ဆောက်ဂိတ်ကို ဝေဖန်နေတာဟာ 6-ာက်ပိုလုပ်တာပဲဆိုတဲ့ အက်ရှ်လေယန်း

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ရေပန်းစားနေပြီး ချန်ပီယံဆု ရဖို့လည်း အခွင့်အရေးရှိနေတဲ့ အင်္ဂလန်ကို ဝေဖန်ပုတ်ခတ် ပြောဆိုနေတာ တွေဟာ 6-ာက်ပိုတွေ လုပ်နေတာဖြစ်ပြီး ခြင်္သေ့သုံးကောင်

နည်းပြနဲ့ နောက် ခံလူ မက်ဂွိုင်းယားတို့ဟာ လေးစားမှုနဲ့ ထိုက်တန်တဲ့သူမျိုးတွေ ဖြစ်တယ်လို့ ဗီလာ အစွန်နောက်ခံလူ အက်ရှ်လေယန်းက ပြောပါတယ်။ လက်ရှိ နည်းပြ ဆောက်ဂိတ်အပါအဝင်

အင်္ဂလန်အသင်းသားတွေဟာ နိုင်ငံရဲ့ ဂုဏ်ကို ဆောင်ကျဉ်းနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာဖြစ်တဲ့အတွက် လေးစားမှု ရှိဖို့လိုပြီး အထူးသဖြင့် အင်္ဂလန်ပရိသတ်တွေဟာ အသင်းနဲ့ တစ် သားတည်း

ရှိနေရမှာဖြစ်တယ်လို့ ယန်းက ဆိုပါတယ်။ ‘’ဒီ အင်္ဂလန်အသင်း ဆီကနေပြီး ထူးခြားတဲ့ အောင်မြင်မှုတွေ လာနေတာမျိုး ရှိနေပါတယ်။ တစ် နိုင်ငံလုံးက သူတို့ရဲ့ နောက်မှာ ရှိနေရမှာပါ။

ကစားသမားတိုင်းရဲ့ နောက်မှာ တစ်သားတည်း ရှိနေရမှာပါ။ သူတို့ကို ထောက်ပြမနေပါနဲ့။ သူတို့နဲ့အတူ တစ်သားတည်း ရှိနေရမှာဖြစ်ပြီး ပြိုင်ပွဲကြီးကို အောင်မြင်မှု ရယူသွားရမှာပါ။

နည်းပြဆောက်ဂိတ် တာဝန်ယူတဲ့အချိန်ကစပြီး သူဟာ မတူကွဲပြားတာတွေ ကို လုပ်ပြနေပါတယ်။ ဒီကစားသမားတွေကလည်း အဆင်သင့်ဆိုတဲ့ အနေအထားထက်ကို

ပိုပြီးတော့ မာမာချာချာ ဖြစ်နေရမယ်။ ယူရိုမှာ လုပ်ပြခဲ့တဲ့ အသင်းရဲ့ ပုံစံအရ ဒီပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ အသင်း အောင်မြင်မရမယ့် အခွင့်အရေးမျိုး ရှိနေတယ်လို့

ကျွန်တော် မှတ်ချက်ပေးချင်ပါတယ်။ ဆောက် ဂိတ်အပေါ်မှာ ဝေဖန်နေကြတာတွေက လုံးဝကို အဓိပ္ပာယ်မရှိတာတွေပါပဲ။ အဲဒါတွေက 6-ာက်ပိုတွေပါဗျာ။ ဘာကြောင့်လဲဆိုတော့

နေးရှင်းလိဂ်ဖိုင်နယ် ကို အင်္ဂလန်အသင်း မရောက်တာနဲ့ပဲ လူတွေက ဝေဖန်ဖို့ လုပ်နေကြတာဖြစ် ပါတယ်။ ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်တဲ့အခါ အောင်မြင်မှု ရလိုကြတာပါပဲ။ ဒါပေမဲ့

ဆောက်ဂိတ်ဟာ အသင်းကို အင်္ဂလန်ရှိနေရမယ့် ပုံစံမျိုးဖြစ်လာအောင် အလုံးစုံ ပြောင်းလဲပစ်ခဲ့သူပါ’’ လို့ မန်ယူ ကစားသမားဟောင်းက ပြောဆိုခဲ့ ပါတယ်။ မန်ယူ နောက်ခံလူ

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အင်္ဂလန်အသင်းအတွက် ကိုယ်စားပြု ပါဝင်ကစားပေးခဲ့ပေမဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုသာ ခံခဲ့ရတာကြောင့် ဒါတွေဟာ

မဖြစ်သင့်မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးတွေပဲလို့ ယန်းက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေဆာက္ဂိတ္ကို ေဝဖန္ေနတာဟာ 6-ာက္ပိုလုပ္တာပဲဆိုတဲ့ အက္ရွ္ေလယန္း

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔အတြက္ ေရပန္းစားေနၿပီး ခ်န္ပီယံဆု ရဖို႔လည္း အခြင့္အေရးရွိေနတဲ့ အဂၤလန္ကို ေဝဖန္ပုတ္ခတ္ ေျပာဆိုေနတာ

