
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
သူတို့အသင်းခြေစစ်ပွဲအောင်မြင်သွားရင် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့
ဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဆောက်ဂိတ်ဟာ လာမယ့် ၂၀၂၂
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနဲ့စာချုပ်သက်တမ်း
ကုန်ဆုံးမှာဖြစ်ပြီး ကလပ်အသင်းတစ်သင်းကို ပြန်လည်ကိုင်တွယ်ဖို့ရှိတယ်ဆိုတဲ့
ခန့်မှန်းသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က
ဆောက်ဂိတ်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့
မသေမချာဖြစ်ခဲ့တာကြောင့် FA တာဝန်ရှိသူတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့်
အခုအချိန်မှာတော့ ဆောက်ဂိတ်က စာချုပ်သစ်ကိစ္စကို လာမယ့်ရက်သတ္တပတ်တွေ
အတွင်း ဆွေးနွေးသွားမယ်လို့ အာမခံခဲ့တာပါ။ အင်္ဂလန်အသင်းဟာ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၇)ပွဲကစားပြီးချိန်မှာ (၁၉)မှတ်နဲ့အုပ်စုကို
ဦးဆောင်နေပေမယ့်ခြေစစ်ပွဲအောင်ဖို့ ရာနှုန်းပြည့်မသေချာသေးဘဲ
လက်ကျန်ပွဲတွေမှာ အဆုံးအဖြတ်ခံယူရဦးမှာဖြစ်ပါတယ်။
ဆောက်ဂိတ်က “စာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်လို့
ဆွေးနွေးမှုက အဆင်ပြေသလို မာ့ခ်ဘယ်လင်ဂမ်(FA အမှုဆောင်ချုပ်)ကလည်း
ကျွန်တော့်ကို ရာနှုန်းပြည့်ထောက်ခံနေတာဖြစ်ပါတယ်။ ဒါပေမဲ့
ဒီကိစ္စကို သင့်တော်တဲ့အချိန်ရောက်မှသာ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ပြီး
အခုလောလောဆယ်မှာ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ကိုပဲ
အဓိကဦးစားပေးဆောင်ရွက်သွားဖို့ဆန္ဒရှိပါတယ်။
အဲဒီပြီးမှ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ဆွေးနွေးစရာရှိတာတွေကို
ဆက်လက်ဆောင်ရွက်သွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ
ဒီညမှာ ဟန်ဂေရီအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဝင်ဘလေကွင်းမှာ
ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ခြေစစ်ပွဲအောင်ဖို့မသေချာသေးပေမယ့်
အခြေအနေကောင်းတစ်ခုပိုင်ဆိုင်နိုင်မှာဖြစ်သလို လာမယ့်နိုဝင်ဘာလအတွင်း
အယ်လ်ဘေးနီးယားနဲ့ကစားမယ့်ပွဲအပြီးမှသာ ခြေစစ်ပွဲအောင်ဖို့အတွက်
အဖြေထွက်လာမှာပဲဖြစ်ပါတယ်။
zawgyi
ေဆာက္ဂိတ္က ေျခစစ္ပြဲေအာင္ျမင္သြားရင္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈျပဳလုပ္သြားမွာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကား
အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ
သူတို႔အသင္းေျခစစ္ပြဲေအာင္ျမင္သြားရင္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔
ေဆြးေႏြးမႈျပဳလုပ္သြားမွာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားလိုက္ပါတယ္။
အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေဆာက္ဂိတ္ဟာ လာမယ့္ ၂၀၂၂
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အဂၤလန္အသင္းနဲ႔စာခ်ဳပ္သက္တမ္း
ကုန္ဆုံးမွာျဖစ္ၿပီး ကလပ္အသင္းတစ္သင္းကို ျပန္လည္ကိုင္တြယ္ဖို႔ရွိတယ္ဆိုတဲ့
ခန႔္မွန္းသတင္းေတြထြက္ေပၚခဲ့ေပမယ့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)က
ေဆာက္ဂိတ္ကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ႀကိဳးစားေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လေတြတုန္းက ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔
မေသမခ်ာျဖစ္ခဲ့တာေၾကာင့္ FA တာဝန္ရွိသူေတြအတြက္ စိုးရိမ္စရာျဖစ္ခဲ့ေပမယ့္
အခုအခ်ိန္မွာေတာ့ ေဆာက္ဂိတ္က စာခ်ဳပ္သစ္ကိစၥကို လာမယ့္ရက္သတၱပတ္ေတြ
အတြင္း ေဆြးေႏြးသြားမယ္လို႔ အာမခံခဲ့တာပါ။ အဂၤလန္အသင္းဟာ
၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ (၇)ပြဲကစားၿပီးခ်ိန္မွာ (၁၉)မွတ္နဲ႔အုပ္စုကို
ဦးေဆာင္ေနေပမယ့္ေျခစစ္ပြဲေအာင္ဖို႔ ရာႏႈန္းျပည့္မေသခ်ာေသးဘဲ
လက္က်န္ပြဲေတြမွာ အဆုံးအျဖတ္ခံယူရဦးမွာျဖစ္ပါတယ္။
ေဆာက္ဂိတ္က “စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥနဲ႔ပတ္သက္လို႔
ေဆြးေႏြးမႈက အဆင္ေျပသလို မာ့ခ္ဘယ္လင္ဂမ္(FA အမႈေဆာင္ခ်ဳပ္)ကလည္
း ကြၽန္ေတာ့္ကို ရာႏႈန္းျပည့္ေထာက္ခံေနတာျဖစ္ပါတယ္။ ဒါေပမဲ့
ဒီကိစၥကို သင့္ေတာ္တဲ့အခ်ိန္ေရာက္မွသာ ဆုံးျဖတ္ခ်က္ခ်မွတ္သြားမွာျဖစ္ၿပီး
အခုေလာေလာဆယ္မွာ အဂၤလန္အသင္း ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔ကိုပဲ
အဓိကဦးစားေပးေဆာင္႐ြက္သြားဖို႔ဆႏၵရွိပါတယ္။
အဲဒီၿပီးမွ လာမယ့္ရက္သတၱပတ္ေတြအတြင္းမွာ ေဆြးေႏြးစရာရွိတာေတြကို
ဆက္လက္ေဆာင္႐ြက္သြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ အဂၤလန္အသင္းဟာ
ဒီညမွာ ဟန္ေဂရီအသင္းနဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဝင္ဘေလကြင္းမွာ
ဆက္လက္ရင္ဆိုင္ရမွာျဖစ္ၿပီး အႏိုင္ရခဲ့ရင္ ေျခစစ္ပြဲေအာင္ဖို႔မေသခ်ာေသးေပမယ့္
အေျခအေနေကာင္းတစ္ခုပိုင္ဆိုင္ႏိုင္မွာျဖစ္သလို လာမယ့္ႏိုဝင္ဘာလအတြင္း
အယ္လ္ေဘးနီးယားနဲ႔ကစားမယ့္ပြဲအၿပီးမွသာ ေျခစစ္ပြဲေအာင္ဖို႔အတြက္
အေျဖထြက္လာမွာပဲျဖစ္ပါတယ္။