ဆုဖလားဘယ်လောက်ရခဲ့တယ်ဆိုတဲ့မှတ်ချက်နဲ့ ထိုးနှက်လာသူကို သာသာနဲ့နာနာလေး ပြန်ဆော်လိုက်တဲ့ မော်ရင်ညို

ရိုးမားအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ

ရိုးမားနည်းပြဟောင်း ဇီမန်းကို ပြန်လည်တုံ့ပြန်ခဲ့ရာမှာ
နည်းပြဘဝတစ်လျှောက် ဆုဖလားဘယ်လာက်ရခဲ့တယ်ဆိုပြီး
သာသာနဲ့နာနာလည်း တုံ့ပြန်သွားပါတယ်။
ဇီမန်းက ယနေ့ညကစားရမယ့် ရောမဒါဘီပွဲမှာ
လာဇီယိုကို သူ့အသင်းဟောင်း ရိုးမား

အရေးနိမ့်လိမ့်မယ်လို့ ခန့်မှန်းခဲ့မှုအပေါ်
မော်ရင်ညိုက ပေါက်ကွဲနေတာဖြစ်ပါတယ်။
ဒီအတွက်ကြောင့်ပဲ ယူနိုက်တက်၊ စပါး၊ အင်တာ၊
ရီးရဲလ်၊ ချဲလ်ဆီးနဲ့ ပေါ်တိုအသင်းနည်းပြဟောင်း
မော်ရင်ညိုက ဆုဖလားအောင်မြင်မှုအရေအတွက်နဲ့

ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒီလိုမျိုးအောင်မြင်မှုချင်း
နှိုင်းယှဉ်တုံ့ပြန်တာက မော်ရင်ညိုအတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။
၂၀၁၈ ခုနှစ်အတွင်း စပါးကို ယူနိုက်တက်အသင်း
၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ယူနိုက်တက်အသင်းနည်းပြ(ထိုစဉ်က)
မော်ရင်ညိုက သတင်းထောက်တွေအနေနဲ့ သူ့ကို

လေးစားမှုရှိသင့်တယ်လို့ တောင်းဆိုခဲ့ပြီး
သူ့အနေနဲ့ တခြားပရီးမီးယားလိဂ်နည်းပြတွေအားလုံးပေါင်းထက်
အောင်မြင်မှု ပိုရထားတာကို အမှတ်ရစေချင်ကြောင်း ပြောခဲ့ပါတယ်။
အခုလည်း တတိယတန်းကလပ် ဖော့ဂီယာအသင်းနည်းပြအဖြစ်
တာဝန်ယူနေတဲ့ ဇီမန်းရဲ့ ရောမဒါဘီပွဲခန့်မှန်းချက်နဲ့ပတ်သက်လို့

မော်ရင်ညိုက ”ဆုဖလား ၂၅ လုံးရထားတဲ့လူက
စီးရီးဘီချန်ပီယံဆု ၂ကြိမ်ပဲရထားသူရဲ့မှတ်ချက်ကို
ပြန်လည်တုံ့ပြန်ဖို့ ခင်ဗျားတို့(သတင်းထောက်) မျှော်လင့်ထားတာလား။
ထရာပက်တိုနီ ဒါမှမဟုတ် ကာပယ်လို တစ်ယောက်ယောက်အကြောင်း
လာမေးရင်တော့ ကျွန်တော့်ဘက်က ပျော်ပျော်ကြီးဖြေလိုက်မှာပါ။

ဒါပေမဲ့ ဇီမန်းကျတော့ ကျွန်တော့်ဘက်က ပြန်မဖြေနိုင်ပါဘူး”လို့ တုံ့ပြန်ပါတယ်။
ဇီမန်းဟာ နည်းပြဘဝမှာ စီးရီးဘီဆုဖလား ၂ကြိမ်ရရှိခဲ့တဲ့အနက်
၁၉၉၁ ခုနှစ်က ဖော့ဂီယာနဲ့အတူ ပထမဆုံးအကြိမ်ရရှိခဲ့ပြီး
အဲဒနောက် ၂၀၁၂ ခုနှစ်မှာ ပက်စ်ကာရာအသင်းနဲ့အတူ ထပ်မံရရှိခဲ့ပါတယ်။
မော်ရင်ညိုကတော့ အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ ပေါ်တူဂီနိုင်ငံတွေမှာ

အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံဆုရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလား ၂ကြိမ်လည်းရရှိထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ယူနိုက်တက်နည်းပြအဖြစ် မော်ရင်ညို
တုံ့ပြန်ခဲ့စဉ်မှာ မော်ရင်ညိုက ပရီးမီးယားလိဂ်ချန်ပီယံ
၃ကြိမ်ရရှိထားချိန်ဖြစ်ပြီး အဲဒီအချိန်မှာ ပြိုင်ဘက်ပရီးမီးယားလိဂ် ၁၉သင်းနည်းပြတွေအနက်
ပယ်လီဂရီနီနဲ့ ဂွါဒီယိုလာတို့က တစ်ကြိမ်စီသာရရှိထားသေးတာဖြစ်ပါတယ်။

Zawgyi

ဆုဖလားဘယ္ေလာက္ရခဲ့တယ္ဆုိတဲ့မွတ္ခ်က္နဲ႔ ထိုးႏွက္လာသူကို သာသာနဲ႔နာနာေလး ျပန္ေဆာ္လုိက္တ့ဲ ေမာ္ရင္ညိဳ
ရိုးမားအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳဟာ

