
မန်ချက်စတာယူနိုက်တက်ဟာ၎င်းတို့ရဲ့ပြခန်းထဲမှ ဆုဖလားများကို
ဆေးကြောတိုက်ချွတ်ရန်အတွက် အလုပ်သမားလိုက်ရှာနေပါတယ်။
ယူနိုက်တက်ဟာဘောလုံးလောကရဲ့အအောင်မြင်ဆုံးကလပ်များထဲမှတစ်ခုဖြစ်ပြီး
အမှတ်ပေးဖလားအကြိမ် ၂၀၊ ဥရောပဖလား ၃ကြိမ်၊ အက်ဖ်အေဖလား ၁၂ ကြိမ်၊
လိဂ်ဖလား ၅ ကြိမ်တို့ဆွတ်ခူးထားနိုင်ပါတယ်။
ယူနိုက်တက်ဟာဆုဖလားများကို အိုးထရက်ဖို့ဒ်ရှိ ပြတိုက်ထဲတွင် ပြသထားပါတယ်။
ယူနိုက်က်တက်ဟာပြတိုက်ထဲမှာထားထားတဲ့ဆုဖလားများ အရောင်မေးမှိန်သွားခြင်း
မရှိစေရန်အတွက် အမြဲတိုက်ချွတ်ပေးမယ့် ဝန်ထမ်းရှာဖွေနေပါတယ်။
ယူနိုက်တက်ရဲ့ပြတိုက်ထဲမှ ဆုဖလားများကို တိုက်ချွတ်ဖို့
အလုပ်သမားလျှောက်ထားမယ့်သူများအနေဖြင့် ဘောလုံးနှင့်ဘောလုံးသမိုင်းကို
စိတ်ဝင်စားဖို့လိုအပ်တဲ့အပြင် ပြတိုက်တွင်လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံလည်းရှိပါတယ်။
ယူနိုက်တက်ရဲ့ပြတိုက်နှင့်ကွင်းအလည်အပတ်ခရီးက ကမ္ဘာ့ခရီးသွားများစွာတို့
မျက်စိကျရာနေရာဖြစ်ပြီး ယူနိုက်တက်အတွက် ဝင်ငွေများစွာရှာဖွေပေးရာ
နေရာတစ်ခုလည်းဖြစ်ပါတယ်။
Zawgyi
ဆုဖလားတွေ များလွန်းလို့ ဝန်ထမ်းခေါ်ပြီး ထိန်းသိမ်းရတော့မယ်ဆိုတဲ့ ယူနိုက်တက်