ဆေက်သမ်တန်ခံစစ်တစ်ခုလုံးကို အလဲလဲအပြိုပြိုဖြစ်စေခဲ့တဲ့ ဂျီရူးရဲ့သွင်းဂိုး

၂၀၁၈ ဧပြီလအတွင်း ကစားခဲ့တဲ့ အက်ဖ်အေဖလား

ဆီမီးဖိုင်နယ်ပွဲမှာ ဆောက်သမ်တန်ဘက်ကို
သွင်းယူခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူး(ထိုစဉ်က) ဂျီရူးရဲ့
သွင်းဂိုးက ဘယ်လောက်ကြာကြာ မမေ့နိုင်တဲ့
သွင်းဂိုးမျိုးဖြစ်ပြီး ဆောက်သမ်တန်ခံစစ်တစ်ခုလုံးကို
အလဲလဲအပြိုပြိုနဲ့ အတုံးအရုံးဖြစ်စေခဲ့ပါတယ်။

ရိုးရိုးသားသားပြောရရင် အင်္ဂလိပ်ဘောလုံးလောကမှာ
ဂျီရူး ဖြတ်သန်းခဲ့တဲ့ ၉နှစ်တာကာလအတွင်း
သူ့ကို ကျွန်တော်တို့တွေ အပြည့်အဝ
အသိအမှတ်ပြုခဲ့တာမျိုးမရှိဘူးလု့ိ ဆိုရပါမယ်။
၂၀၁၈ နွေရာသီမှာ အာဆင်နယ်ကနေ

ချဲလ်ဆီးကို ပြောင်းရွှေ့လာတော့ ဂျီရူးရဲ့အသက်က
၃၀ ကျော်နေပြီဖြစ်ပြီး အများစုက သူ့ရဲ့
အပြောင်းအရွှေ့အပေါ် သံသယဝင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဂျီရူးဟာ အဲဒီလိုသံသယဝင်သူတွေ
မှားယွင်းကြောင်း သက်သေပြသနိုင်ခဲ့ပြီး

ချဲလ်ဆီးကစားသမားဘ၀ သူ့ရဲ့အကောင်းဆုံးဖြစ်ရပ်ကလည်း
ပွဲဦးထွက်ရာသီအဖြစ် ဧပြီလအတွင်း ဝင်ဘလေမှာ
ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲဖြစ်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့အဲဒီပွဲမှာ
ပထမပိုင်းအပြီး ဂိုးမရှိသရေကျနေခဲ့ပေမယ့်

ဒုတိယပိုင်းပြန်အစ ၁ မိနစ်အကြာမှာပဲ ဂျီရူးရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပင်နယ်တီဧရိယာအစပ်နားမှာ ဟာဇက် ခင်းပေးတာကို
ဂျီရူးက နေရာပေါင်းစုံကနေ တားဆီးဖို့ ကြိုးစားလာတဲ့
ဆောက်သမ်တန်နောက်ခံလူတွေကို အလဲလဲအပြိုပြိုဖြစ်စေခဲ့ပါတယ်။
လီမီနာက ဂျီရူးကို အနောက်ကနေ လျှောထိုးဖျက်ထုတ်တာ

ချော်သွားသလို ဂျီရူးက သူ့ဆီ ခြေစုံပစ်ဝင်လာတဲ့ ယိုရှီဒါကို
အသာလေးတစ်ချက် ခေါက်ရင်း ပြိုင်ဘက်ကို မြက်ခင်းပေါ် လဲကျစေခဲ့ပြန်ပါတယ်။
ဒီအချိန်မှာ ဆီဒရစ်လည်း ဟန်ချက်ပျက်နေပြီး
နောက်ခံလူ ဘက်နာရက်ခ်၊ ဂိုးသမား
ဖရေဆာဖော်စတာတို့နဲ့အတူ မြက်ခင်းပေါ် လဲကျသွာပါတယ်။

ဂျီရူးကလည်း ဘောလုံးကိုရအောင်ထိန်းရင်း
ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ဂျီရူးဟာ ကစားသမားဘဝတစ်လျှောက် နောက်ပြန်ကန်ချက်တွေ၊
စကော်ပီယံကန်ချက်တွေနဲ့အတူ နာမည်ကျော်တာမှန်ပေမယ့်
ဒီဂိုးကတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်

အကောင်းဆုံးဂိုးဖြစ်မှာ သေချာပါတယ်။
ချဲလ်ဆီးဟာ အဲဒီပွဲမှာ ဆေက်သမ်တန်ကို
၂-၀ ဂိုးနဲ့အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲ
တက်လှမ်းနိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ယူနိုက်တက်ကို
၁-၀ ဂိုးနဲ့အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ဂျီရူးလည်း ချန်ပီယံလိဂ်ဖလားရယူနိုင်ပြီးနောက် ၂၀၂၁မှာ
အေစီမီလန်ကို ပြောင်းရွှေ့သွားပြီး စီးရီးအေ ၂၁ပွဲမှာ
၈ဂိုးသွင်းယူထားသလို အသင်းကလည်း
အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Zawgyi

ေဆက္သမ္တန္ခံစစ္တစ္ခုလုံးကို အလဲလဲအၿပိဳၿပိဳျဖစ္ေစခ့ဲတဲ့ ဂ်ီရူးရဲ႕သြင္းဂိုး
၂၀၁၈ ဧၿပီလအတြင္း ကစားခဲ့တဲ့ အက္ဖ္ေအဖလား
ဆီမီးဖုိင္နယ္ပြဲမွာ ေဆာက္သမ္တန္ဘက္ကို

