ဆောက်သမ်တန် Hard Disk ထဲမှာ နေရာလွတ်တွေ အများကြီး ရှိနေသေးတယ်

စိန့်မေရီမှာ ခြင်္သေ့ပြာကို ကျုံးသွင်းပြီး အောင်ပွဲခံပြခဲ့တဲ့ သူတော်စင်တွေဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်တွေအပြီးမှာတော့ ချဲလ်ဆီးရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ဒီရာသီ သွင်းဂိုးအများဆုံး ကစား သမားဖြစ်တဲ့ စတာလင်းရဲ့ ဦးဆောင်ဂိုးနဲ့အတူ လန်ဒန်ကလပ်ဟာ အိမ်ရှင် အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ရဖို့အတွက် လုံလောက်တဲ့အင်အား မျိုးရှိခဲ့တာက ဆောက်သမ်တန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲချိန် ၂၈ မိနစ်မှာ ချေပဂိုး၊

ပထမပိုင်းပြီးခါနီးမှာ အနိုင်ဂိုးတွေပြန်သွင်းပြီး ပြိုင်ဘက်အတွက် စတမ်းဖို့ဒ်ဘရစ်ချ် အိမ်အပြန်ခရီးကို အမှတ်ဗလာ ဖြစ်စေခဲ့ပါတယ်။ ဆောက် သမ်တန်ဆိုတာက လူငယ်ကစားသမားတွေကို နေရာပေးလေ့ရှိတဲ့အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့် ပြိုင်ပွဲအတွက်

သွေးသစ်လောင်း ပြီး အားထုတ်တတ်တဲ့အသင်းမျိုးပါ။ အဲဒီလိုမျိုး လူငယ်တွေကို နေရာပေးခဲ့တဲ့ အချက်ကလည်း အခုလမျိုး ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ ချဲလ်ဆီး ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာခဲ့တာဖြစ်ပါ တယ်။ ဒါကြောင့် လူငယ်တွေကို

နေရာပေးတဲ့အကြောင်းနဲ့ပတ်သက်လို့ ချဲလ် ဆီးနဲ့ပွဲမှာ ချေပဂိုးသွင်းယူခဲ့တဲ့ လာဗီယာကို ဥပမာပေးပြီး ဆောက်သမ်တန် နည်းပြ ဟာဆန်ဟတ်က အခုလို ပြောသွားခဲ့ပါတယ်။ ‘’ဒါက ဒီကိုရောက်လာ ပြီး ခြေစွမ်းပြတဲ့ နောက်ဆုံးတစ်ယောက်မဟုတ်ပါဘူး။ ဒီလိုမျိုးပဲ ရှိတယ်လို့ ပထမဆုံး

နေ့ကတည်းက ကျွန်တော် ပြောခဲ့တာရှိပါတယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်တဲ့အသင်းတစ်သင်းရှိခဲ့တယ်ဆိုတာလေ။ ဒါပေမဲ့ Hard Disk ထဲမှာ နေရာလွတ်တွေ အများကြီး ရှိနေတာကြောင့် သူတို့ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ အလုပ်ကြိုးစားရတာကို သူတို့ပျော်ကြတယ်။

အများကြီး ပြေး လွှားရတာကို သူတို့နှစ်သက်ကြတယ်။ အချိန်ကျလာတော့ ဂိုးတွေသွင်းရတာ ကိုလည်း သူတို့ ပျော်ကြတာပေါ့’’ လို့ ဟာဆန်ဟတ်က ချဲလ်ဆီးနဲ့ ပွဲစဉ်အပြီး မှာ ဘီဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးကို အနိုင်ယူခဲ့ပြီးတဲ့ နောက် အခုလို ပြောဆိုလိုက်တာဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး တွေအတွက် တပ်လှန့်သံလားဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်း လာနေပြီဖြစ်ပါတယ်။

(zawgyi)

