
ဇယားအောက်ဆုံးက ဆောက်သမ်တန်ကိုရှုံးခဲ့ပြီးနောက် အံ့အားသင့်ဖွယ်ရာ





ပွဲပြီးအင်တာဗျူးဖြေဆိုခဲ့တဲ့ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကို ရာထူးကနေ
ထုတ်ပယ်ဖို့ အဘွန်လဟော်ကတောင်းဆိုသွားခဲ့ပါတယ်။ ကွင်းလယ်လူ ဝက်စ်ပရောက်ရဲ့





တစ်လုံးတည်းသော စူပါဖရီးကစ်ဂိုးက ချဲလ်ဆီးကိုအနိုင်ရဖို့လုံလောက်ခဲ့တာဖြစ်တယ်။
တနည်းအားဖြင့်တော့ ဂရေဟမ်ပေါ်တာဟာ ပွဲထွက်အခင်းအကျင်းမှာ
တိုက်စစ်ပိုင်းအပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် လုံးဝအလုပ်မဖြစ်ခဲ့သလို





ဒုတိယပိုင်းမှာလည်းလူစားလဲမှုတွေပရမ်းပတာလုပ်ပြီး စနစ်မရှိဘဲ
ကြုံတိုးကစားသွားခဲ့တာကြောင့် ချေပဂိုးတောင်ပြန်မရခဲ့ပါဘူး။





ရလဒ်အနေနဲ့တော့ ချဲလ်ဆီးဟာ အဆင့် ၁၀ နေရာရောက်သွားပြီး ထိပ်ဆုံး ၄ သင်းဝင်နဲ့
၁၀ မှတ်အထိကွာဟသွားခဲ့ပြီဖြစ်တယ်။ ပွဲအပြီးမှာတော့ နည်းပြဂရေဟမ်ပေါ်တာက
“အဲဒါက ဘာကြောင့်လဲဆိုတာ မင်းတို့ကြည့်ရမယ်။ ချန်ပီယံလိဂ်ကြောင့်





အပြောင်းအလဲအချို့လုပ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကြောင့်
ဒဏ်ရာကပြန်လာတဲ့ကောင်လေးတွေကို အပြောင်းအလဲအချို့လုပ်ခဲ့ရတယ်။





ဒီလိုအပြောင်းအလဲတွေလုပ်တဲ့အခါမှာ ကောင်းကောင်းပြင်ဆင်ထားတဲ့အသင်းနဲ့
ရင်ဆိုင်ရခက်ခဲနိုင်ပါတယ်” လို့ ဆင်ခြေပေးခဲ့တာပါ။ ဒါနဲ့ပက်သတ်လို့
talkSPORT အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်နေတဲ့ ဗီလာတိုက်စစ်မှူးဟောင်း





အဘွန်လဟော်က “အဲ့ဒီပွဲပြီးအင်တာဗျူးအတွက် သူ့ကိုထုတ်ပယ်သင့်ပါတယ်။
မင်း ဘာအကြောင်းတွေပြောနေတာလဲ။ သူတို့မှာ နည်းပြမရှိဘူး၊ မင်းတို့က





နိုင်ပွဲတွေပြန်မရနိုင်တဲ့ ဝရုန်းသုန်းပုံစံနဲ့ကစားနေတဲ့အသင်းပါ။ မင်းက မူဒရစ်ကို
အရန်ခုံကခေါ်ထုတ်ပြီးတော့ ဂျာအိုဖိလစ်နဲ့စတင်ဖို့လိုအပ်တယ်လို့ ညည်းညူပြနေတာလား။
မင်း ငါ့ကိုလာနောက်နေတာလား။ သနားစရာ ဂရေဟမ်…သနားစရာပဲ…ဝိုး…





ငါထင်ပါတယ်…ဒီနေရာမှာ အင်္ဂလိပ်တွေကဘက်လိုက်မှုရှိတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
zawgyi





ေဆာက္သမ္တန္ကိုရႈူံးတာဟာ ခ်န္ပီယံလိဂ္နဲ႔ ဒဏ္ရာေၾကာင့္လို႔ဆင္ေျခမ်ားေနတယ္တဲ့ ဂေရဟမ္ေပၚတာကို ထုတ္ပယ္ဖို႔ အဘြန္လေဟာ္ ေတာင္းဆို
ဇယားေအာက္ဆုံးက ေဆာက္သမ္တန္ကိုရႈံးခဲ့ၿပီးေနာက္ အံ့အားသင့္ဖြယ္ရာ
ပြဲၿပီးအင္တာဗ်ဴးေျဖဆိုခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာကို ရာထူးကေန