ေတြဟာ 6-ာက္ပိုေတြ လုပ္ေနတာျဖစ္ၿပီး ျခေသၤ့သုံးေကာင္ နည္းျပနဲ႔ ေနာက္ ခံလူ မက္ဂြိဳင္းယားတို႔ဟာ ေလးစားမႈနဲ႔ ထိုက္တန္တဲ့သူမ်ိဳးေတြ ျဖစ္တယ္လို႔ ဗီလာ

အစြန္ေနာက္ခံလူ အက္ရွ္ေလယန္းက ေျပာပါတယ္။ လက္ရွိ နည္းျပ ေဆာက္ဂိတ္အပါအဝင္ အဂၤလန္အသင္းသားေတြဟာ ႏိုင္ငံရဲ႕ ဂုဏ္ကို ေဆာင္က်ဥ္းႏိုင္ဖို႔အတြက္ အစြမ္းကုန္

ႀကိဳးစားေနတာျဖစ္တဲ့အတြက္ ေလးစားမႈ ရွိဖို႔လိုၿပီး အထူးသျဖင့္ အဂၤလန္ပရိသတ္ေတြဟာ အသင္းနဲ႔ တစ္ သားတည္း ရွိေနရမွာျဖစ္တယ္လို႔ ယန္းက ဆိုပါတယ္။

‘’ဒီ အဂၤလန္အသင္း ဆီကေနၿပီး ထူးျခားတဲ့ ေအာင္ျမင္မႈေတြ လာေနတာမ်ိဳး ရွိေနပါတယ္။ တစ္ ႏိုင္ငံလုံးက သူတို႔ရဲ႕ ေနာက္မွာ ရွိေနရမွာပါ။ ကစားသမားတိုင္းရဲ႕

ေနာက္မွာ တစ္သားတည္း ရွိေနရမွာပါ။ သူတို႔ကို ေထာက္ျပမေနပါနဲ႔။ သူတို႔နဲ႔အတူ တစ္သားတည္း ရွိေနရမွာျဖစ္ၿပီး ၿပိဳင္ပြဲႀကီးကို ေအာင္ျမင္မႈ ရယူသြားရမွာပါ။

နည္းျပေဆာက္ဂိတ္ တာဝန္ယူတဲ့အခ်ိန္ကစၿပီး သူဟာ မတူကြဲျပားတာေတြ ကို လုပ္ျပေနပါတယ္။ ဒီကစားသမားေတြကလည္း အဆင္သင့္ဆိုတဲ့ အေန အထားထက္ကို

ပိုၿပီးေတာ့ မာမာခ်ာခ်ာ ျဖစ္ေနရမယ္။ ယူ႐ိုမွာ လုပ္ျပခဲ့တဲ့ အသင္းရဲ႕ ပုံစံအရ ဒီၿပိဳင္ပြဲႀကီးမွာ ကြၽန္ေတာ္တို႔ အသင္း ေအာင္ျမင္မရမယ့္ အခြင့္အေရးမ်ိဳး ရွိေနတယ္လို႔

ကြၽန္ေတာ္ မွတ္ခ်က္ေပးခ်င္ပါတယ္။ ေဆာက္ ဂိတ္အေပၚမွာ ေဝဖန္ေနၾကတာေတြက လုံးဝကို အဓိပၸာယ္မရွိတာေတြပါပဲ။ အဲဒါေတြက 6-ာက္ပိုေတြပါဗ်ာ။

ဘာေၾကာင့္လဲဆိုေတာ့ ေနးရွင္းလိဂ္ဖိုင္နယ္ ကို အဂၤလန္အသင္း မေရာက္တာနဲ႔ပဲ လူေတြက ေဝဖန္ဖို႔ လုပ္ေနၾကတာျဖစ္ ပါတယ္။ ၿပိဳင္ပြဲတစ္ခု ယွဥ္ၿပိဳင္တဲ့အခါ

ေအာင္ျမင္မႈ ရလိုၾကတာပါပဲ။ ဒါေပမဲ့ ေဆာက္ဂိတ္ဟာ အသင္းကို အဂၤလန္ရွိေနရမယ့္ ပုံစံမ်ိဳးျဖစ္လာေအာင္ အလုံးစုံ ေျပာင္းလဲပစ္ခဲ့သူပါ’’ လို႔ မန္ယူ ကစားသမားေဟာင္းက ေျပာဆိုခဲ့ ပါတယ္။

မန္ယူ ေနာက္ခံလူ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ အဂၤလန္အသင္းအတြက္ ကိုယ္စားျပဳ ပါဝင္ကစားေပးခဲ့ေပမဲ့ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈကိုသာ

ခံခဲ့ရတာေၾကာင့္ ဒါေတြဟာ မျဖစ္သင့္မျဖစ္ထိုက္တဲ့ လုပ္ရပ္မ်ိဳးေတြပဲလို႔ ယန္းက ေျပာဆိုသြားခဲ့ပါတယ္။