ရိုးမားနည္းျပေဟာင္း ဇီမန္းကို ျပန္လည္တုံ႔ျပန္ခဲ့ရာမွာ
နည္းျပဘ၀တစ္ေလွ်ာက္ ဆုဖလားဘယ္လာက္ရခဲ့တယ္ဆုိၿပီး
သာသာနဲ႔နာနာလည္း တုံ႔ျပန္သြားပါတယ္။
ဇီမန္းက ယေန႔ညကစားရမယ့္ ေရာမဒါဘီပြဲမွာ
လာဇီယုိကို သူ႕အသင္းေဟာင္း ရိုးမား

အေရးနိမ့္လိမ့္မယ္လုိ႔ ခန္႔မွန္းခဲ့မႈအေပၚ
ေမာ္ရင္ညိဳက ေပါက္ကြဲေနတာျဖစ္ပါတယ္။
ဒီအတြက္ေၾကာင့္ပဲ ယူႏိုက္တက္၊ စပါး၊ အင္တာ၊
ရီးရဲလ္၊ ခ်ဲလ္ဆီးနဲ႔ ေပၚတိုအသင္းနည္းျပေဟာင္း
ေမာ္ရင္ညိဳက ဆုဖလားေအာင္ျမင္မႈအေရအတြက္နဲ႔

ျပန္လည္တုံ႔ျပန္ခ့ဲတာျဖစ္ၿပီး ဒီလိုမ်ိဳးေအာင္ျမင္မႈခ်င္း
ႏႈိင္းယွဥ္တုံ႔ျပန္တာက ေမာ္ရင္ညိဳအတြက္ အထူးအဆန္းေတာ့မဟုတ္ပါဘူး။
၂၀၁၈ ခုႏွစ္အတြင္း စပါးကို ယူႏုိက္တက္အသင္း
၃-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ ယူႏုိက္တက္အသင္းနည္းျပ(ထုိစဥ္က)
ေမာ္ရင္ညိဳက သတင္းေထာက္ေတြအေနနဲ႔ သူ႕ကို

ေလးစားမႈရွိသင့္တယ္လုိ႔ ေတာင္းဆိုခဲ့ၿပီး
သူ႕အေနနဲ႔ တျခားပရီးမီးယားလိဂ္နည္းျပေတြအားလုံးေပါင္းထက္
ေအာင္ျမင္မႈ ပိုရထားတာကို အမွတ္ရေစခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။
အခုလည္း တတိယတန္းကလပ္ ေဖာ့ဂီယာအသင္းနည္းျပအျဖစ္
တာ၀န္ယူေနတဲ့ ဇီမန္းရဲ႕ ေရာမဒါဘီပြဲခန္႔မွန္းခ်က္နဲ႔ပတ္သက္လုိ႔

ေမာ္ရင္ညိဳက ”ဆုဖလား ၂၅ လုံးရထားတဲ့လူက
စီးရီးဘီခ်န္ပီယံဆု ၂ႀကိမ္ပဲရထားသူရဲ႕မွတ္ခ်က္ကို
ျပန္လည္တု႔ံျပန္ဖုိ႔ ခင္ဗ်ားတုိ႔(သတင္းေထာက္) ေမွ်ာ္လင့္ထားတာလား။
ထရာပက္တုိနီ ဒါမွမဟုတ္ ကာပယ္လုိ တစ္ေယာက္ေယာက္အေၾကာင္း
လာေမးရင္ေတာ့ ကၽြန္ေတာ့္ဘက္က ေပ်ာ္ေပ်ာ္ႀကီးေျဖလုိက္မွာပါ။

ဒါေပမဲ့ ဇီမန္းက်ေတာ့ ကၽြန္ေတာ့္ဘက္က ျပန္မေျဖႏိုင္ပါဘူး”လုိ႔ တုံ႔ျပန္ပါတယ္။
ဇီမန္းဟာ နည္းျပဘ၀မွာ စီးရီးဘီဆုဖလား ၂ႀကိမ္ရရွိခဲ့တဲ့အနက္
၁၉၉၁ ခုႏွစ္က ေဖာ့ဂီယာနဲ႔အတူ ပထမဆုံးအႀကိမ္ရရွိခဲ့ၿပီး
အဲဒေနာက္ ၂၀၁၂ ခုႏွစ္မွာ ပက္စ္ကာရာအသင္းနဲ႔အတူ ထပ္မံရရွိခဲ့ပါတယ္။
ေမာ္ရင္ညိဳကေတာ့ အဂၤလန္၊ စပိန္၊ အီတလီနဲ႔ ေပၚတူဂီႏိုင္ငံေတြမွာ

အဆင့္ျမင့္တန္းအမွတ္ေပးခ်န္ပီယံဆုရယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ဖလား ၂ႀကိမ္လည္းရရွိထားပါတယ္။
၂၀၁၈ ခုႏွစ္အတြင္း ယူႏုိက္တက္နည္းျပအျဖစ္ ေမာ္ရင္ညိဳ
တုံ႔ျပန္ခဲ့စဥ္မွာ ေမာ္ရင္ညိဳက ပရီးမီးယားလိဂ္ခ်န္ပီယံ
၃ႀကိမ္ရရွိထားခ်ိန္ျဖစ္ၿပီး အဲဒီအခ်ိန္မွာ ၿပိဳင္ဘက္ပရီးမီးယားလိဂ္ ၁၉သင္းနည္းျပေတြအနက္
ပယ္လီဂရီနီနဲ႔ ဂြါဒီယိုလာတို႔က တစ္ႀကိမ္စီသာရရွိထားေသးတာျဖစ္ပါတယ္။