ထုတ္ပယ္ဖို႔ အဘြန္လေဟာ္ကေတာင္းဆိုသြားခဲ့ပါတယ္။ ကြင္းလယ္လူ ဝက္စ္ပေရာက္ရဲ႕
တစ္လုံးတည္းေသာ စူပါဖရီးကစ္ဂိုးက ခ်ဲလ္ဆီးကိုအႏိုင္ရဖို႔လုံေလာက္ခဲ့တာျဖစ္တယ္။





တနည္းအားျဖင့္ေတာ့ ဂေရဟမ္ေပၚတာဟာ ပြဲထြက္အခင္းအက်င္းမွာ
တိုက္စစ္ပိုင္းအေျပာင္းအလဲေတြလုပ္ခဲ့ေပမယ့္ လုံးဝအလုပ္မျဖစ္ခဲ့သလို
ဒုတိယပိုင္းမွာလည္းလူစားလဲမႈေတြပရမ္းပတာလုပ္ၿပီး စနစ္မရွိဘဲ





ႀကဳံတိုးကစားသြားခဲ့တာေၾကာင့္ ေခ်ပဂိုးေတာင္ျပန္မရခဲ့ပါဘူး။
ရလဒ္အေနနဲ႔ေတာ့ ခ်ဲလ္ဆီးဟာ အဆင့္ ၁၀ ေနရာေရာက္သြားၿပီး ထိပ္ဆုံး ၄ သင္းဝင္နဲ႔





၁၀ မွတ္အထိကြာဟသြားခဲ့ၿပီျဖစ္တယ္။ ပြဲအၿပီးမွာေတာ့ နည္းျပဂေရဟမ္ေပၚတာက
“အဲဒါက ဘာေၾကာင့္လဲဆိုတာ မင္းတို႔ၾကည့္ရမယ္။ ခ်န္ပီယံလိဂ္ေၾကာင့္
အေျပာင္းအလဲအခ်ိဳ႕လုပ္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔ရဲ႕လက္ရွိအေျခအေနေၾကာင့္





ဒဏ္ရာကျပန္လာတဲ့ေကာင္ေလးေတြကို အေျပာင္းအလဲအခ်ိဳ႕လုပ္ခဲ့ရတယ္။
ဒီလိုအေျပာင္းအလဲေတြလုပ္တဲ့အခါမွာ ေကာင္းေကာင္းျပင္ဆင္ထားတဲ့အသင္းနဲ႔





ရင္ဆိုင္ရခက္ခဲႏိုင္ပါတယ္” လို႔ ဆင္ေျခေပးခဲ့တာပါ။ ဒါနဲ႔ပက္သတ္လို႔
talkSPORT အစီအစဥ္တင္ဆက္သူအျဖစ္ေဆာင္႐ြက္ေနတဲ့ ဗီလာတိုက္စစ္မႉးေဟာင္း
အဘြန္လေဟာ္က “အဲ့ဒီပြဲၿပီးအင္တာဗ်ဴးအတြက္ သူ႔ကိုထုတ္ပယ္သင့္ပါတယ္။





မင္း ဘာအေၾကာင္းေတြေျပာေနတာလဲ။ သူတို႔မွာ နည္းျပမရွိဘူး၊ မင္းတို႔က
ႏိုင္ပြဲေတြျပန္မရႏိုင္တဲ့ ဝ႐ုန္းသုန္းပုံစံနဲ႔ကစားေနတဲ့အသင္းပါ။ မင္းက မူဒရစ္ကို





အရန္ခုံကေခၚထုတ္ၿပီးေတာ့ ဂ်ာအိုဖိလစ္နဲ႔စတင္ဖို႔လိုအပ္တယ္လို႔ ညည္းညဴျပေနတာလား။
မင္း ငါ့ကိုလာေနာက္ေနတာလား။ သနားစရာ ဂေရဟမ္…သနားစရာပဲ…ဝိုး…
ငါထင္ပါတယ္…ဒီေနရာမွာ အဂၤလိပ္ေတြကဘက္လိုက္မႈရွိတယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။




