily Mail သတင္းစာက ေရးသား ေဖာ္ျပလိုက္ပါတယ္။

အသက္ ၃၇ ႏွစ္ ရွိေနၿပီ ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ အသင္းေဟာင္း မန္ယူနဲ႔အတူ ႏွစ္ဦးသေဘာတူ လမ္း ခြဲၿပီးတဲ့ေနာက္မွာေတာ့ အသင္းလက္မဲ့ျဖစ္ေနၿပီး ေဆာ္ဒီကလပ္ကို ၂ ႏွစ္ခြဲ သက္တမ္းရွိတဲ့

စာခ်ဳပ္တစ္ရပ္နဲ႔ ေျပာင္းေ႐ႊ႕မွာ ျဖစ္တယ္လို႔ စပိန္အေျခစိုက္ Marca သတင္းစာက ေရးသား ေဖာ္ျပပါတယ္။ ဒီစာခ်ဳပ္သာ အမွန္တကယ္ အထေျမာက္ခဲ့မယ္ဆိုရင္ေတာ့ စီေရာ္နယ္ဒိုဟာ အသက္ ၄၀ အ႐ြယ္အထိ

ေဘာလုံး ကစားေနရဦးမွာ ျဖစ္ပါတယ္။ ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္ တိုက္စစ္ မႉးေဟာင္းအတြက္ စာခ်ဳပ္လက္မွတ္ေရးထိုးဖို႔အတြက္ လက္ရွိမွာ အေလာတႀကီးနဲ႔ အတင္းအက်ပ္ ေတာင္းဆိုထားတာမ်ိဳး မရွိဘူးလို႔လည္း

သိရပါတယ္။ ဒါေပမဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာေတာ့ စာခ်ဳပ္လက္မွတ္ ေရး ထိုးဖို႔ ေမွ်ာ္လင့္ရၿပီး အဲဒီလို လက္မွတ္ေရးထိုးဖို႔အတြက္ကို သေဘာတူညီ ထားၿပီး ျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

ေပၚတူဂီအသင္းေခါင္း ေဆာင္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက အသင္းေျပာင္းဖို႔ ဆုံးျဖတ္ထားတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ခ်န္ပီယံလိဂ္ ကစားခ်င္တဲ့ စိတ္မ်ိဳး ရွိေနတာ ေၾကာင့္

ဥေရာပအသင္းႀကီးေတြနဲ႔ ခ်ိတ္ဆက္ခဲ့ေပမဲ့ နာပိုလီ တစ္သင္း တည္းကသာ လက္ခံေဆြးေႏြးခဲ့တာမ်ိဳး ရွိၿပီး ေနာက္ဆုံးမွာလည္း အေျပာင္း အေ႐ႊ႕ မျဖစ္ေျမာက္ခဲ့လို႔ အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ရွိေနခဲ့တာပါ။

အခုလ အတြင္းက ထြက္ေပၚခဲ့တဲ့ ပီးယာ့စ္ေမာ္ဂန္နဲ႔ ေပါက္ကြဲအားေကာင္းလြန္းတဲ့ အင္တာဗ်ဴးအစီအစဥ္မွာ မန္ယူနဲ႔ အသင္းပိုင္ရွင္ေတြကို ေဝဖန္ဖန္ထားတဲ့ စကားေတြေၾကာင့္ ေနာက္ဆုံးမွာ ႏွစ္ဦးသေဘာတူ

လမ္းခြဲတဲ့အဆင့္အထိ ကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စီေရာ္နယ္ဒိုဟာ ေပၚတူဂီ အသင္းနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲကို ကစားေနၿပီး သူ႔ရဲ႕ ကစားသမားဘ၀ ေနာက္ဆုံး ကမာၻ႔

ဖလားၿပိဳင္ပြဲအတြက္ ေအာင္ျမင္မႈရဖို႔ အျပည့္အ၀ အာ႐ုံစိုက္ ထားပါတယ္။