ဆောက်သမ်တန်ရဲ့ လူကျွံထောင်ချောက် ၆ ဦးအထိမိပြီး လူကျွံနေခဲ့လို့ အလှောင်ခံနေရတဲ့ မန်ယူ

မန်ယူအသင်းဟာ ဆောက်သမ်တန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲပြီးကာနီးမှာ

ဂိုးသွင်းဖို့ကြိုးစားရင်း ဆောက်သမ် တန်ရဲ့ လူကျွံထောင်ချောက်မိပြီး

၆ ဦးအထိ လူကျွံနေခဲ့လို့ သူတို့ရဲ့ပရိသတ်တွေကိုယ်တိုင်က

အွန်လိုင်းပေါ်မှာလှောင်ပြောင် နေကြတယ်လို့ သိရပါတယ်။

စိတ်ပျက်ဖွယ်ရာကောင်းခဲ့တဲ့ အဲဒီပွဲမှာ မန်ယူက ဆန်ချိုရဲ့ ၂၁ မိနစ်မှာ

သွင်းတဲ့ဂိုးနဲ့ ဦးဆောင် ခဲ့ပေမယ့်လည်း ၄၈ မိနစ်မှာ

ဆောက်သမ်တန်က ချာလီအဒမ်က ချေပနိုင်ခဲ့တာပါ။

မန်ယူဟာ ဒုတိယပိုင်းတစ်ခုလုံးနီးပါး

အနိုင်ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် သိပ်အရာမထင်ခဲ့ပါဘူး။

ပွဲပြီးကာနီးမှာ စီရော်နယ်ဒိုက ခေါင်းတိုက်သွင်းနိုင်ခဲ့ပေမယ့်

မန်ယူ ကစားသမားတွေ အစုလိုက်အပြုံလိုက်လူကျွံနေလို့

ဂိုးမရခဲ့တဲ့အပြင် ရှက်စရာပါကောင်းခဲ့တဲ့အဖြစ်နဲ့ကြုံတွေ့သွားခဲ့ရပါ တယ်။

ဖြစ်စဥ်က မန်ယူအသင်းဖရီးကစ်ရချိန်မှာ ဒါကိုစီရော်နယ်ဒိုက

အကောင်းဆုံးအသုံးချပြီး ခေါင်းတိုက်သွင်းခဲ့တာပါ။

ဒါပေမယ့် ဒီဂိုးဟာ ဘာကိုမှတိုင်ပင်စရာမလိုဘဲ

လူကျွံခဲ့တာအသိသာကြီးဖြစ်နေလို့ စည်းကျပ်ဒိုင်က ချက်ခြင်းဆိုသလိုဘဲ

အလံထောင်ခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။

အနှေးပြကွက်တွေမှာလည်း စီရော်နယ်ဒိုအပါအဝင်

မန်ယူကစားသမား ၆ ဦးအထိ လူကျွံနေခဲ့တာကိုတွေ့ခဲ့ရတာပါ။

ဒါကြောင့်လည်း ဒီလိုဖြစ်ခဲ့မှုဟာ ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့သွားပြီး

လှောင်ပြောင်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက” ဒါကဘယ်လိုဖြစ်ရတာတုန်း?

အာရုံခံစားမှုက ဇီးရိုးဘဲ” လို့ရေးခဲ့ပါတယ်။

နောက်ထပ်တစ် ယောက်ကလည်း” သူတို့ခေါင်းထဲမှာဦးနှောက်ရော

ရှိသေးရဲ့လား” လို့ဆိုခဲ့ပါတယ်။

နောက်ထပ်ပို့စ်မှာလည်း” ဂိုးရဖို့ကြိုးစား ရမယ့်အချိန်မှာ

လူကျွံဂိုးအတွက်ဒိုင်လူကြီးနဲ့ မိနစ်အနည်းငယ်ငြင်းခုံရင်းအချိန်ဖြုံးပြီး

ဘောလုံး IQ ကိုပြသခဲ့တဲ့ငါတို့အ သင်း”လို့ ရေးခဲ့ပါတယ်။

မန်ယူအတွက်ပိုပြီးဆိုးတာက နည်းပြရန်းနစ်ခ်ဟာ

သူ့အသင်း set piece တွေမှာအားနည်းမှု ကြောင့်

set piece စပါယ်ရှယ်လစ်နည်းပြတစ်ဦးဖြစ်တဲ့ အဲရစ်ရမ်းဆေး ကို

ခန့်အပ်ခဲ့တာကြောင့် သူ့အပေါ်လည်း လှောင် ပြောင်မှုတွေရှိနေပါတယ်။

တစ်ဦးကဆိုရင်” ငါတို့ရဲ့ set piece နည်းပြကြီးက

ရွှေနဲ့စက်ပြီး ချိန်ရလောက်အောင်ကို တန်ဖိုး ရှိလှပါလား” လို့ပို့စ်တင်ခဲ့ပြီး

နောက်တစ်ဦးကလည်း “အဲရစ်ရမ်းဆေး ကြောင့်

ငါတို့မန်ယူရဲ့ set piece တွေတိုးတက်လာပြီ” လို့ဆိုခဲ့ပါတယ်။

မန်ယူဟာ ဒီရာသီမှာset piece တွေကနေတစ်ဆင့်

တစ်ဂိုးသာရရှိသေးကြောင်းလည်း သိရပါတယ်။

zawgyi

ေဆာက္သမ္တန္ရဲ႕ လူကြၽံေထာင္ေခ်ာက္ ၆ ဦးအထိမိၿပီး လူကြၽံေနခဲ့လို႔ အေလွာင္ခံေနရတဲ့ မန္ယူ

မန္ယူအသင္းဟာ ေဆာက္သမ္တန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲၿပီးကာနီးမွာ

ဂိုးသြင္းဖို႔ႀကိဳးစားရင္း ေဆာက္သမ္ တန္ရဲ႕ လူကြၽံေထာင္ေခ်ာက္မိၿပီး

၆ ဦးအထိ လူကြၽံေနခဲ့လို႔ သူတို႔ရဲ႕ပရိသတ္ေတြကိုယ္တိုင္က

အြန္လိုင္းေပၚမွာေလွာင္ေျပာင္ ေနၾကတယ္လို႔ သိရပါတယ္။

စိတ္ပ်က္ဖြယ္ရာေကာင္းခဲ့တဲ့ အဲဒီပြဲမွာ မန္ယူက ဆန္ခ်ိဳရဲ႕ ၂၁ မိနစ္မွာ

သြင္းတဲ့ဂိုးနဲ႔ ဦးေဆာင္ ခဲ့ေပမယ့္လည္း ၄၈ မိနစ္မွာ

ေဆာက္သမ္တန္က ခ်ာလီအဒမ္က ေခ်ပႏိုင္ခဲ့တာပါ။

မန္ယူဟာ ဒုတိယပိုင္းတစ္ခုလုံးနီးပါး

အႏိုင္ဂိုးရဖို႔ႀကိဳးစားခဲ့ေပမယ့္ သိပ္အရာမထင္ခဲ့ပါဘူး။

ပြဲၿပီးကာနီးမွာ စီေရာ္နယ္ဒိုက ေခါင္းတိုက္သြင္းႏိုင္ခဲ့ေပမယ့္

မန္ယူ ကစားသမားေတြ အစုလိုက္အၿပဳံလိုက္လူကြၽံေနလို႔

ဂိုးမရခဲ့တဲ့အျပင္ ရွက္စရာပါေကာင္းခဲ့တဲ့အျဖစ္နဲ႔ႀကဳံေတြ႕သြားခဲ့ရပါ တယ္။

ျဖစ္စဥ္က မန္ယူအသင္းဖရီးကစ္ရခ်ိန္မွာ ဒါကိုစီေရာ္နယ္ဒိုက

အေကာင္းဆုံးအသုံးခ်ၿပီး ေခါင္းတိုက္သြင္းခဲ့တာပါ။

ဒါေပမယ့္ ဒီဂိုးဟာ ဘာကိုမွတိုင္ပင္စရာမလိုဘဲ

လူကြၽံခဲ့တာအသိသာႀကီးျဖစ္ေနလို႔ စည္းက်ပ္ဒိုင္က ခ်က္ျခင္းဆိုသလိုဘဲ

အလံေထာင္ခဲ့တာေၾကာင့္ ဂိုးမရခဲ့ပါဘူး။

အေႏွးျပကြက္ေတြမွာလည္း စီေရာ္နယ္ဒိုအပါအဝင္

မန္ယူကစားသမား ၆ ဦးအထိ လူကြၽံေနခဲ့တာကိုေတြ႕ခဲ့ရတာပါ။

ဒါေၾကာင့္လည္း ဒီလိုျဖစ္ခဲ့မႈဟာ ဆိုရွယ္မီဒီယာေပၚမွာပ်ံ႕ႏွံ႔သြားၿပီး

ေလွာင္ေျပာင္မႈေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက” ဒါကဘယ္လိုျဖစ္ရတာတုန္း?

အာ႐ုံခံစားမႈက ဇီး႐ိုးဘဲ” လို႔ေရးခဲ့ပါတယ္။

ေနာက္ထပ္တစ္ ေယာက္ကလည္း” သူတို႔ေခါင္းထဲမွာဦးေႏွာက္ေရာ

ရွိေသးရဲ႕လား” လို႔ဆိုခဲ့ပါတယ္။

ေနာက္ထပ္ပို႔စ္မွာလည္း” ဂိုးရဖို႔ႀကိဳးစား ရမယ့္အခ်ိန္မွာ

လူကြၽံဂိုးအတြက္ဒိုင္လူႀကီးနဲ႔ မိနစ္အနည္းငယ္ျငင္းခုံရင္းအခ်ိန္ၿဖဳံးၿပီး

ေဘာလုံး IQ ကိုျပသခဲ့တဲ့ငါတို႔အ သင္း”လို႔ ေရးခဲ့ပါတယ္။

မန္ယူအတြက္ပိုၿပီးဆိုးတာက နည္းျပရန္းနစ္ခ္ဟာ

သူ႔အသင္း set piece ေတြမွာအားနည္းမႈ ေၾကာင့္

set piece စပါယ္ရွယ္လစ္နည္းျပတစ္ဦးျဖစ္တဲ့ အဲရစ္ရမ္းေဆး ကို

ခန႔္အပ္ခဲ့တာေၾကာင့္ သူ႔အေပၚလည္း ေလွာင္ ေျပာင္မႈေတြရွိေနပါတယ္။

တစ္ဦးကဆိုရင္” ငါတို႔ရဲ႕ set piece နည္းျပႀကီးက

ေ႐ႊနဲ႔စက္ၿပီး ခ်ိန္ရေလာက္ေအာင္ကို တန္ဖိုး ရွိလွပါလား” လို႔ပို႔စ္တင္ခဲ့ၿပီး

ေနာက္တစ္ဦးကလည္း “အဲရစ္ရမ္းေဆး ေၾကာင့္

ငါတို႔မန္ယူရဲ႕ set piece ေတြတိုးတက္လာၿပီ” လို႔ဆိုခဲ့ပါတယ္။

မန္ယူဟာ ဒီရာသီမွာset piece ေတြကေနတစ္ဆင့္

တစ္ဂိုးသာရရွိေသးေၾကာင္းလည္း သိရပါတယ္။