ဆီမြွန်နီဟာ လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်မယ့်အစား ပွဲပြီးတာနဲ့ ဥမင်ထဲကိုသာ တန်းပြေးသွားခဲ့

အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ အိမ်ကွင်းမှာ လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက်

ပြိုင်ဘက်နည်းပြဂျာဂင်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်မယ့်အစား ပွဲပြီးတာနဲ့

ဥမင်ထဲကိုသာ တန်းပြေးသွားခဲ့ပါတယ်။ စပိန်မှာ ကစားခဲ့တဲ့အဲဒီပွဲမှာ

လီဗာပူးဟာ ၃-၂ နဲ့ကပ်အနိုင်ရခဲ့ပြီး အက်သလက်တီကိုဘက်က ဂရစ်ဇ်မန်း

အထုတ်ခံခဲ့ရကာ တစ်ယောက်သာပြီး လီဗာပူးက ပင်နယ်တီရပြီး

ဆာလာရဲ့သွင်းယူမှုနဲ့အနိုင်ရခဲ့တာပါ။ အက်သလက်တီကိုအနေနဲ့လည်း

ပွဲချိန်နှောင်းပိုင်းမှာ ပြန်ချေပနိုင်မယ့် ပင်နယ်တီကန်ခွင့်ရခဲ့သေးပေမယ့်

ကွင်းလယ်ဒိုင်က VAR ကြည့်ပြီးတော့ ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

”ကျွန်တော်တို့က အဲဒါမျိုးမကြိုက်ပေမယ့် အခြေအနေကတော့ ရှင်းပါတယ်။

ကျွန်တော်ကတော့ သူ့ကို လက်ဆွဲနှုတ်ဆက်ချင်ပါတယ်။ သူ့ရဲ့တုံ့ပြန်မှုကတော့

ကျွန်တော်တို့လိုပဲ အဆင်မပြေဘူးပေါ့ဗျာ။ နောက်တစ်ကြိမ်

ကျွန်တော်တို့နှစ်ယောက်တွေ့ကြရင်တော့ သေချာပေါက် လက်ဆွဲနှုတ်ဆက်မှာပါ။

ဘာပြသနာမှ မရှိပါဘူး။ သူက ကျွန်တော်နဲ့မဟုတ်ဘဲ ပွဲကိုပဲ ဒေါသထွက်တာပါ။

တခြားဘာမှ မရှိပါဘူး”လို့ လီဗာပူးနည်းပြကလော့ပ်က ပွဲအပြီးမှာ

BT Sport ရုပ်သံကို ပြောကြားခဲ့တာပါ။

ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းမှာကစားသွားခဲ့တဲ့ အက်သလက်တီကိုနဲ့

လီဗာပူးတို့ရဲ့ပွဲဟာ အတော်လေးကို ပြဇာဆန်ခဲ့ပြီး ဂရစ်ဇ်မန်းက အိမ်ရှင်အတွက်

၂ ဂိုးစလုံးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ထုတ်ပယ်ခံခဲ့ရကာ တစ်ယောက်လျော့ပြီးမှ

အက်သလက်တီကိုဟာ ပင်နယ်တီနဲ့အနိုင်ဂိုးပေးခဲ့ရတာပါ။

အဲဒီပွဲမှာ အက်သလက်တီကိုဟာ စောစောစီးစီး ၂ ဂိုးဆက်တိုက်ပေးလိုက်ပြီး

သူတို့ရဲ့ချန်ပီယံလိဂ်သမိုင်းမှာ အဲဒီလို ၂ ဂိုးဆက်တိုက်အမြန်ပေးရတာ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

ဒါ့အပြင် အက်သလက်တီကိုဟာ ဆီမြွန်နီလက်ထက် အိမ်ကွင်းပွဲတစ်ပွဲမှာ

၂ ဂိုးထက်ပိုပြီး ပေးခဲ့ရတာ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

zawgyi

ဆီႁမြန္နီဟာ လီဗာပူးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္မယ့္အစား ပြဲၿပီးတာနဲ႔ ဥမင္ထဲကိုသာ တန္းေျပးသြားခဲ့