သြင္းယူခဲ့တဲ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး(ထိုစဥ္က) ဂ်ီရူးရဲ႕
သြင္းဂိုးက ဘယ္ေလာက္ၾကာၾကာ မေမ့ႏိုင္တဲ့
သြင္းဂိုးမ်ိဳးျဖစ္ၿပီး ေဆာက္သမ္တန္ခံစစ္တစ္ခုလုံးကို
အလဲလဲအၿပိဳၿပိဳနဲ႔ အတုံးအရုံးျဖစ္ေစခဲ့ပါတယ္။
ရိုးရိုးသားသားေျပာရရင္ အဂၤလိပ္ေဘာလုံးေလာကမွာ

ဂ်ီရူး ျဖတ္သန္းခဲ့တဲ့ ၉ႏွစ္တာကာလအတြင္း
သူ႕ကို ကၽြန္ေတာ္တုိ႔ေတြ အျပည့္အ၀
အသိအမွတ္ျပဳခဲ့တာမ်ိဳးမရွိဘူးလု႔ိ ဆုိရပါမယ္။
၂၀၁၈ ေႏြရာသီမွာ အာဆင္နယ္ကေန
ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာေတာ့ ဂ်ီရူးရဲ႕အသက္က

၃၀ ေက်ာ္ေနၿပီျဖစ္ၿပီး အမ်ားစုက သူ႕ရဲ႕
အေျပာင္းအေရႊ႕အေပၚ သံသယ၀င္ခဲ့ၾကပါတယ္။
ဒါေပမဲ့ ဂ်ီရူးဟာ အဲဒီလုိသံသယ၀င္သူေတြ
မွားယြင္းေၾကာင္း သက္ေသျပသႏုိင္ခဲ့ၿပီး
ခ်ဲလ္ဆီးကစားသမားဘ၀ သူ႕ရဲ႕အေကာင္းဆုံးျဖစ္ရပ္ကလည္း

ပြဲဦးထြက္ရာသီအျဖစ္ ဧၿပီလအတြင္း ၀င္ဘေလမွာ
ကစားခဲ့တဲ့ အက္ဖ္ေအဖလားဆီမီးဖုိင္နယ္ပြဲျဖစ္ခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ ေဆာက္သမ္တန္နဲ႔ကစားခဲ့တဲ့အဲဒီပြဲမွာ
ပထမပိုင္းအၿပီး ဂိုးမရွိသေရက်ေနခဲ့ေပမယ့္
ဒုတိယပိုင္းျပန္အစ ၁ မိနစ္အၾကာမွာပဲ ဂ်ီရူးရဲ႕ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပင္နယ္တီဧရိယာအစပ္နားမွာ ဟာဇက္ ခင္းေပးတာကို
ဂ်ီရူးက ေနရာေပါင္းစံုကေန တားဆီးဖုိ႔ ႀကိဳးစားလာတဲ့
ေဆာက္သမ္တန္ေနာက္ခံလူေတြကို အလဲလဲအၿပိဳၿပိဳျဖစ္ေစခဲ့ပါတယ္။
လီမီနာက ဂ်ီရူးကို အေနာက္ကေန ေလွ်ာထိုးဖ်က္ထုတ္တာ
ေခ်ာ္သြားသလုိ ဂ်ီရူးက သူ႕ဆီ ေျခစုံပစ္၀င္လာတဲ့ ယိုရွီဒါကို

အသာေလးတစ္ခ်က္ ေခါက္ရင္း ၿပိဳင္ဘက္ကို ျမက္ခင္းေပၚ လဲက်ေစခဲ့ျပန္ပါတယ္။
ဒီအခ်ိန္မွာ ဆီဒရစ္လည္း ဟန္ခ်က္ပ်က္ေနၿပီး
ေနာက္ခံလူ ဘက္နာရက္ခ္၊ ဂိုးသမား
ဖေရဆာေဖာ္စတာတို႔နဲ႔အတူ ျမက္ခင္းေပၚ လဲက်သြာပါတယ္။
ဂ်ီရူးကလည္း ေဘာလုံးကိုရေအာင္ထိန္းရင္း

ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။
ဂ်ီရူးဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ေနာက္ျပန္ကန္ခ်က္ေတြ၊
စေကာ္ပီယံကန္ခ်က္ေတြနဲ႔အတူ နာမည္ေက်ာ္တာမွန္ေပမယ့္
ဒီဂိုးကေတာ့ သူ႕ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္
အေကာင္းဆုံးဂိုးျဖစ္မွာ ေသခ်ာပါတယ္။

ခ်ဲလ္ဆီးဟာ အဲဒီပြဲမွာ ေဆက္သမ္တန္ကို
၂-၀ ဂိုးနဲ႔အႏိုင္ယူၿပီး အက္ဖ္ေအဖလား ဗိုလ္လုပြဲ
တက္လွမ္းႏိုင္ခဲ့သလို ဗုိလ္လုပြဲမွာလည္း ယူႏုိက္တက္ကို
၁-၀ ဂိုးနဲ႔အႏိုင္ရ ဗိုလ္စြဲသြားပါတယ္။
ဂ်ီရူးလည္း ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ၿပီးေနာက္ ၂၀၂၁မွာ

ေအစီမီလန္ကို ေျပာင္းေရႊ႕သြားၿပီး စီးရီးေအ ၂၁ပြဲမွာ
၈ဂိုးသြင္းယူထားသလုိ အသင္းကလည္း
အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။