
ဘော်လွန်းဒီအောဆု ဆန်ခါတင်စာရင်းထွက်ပေါ်လာပြီးချိန်ကတည်းက
လှုပ်ခတ်လာတဲ့ သတင်းတွေဟာ မရပ်တန့်နိုင်အောင်ပါပဲ။ ဂန္တဝင်တွေရဲ့
ပြောစကားတွေ၊ နည်းပြတွေရဲ့ ရွေးချယ်မှုတွေအပြင် အခုတစ်ခါမှာလည်း
GOAT နှစ်ဦး ရဲ့ ဆုရရှိချိန်မှာ ပရိသတ်အားပေးမှုပုံစံတွေကိုပါပြန်လည်
ဖော်ပြလာပြန်ပါပြီ။GiveMeSport သတင်းဌာနရဲ့ ပြန်လည်ဖော်ပြချက်
ဗီဒီယိုအရ ရော်နယ်ဒို၊ မိုဒရစ်နဲ့ မက်ဆီတို့ အကောင်းဆုံးဆုရယူဖို့
စင်ပေါ်တက်ချိန်မှာ အခမ်းအနားကို တက်ရောက်အားပေးတဲ့
ပရိသတ်တွေရဲ့ Reaction ကွာခြားပုံကို မြင်တွေ့နိုင်ပါတယ်။
အဲဒီဗီဒီယိုဖိုင်ထဲမှာ ရော်နယ်ဒိုနဲ့ မိုဒရစ်တို့ ဆုလက်ခံရယူဖို့
စင်ပေါ်တက်ချိန်မှာ ပရိသတ်တွေရဲ့သြဘာပေးမှုက စိတ်မပါတပါပုံစံမျိုး
ဖြစ်နေခဲ့ပြီး မက်ဆီအလှည့်မှာတော့ ပရိသတ်တွေရဲ့အားပေးမှုက
ပိုမိုစိတ်အားထက်သန်နေတာ တွေ့ရပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်
မက်ဆီကို ပရိသတ်တွေက မတ်တပ်ရပ်လက်ခုပ်တီး အားပေးခဲ့ကြပြီး
အဲဒီထဲမှာ နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့
ယာဂင်ကလော့ပ်တို့လည်း ပါဝင်ပါတယ်။ မက်ဆီဟာ
ဘော်လွန်းဒီအောဆုအတွက် ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒို၊
ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ အားပြိုင်ရဖွယ်ရှိနေပြီး ဖီဖာအကောင်းဆုံး
ဆုအတွက်လည်း ထပ်မံအားပြိုင်ရဖွယ်ရှိနေပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အကောင်းဆုံးဆုပေးအပ်ချီးမြှင့်ဖို့ အချိန်
မသတ်မှတ်သေးပေမယ့် မက်ဆီကတော့ အဲဒီဆုရဖို့ ထိပ်ဆုံးကနေ
ရေပန်းစားနေပြီး ၂၀၁၇ နောက်ပိုင်းမှာ ရော်နယ်ဒိုက ၂ကြိမ်နဲ့ ထိပ်ဆုံးကနေ
ဦးဆောင်နေကာ မက်ဆီ၊ မိုဒရစ်နဲ့ လီဝန်ဒေါစကီးတို့က တစ်ကြိမ်စီရရှိထားပါတယ်။
zawgyi
ဆုေပးပြဲက ေရာ္နယ္ဒိုနဲ႔ မက္ဆီကို ပရိသတ္ေတြရဲ႕ Reaction ကြာျခားပုံကို ျမင္ေတြ႕ႏိုင္
ေဘာ္လြန္းဒီေအာဆု ဆန္ခါတင္စာရင္းထြက္ေပၚလာၿပီးခ်ိန္ကတည္းက
လႈပ္ခတ္လာတဲ့ သတင္းေတြဟာ မရပ္တန႔္ႏိုင္ေအာင္ပါပဲ။ ဂႏၲဝင္ေတြရဲ႕
ေျပာစကားေတြ၊ နည္းျပေတြရဲ႕ ေ႐ြးခ်ယ္မႈေတြအျပင္ အခုတစ္ခါမွာလည္း
GOAT ႏွစ္ဦး ရဲ႕ ဆုရရွိခ်ိန္မွာ ပရိသတ္အားေပးမႈပုံစံေတြကိုပါျပန္လည္
ေဖာ္ျပလာျပန္ပါၿပီ။GiveMeSport သတင္းဌာနရဲ႕ ျပန္လည္ေဖာ္ျပခ်က္
ဗီဒီယိုအရ ေရာ္နယ္ဒို၊ မိုဒရစ္နဲ႔ မက္ဆီတို႔ အေကာင္းဆုံးဆုရယူဖို႔
စင္ေပၚတက္ခ်ိန္မွာ အခမ္းအနားကို တက္ေရာက္အားေပးတဲ့
ပရိသတ္ေတြရဲ႕ Reaction ကြာျခားပုံကို ျမင္ေတြ႕ႏိုင္ပါတယ္။
အဲဒီဗီဒီယိုဖိုင္ထဲမွာ ေရာ္နယ္ဒိုနဲ႔ မိုဒရစ္တို႔ ဆုလက္ခံရယူဖို႔
စင္ေပၚတက္ခ်ိန္မွာ ပရိသတ္ေတြရဲ႕ၾသဘာေပးမႈက စိတ္မပါတပါပုံစံမ်ိဳ
းျဖစ္ေနခဲ့ၿပီး မက္ဆီအလွည့္မွာေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈက
ပိုမိုစိတ္အားထက္သန္ေနတာ ေတြ႕ရပါတယ္။ အာဂ်င္တီးနားအသင္းေခါင္းေဆာင္
မက္ဆီကို ပရိသတ္ေတြက မတ္တပ္ရပ္လက္ခုပ္တီး အားေပးခဲ့ၾကၿပီး
အဲဒီထဲမွာ နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့ ဟိုေဆးေမာ္ရင္ဟိုနဲ႔
ယာဂင္ကေလာ့ပ္တို႔လည္း ပါဝင္ပါတယ္။ မက္ဆီဟာ
ေဘာ္လြန္းဒီေအာဆုအတြက္ ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒို၊
ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုနဲ႔ အားၿပိဳင္ရဖြယ္ရွိေနၿပီး ဖီဖာအေကာင္းဆုံး
ဆုအတြက္လည္း ထပ္မံအားၿပိဳင္ရဖြယ္ရွိေနပါတယ္။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က အေကာင္းဆုံးဆုေပးအပ္ခ်ီးျမႇင့္ဖို႔ အခ်ိန္
မသတ္မွတ္ေသးေပမယ့္ မက္ဆီကေတာ့ အဲဒီဆုရဖို႔ ထိပ္ဆုံးကေန
ေရပန္းစားေနၿပီး ၂၀၁၇ ေနာက္ပိုင္းမွာ ေရာ္နယ္ဒိုက ၂ႀကိမ္နဲ႔ ထိပ္ဆုံးကေန
ဦးေဆာင္ေနကာ မက္ဆီ၊ မိုဒရစ္နဲ႔ လီဝန္ေဒါစကီးတို႔က တစ္ႀကိမ္စီရရွိထားပါတယ္။