အာဆင်နယ်အသင်းဟာသူတို့ရဲ့ အွန်လိုင်းဈေးဆိုင်(online club shop) မှာ
တက်လာတဲ့စပါးအသင်းကိုလှောင်ပြောင်တဲ့ မက်ဆေ့ချ်ကို ချက်ခြင်းဆိုသလို
ပယ်ဖျက်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒီမက်ဆေ့ချ်ဟာ စပါးအသင်းဆုဖလားတွေနဲ့
ကင်းကွာနေတာကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။ online club shop ပေါ်က
ဈေးဝယ်သူသုံးတဲ့ ခြင်းတောင်းလေးရဲ့အပေါ်မှာ ” မင်းရဲ့ဈေးခြင်းတောင်းက
စပါးရဲ့ဆုဖလားခန်းလိုဘဲ ဘာမှကိုမရှိဘူး” လို့ဖော်ပြမိခဲ့တပါ။
ဒါကိုမြင်တွေ့ခဲ့တဲ့ အာဆငနယ်ပရိသတ်တွေက အံ့အားသင့်ခဲ့ရသလို ကျေနပ်မှုတွေလည်းဖြစ်ခဲ့ပါတယ်။
ဒါကိုအာဆင်နယ်အသင်းဘက်က ချက်ခြင်း ဆိုသလိုပယ်ဖျက်ခဲ့ပေမယ့် တွေ့မြင်ခဲ့တဲ့
ပရိသတ်တွေက screenshot ယူနိုင်ခဲ့တာကြောင့် အွန်လိုင်းပေါ်မှာပျံ့နှံ့သွားပြီး
တွစ်တာအသုံးပြသူတွေကြားမှာလည်း အမျိုးမျိုးမှတ်ချက်ပေးနေကြပါတယ်။
အာဆင်နယ်အသင်းကကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ” ဒီမက်ဆေ့ချ်ဟာ
ဆိုက်ရဲ့အမှားကြောင့်ဖြစ်ခဲ့ပြီး သေချာမစစ်ဆေး ခဲ့မိဘဲနဲ့ တင်ခဲ့မိတာဖြစ်ပါတယ်။
ဒါကိုချက်ခြင်းဖယ်ရှားလိုက်ပါပြီ” လို့ဆိုခဲ့ပါတယ်။ စပါးအသင်းဟာသူတို့တွေ
ဆုဖလားမရမှုနဲ့ပတ်သက်လို့ မကြာခဏလှောင်ပြောင်ခံနေရတဲ့အသင်းဖြစ်ပါတယ်။
၂၀၀၈ ကချဲလ်ဆီးကိုနိုင်ပြီး လိဂ်ဖလားရခဲ့တဲ့ စပါးဟာ အဲဒီနောက်ပိုင်းမှာပြိုင်ပွဲတွေရဲ့
ဗိုလ်လုပွဲကို ၄ ကြိမ်တက်ခဲ့ပေမယ့် အကြိမ်တိုင်းအရေးနိမ့်ခဲ့ရပါတယ်။
အခုပို့စ်နဲ့ပတ်သက်ပြီးပရိသတ်တစ်ဦးက” အာဆင်နယ်ရဲ့ အွန်လိုင်းဈေးဆိုင်ပေါ်မှာ
သွားဝယ်တိုင်း ဈေးခြင်းထဲမှာဘာမှမရှိရင် ဒီလို ပြောနေမှာဘဲ” လို့နောက်ပြောင်ခဲ့ပါတယ်။
ဒီလိုလှောင်ခံရမှုဟာစပါးအတွက်ပထမဆုံးအကြိမ်မဟုတ်ခဲ့ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း
စပါးအသင်းရဲ့ စပွန်ဆာတစ်ခုဖြစ်တဲ့ Dulux စပါးအသင်းကိုသူတို့ရဲ့အသုံးမပြုရသေးတဲ့
ဆုဖလားထားခန်းကိုပြန်ရောင်းမလားလို့ဆိုပြီး တွစ်တာပေါ်ကနေ လှောင်ခဲ့ဘူးပါတယ်။
Zawgyi
ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ စပါးနဲ့ အလုပ်ရှုပ်ခဲ့ရတဲ့ အာဆင်နယ်
တက်လာတဲ့စပါးအသင်းကိုလှောင်ပြောင်တဲ့ မက်ဆေ့ခ်ျကို ချက်ခြင်းဆိုသလို
အာဆင်နယ်အသင်းကကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ” ဒီမက်ဆေ့ခ်ျဟာ