စိန႔္ေမရီမွာ ျခေသၤ့ျပာကို က်ဳံးသြင္းၿပီး ေအာင္ပြဲခံျပခဲ့တဲ့ သူေတာ္စင္ေတြဟာ အဂၤါေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္ေတြအၿပီးမွာေတာ့ ခ်ဲလ္ဆီးရဲ႕ အထက္မွာ ရပ္တည္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၇ ေနရာကို ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ဒီရာသီ သြင္းဂိုးအမ်ားဆုံး ကစား သမားျဖစ္တဲ့ စတာလင္းရဲ႕ ဦးေဆာင္ဂိုးနဲ႔အတူ လန္ဒန္ကလပ္ဟာ အိမ္ရွင္ အသင္းကို ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အႏိုင္ရဖို႔အတြက္ လုံေလာက္တဲ့အင္အား မ်ိဳးရွိခဲ့တာက ေဆာက္သမ္တန္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပြဲခ်ိန္ ၂၈ မိနစ္မွာ ေခ်ပဂိုး၊

ပထမပိုင္းၿပီးခါနီးမွာ အႏိုင္ဂိုးေတြျပန္သြင္းၿပီး ၿပိဳင္ဘက္အတြက္ စတမ္းဖို႔ဒ္ဘရစ္ခ်္ အိမ္အျပန္ခရီးကို အမွတ္ဗလာ ျဖစ္ေစခဲ့ပါတယ္။ ေဆာက္ သမ္တန္ဆိုတာက လူငယ္ကစားသမားေတြကို ေနရာေပးေလ့ရွိတဲ့အသင္း ျဖစ္ၿပီး ပရီးမီးယားလိဂ္လို ထိပ္တန္းအဆင့္ ၿပိဳင္ပြဲအတြက္

ေသြးသစ္ေလာင္း ၿပီး အားထုတ္တတ္တဲ့အသင္းမ်ိဳးပါ။ အဲဒီလိုမ်ိဳး လူငယ္ေတြကို ေနရာေပးခဲ့တဲ့ အခ်က္ကလည္း အခုလမ်ိဳး ပရီးမီးယားလိဂ္ ထိပ္သီးအသင္းျဖစ္တဲ့ ခ်ဲလ္ဆီး ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အဓိက အခန္းက႑ကေန ပါဝင္လာခဲ့တာျဖစ္ပါ တယ္။ ဒါေၾကာင့္ လူငယ္ေတြကို

ေနရာေပးတဲ့အေၾကာင္းနဲ႔ပတ္သက္လို႔ ခ်ဲလ္ ဆီးနဲ႔ပြဲမွာ ေခ်ပဂိုးသြင္းယူခဲ့တဲ့ လာဗီယာကို ဥပမာေပးၿပီး ေဆာက္သမ္တန္ နည္းျပ ဟာဆန္ဟတ္က အခုလို ေျပာသြားခဲ့ပါတယ္။ ‘’ဒါက ဒီကိုေရာက္လာ ၿပီး ေျခစြမ္းျပတဲ့ ေနာက္ဆုံးတစ္ေယာက္မဟုတ္ပါဘူး။

ဒီလိုမ်ိဳးပဲ ရွိတယ္လို႔ ပထမဆုံးေန႔ကတည္းက ကြၽန္ေတာ္ ေျပာခဲ့တာရွိပါတယ္။ ကြၽန္ေတာ္တို႔မွာ ငယ္႐ြယ္တဲ့အသင္းတစ္သင္းရွိခဲ့တယ္ဆိုတာေလ။ ဒါေပမဲ့ Hard Disk ထဲမွာ ေနရာလြတ္ေတြ အမ်ားႀကီး ရွိေနတာေၾကာင့္ သူတို႔

ေလ့လာသင္ယူႏိုင္မွာ ျဖစ္ပါတယ္။ အလုပ္ႀကိဳးစားရတာကို သူတို႔ေပ်ာ္ၾကတယ္။ အမ်ားႀကီး ေျပး လႊားရတာကို သူတို႔ႏွစ္သက္ၾကတယ္။ အခ်ိန္က်လာေတာ့ ဂိုးေတြသြင္းရတာ ကိုလည္း သူတို႔ ေပ်ာ္ၾကတာေပါ့’’ လို႔ ဟာဆန္ဟတ္က ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္အၿပီး မွာ

ဘီဘီစီသတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးကို အႏိုင္ယူခဲ့ၿပီးတဲ့ ေနာက္ အခုလို ေျပာဆိုလိုက္တာဟာ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းႀကီး ေတြအတြက္ တပ္လွန႔္သံလားဆိုတာကေတာ့ ေစာင့္ၾကည့္ခ်င္စရာ ေကာင္း လာေနၿပီျဖစ္ပါတယ္။