ဆီးနှင်းတွေထဲမှာ ချွေးပြန်ခဲ့ရတဲ့ နူအာ
ညက ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅)ရဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့
ဘိုင်ယန်မြူနစ်တို့ဟာ ယူကရိန်းမြေမှာကစားခဲ့ကြပြီး ပွဲမစတင်မီကတည်းက
ကွင်းထဲမှာ နှင်းတွေအတော်ကိုကျနေခဲ့တာကို တွေ့ခဲ့ရပါတယ်။
မြက်ခင်းတွေမှာဆီးနှင်းတွေရှိနေတာကြောင့် လိမ္မော်ရောင် ဘောလုံးကို
အသုံးပြုခဲ့ရသလို ကစားသမားတွေဟာလည်း ဘောလုံးကိုအတော်ထိန်းပြီး
ကစားခဲ့ကြရပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်ဂိုးသမားမန်နူရယ်နူအာဟာ
မအောင်မြင်ခဲ့တဲ့ ထိတ်လန့်စရာ ဘောလုံးရှင်းထုတ်မှုနဲ့ ကြုံခဲ့ရပါတယ်။
ပွဲချိန် (၁၄) မိနစ်မှာ လီဝန်ဒေါ့စကီးရဲ့ ပီလီကစ် ကန်ချက်နဲ့ဘိုင်ယန်တို့
ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပါတယ်။
လီဝန်ဒေါ့စကီးဟာ အုပ်စု(၅)ပွဲအပြီးမှာ သွင်းဂိုး(၉)ဂိုး သွင်းယူနိုင်ပြီး
ဒီနှစ် ချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးသွင်းယူထားသူဖြစ်နေပါတယ်။
ပွဲချိန်(၂၈)မိနစ်မှာတော့ ဘိုင်ယန်ဂိုးသမား နူအာရဲ့အမှားကြောင့် ဒိုင်နမိုကိဗ်တို့
ဂိုးရသွားနိုင်တဲ့ အခြေအနေနဲ့ကြုံတွေ့ခဲ့ရပါသေးတယ်။
ဂိုးသမားချက်ချင်းပြေးထွက်ပြီးဆီးနှင်းများပြည့်နေတဲ့ မှာဘောလုံးကို
ရှင်းထုတ်ခဲ့ပါတယ်။ဒါပေမယ့်နူအာရဲ့ကန်ချက်ကလွဲချော်သွားပြီးဘောလုံးက
ဂိုးပေါက်ဆီသို့ဦးတည်လိမ့်သွားပါတယ်။
ဒိုင်နမိုကိဗ်ရဲ့ တောင်ပံကစားသမား Viktor Tsyhankov က ဘောလုံးကို
ဂိုးဧရိယာထဲဆွဲပြေးလာချိန်မှာ ဘိုင်ယန်နောက်တန်းက ဖြတ်ထုတ်လိုက်ပေမယ့်
ဘောလုံးဟာ နူအာရဲ့ခြောက်ကိုက်စည်းအတွင်းသို့ရောက်လာပါတယ်။
သူဟာ ဆီးနှင်းတွေရှိနေတဲ့မြက်ခင်းမှာ ဘောလုံးကို ချက်ချင်း ရှင်းထုတ်ခဲ့ပါတယ်။
ဒါပေမယ့်နူအာရဲ့ကန်ချက်ကလွဲချော်သွားပြီး ဘောလုံးကဂိုးပေါက်ဆီသို့ဦးတည်လိမ့်သွားပါတယ်။
ဒါပေမယ့် ဘိုင်ယန်တို့ ကံကောင်းချင်တော့ဘောလုံးကတိုင်ထိသွားခဲ့ပြီး ဂိုးပေါက်နဲ့
လွဲချော်သွားခဲ့ပါတယ်။
ဒီဂိုးသာဝင်သွားခဲ့မယ်ဆိုရင် ပွဲအခြေအနေဟာ ပြောင်းလဲမှုရှိသွားနိုင်ပေမယ့်
ဂိုးတိုင်ကြောင့်ကံကောင်းထောက်မသွားခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး (၄၂)မိနစ်မှာ
ဘိုင်ယန်အတွက် ဒုတိယဂိုးကို ကိုးမန်းကထပ်မံသွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာတင်
(၂)ဂိုးပြတ်နဲ့ ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ ဒိုင်နမိုအတွက်နှစ်သိမ့်ဂိုးကိုဒုတိယပိုင်း
မိနစ် (၇၀) မှာ ဂါမက်ရှ်က သွင်းယူပေးခဲ့ပါတယ်။
Zawgyi