အက္သလက္တီကိုနည္းျပဆီႁမြန္နီဟာ အိမ္ကြင္းမွာ လီဗာပူးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္

ၿပိဳင္ဘက္နည္းျပဂ်ာဂင္ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္မယ့္အစား ပြဲၿပီးတာနဲ႔

ဥမင္ထဲကိုသာ တန္းေျပးသြားခဲ့ပါတယ္။ စပိန္မွာ ကစားခဲ့တဲ့အဲဒီပြဲမွာ

လီဗာပူးဟာ ၃-၂ နဲ႔ကပ္အႏိုင္ရခဲ့ၿပီး အက္သလက္တီကိုဘက္က ဂရစ္ဇ္မန္း

အထုတ္ခံခဲ့ရကာ တစ္ေယာက္သာၿပီး လီဗာပူးက ပင္နယ္တီရၿပီး

ဆာလာရဲ႕သြင္းယူမႈနဲ႔အႏိုင္ရခဲ့တာပါ။ အက္သလက္တီကိုအေနနဲ႔လည္း
ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ျပန္ေခ်ပႏိုင္မယ့္ ပင္နယ္တီကန္ခြင့္ရခဲ့ေသးေပမယ့္

ကြင္းလယ္ဒိုင္က VAR ၾကည့္ၿပီးေတာ့ ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။

”ကြၽန္ေတာ္တို႔က အဲဒါမ်ိဳးမႀကိဳက္ေပမယ့္ အေျခအေနကေတာ့ ရွင္းပါတယ္။

ကြၽန္ေတာ္ကေတာ့ သူ႔ကို လက္ဆြဲႏႈတ္ဆက္ခ်င္ပါတယ္။ သူ႔ရဲ႕တုံ႔ျပန္မႈကေတာ့

ကြၽန္ေတာ္တို႔လိုပဲ အဆင္မေျပဘူးေပါ့ဗ်ာ။ ေနာက္တစ္ႀကိမ္

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေတြ႕ၾကရင္ေတာ့ ေသခ်ာေပါက္ လက္ဆြဲႏႈတ္ဆက္မွာပါ။

ဘာျပသနာမွ မရွိပါဘူး။ သူက ကြၽန္ေတာ္နဲ႔မဟုတ္ဘဲ ပြဲကိုပဲ ေဒါသထြက္တာပါ။

တျခားဘာမွ မရွိပါဘူး”လို႔ လီဗာပူးနည္းျပကေလာ့ပ္က ပြဲအၿပီးမွာ

BT Sport ႐ုပ္သံကို ေျပာၾကားခဲ့တာပါ။

ဝမ္ဒါမက္ထ႐ိုပိုလီတာႏိုကြင္းမွာကစားသြားခဲ့တဲ့ အက္သလက္တီကိုနဲ႔

လီဗာပူးတို႔ရဲ႕ပြဲဟာ အေတာ္ေလးကို ျပဇာဆန္ခဲ့ၿပီး ဂရစ္ဇ္မန္းက အိမ္ရွင္အတြက္

၂ ဂိုးစလုံးသြင္းယူခဲ့ေပမယ့္ ဒုတိယပိုင္းအစမွာ ထုတ္ပယ္ခံခဲ့ရကာ တစ္ေယာက္ေလ်ာ့ၿပီးမွ

အက္သလက္တီကိုဟာ ပင္နယ္တီနဲ႔အႏိုင္ဂိုးေပးခဲ့ရတာပါ။

အဲဒီပြဲမွာ အက္သလက္တီကိုဟာ ေစာေစာစီးစီး ၂ ဂိုးဆက္တိုက္ေပးလိုက္ၿပီး

သူတို႔ရဲ႕ခ်န္ပီယံလိဂ္သမိုင္းမွာ အဲဒီလို ၂ ဂိုးဆက္တိုက္အျမန္ေပးရတာ တစ္ႀကိမ္မွ မရွိခဲ့ပါဘူး။

ဒါ့အျပင္ အက္သလက္တီကိုဟာ ဆီႁမြန္နီလက္ထက္ အိမ္ကြင္းပြဲတစ္ပြဲမွာ

၂ ဂိုးထက္ပိုၿပီး ေပးခဲ့ရတာ ဒါဟာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။