ဆီမြွန်နီနဲ့ဆက်ဆံရေးကျိုးကြေနေတဲ့ ဂျာအိုဖိလစ်ရဲ့အနာဂတ်ကိုကယ်တင်ဖို့ ယူနိုက်ကတက်ပရိသတ်အများစု ဆန္ဒရှိနေ

ပေါ်တိုကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အက်သလက်တီကို တိုက်စစ်မှူးဂျာအိုဖိလစ်ဟာ တစ်စုံတစ်ယောက်ရဲ့ အကူအညီလိုအပ်နေပြီလို့

သရဲနီပရိသတ်တွေကတညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။ ဆီမြွန်နီအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေအပြီးမှာ ဇယားကြမ်းခင်းရောက်ခဲ့ပြီး ဒီရာသီဥရောပပြိုင်ပွဲ

ကစားခွင့်လက်လွှတ်ခဲ့ရပြီဖြစ်တယ်။ အသက် ၂၂နှစ်အရွယ်ဂျာအိုဖိလစ်ဟာ ပေါ်တိုနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမဲ့ မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရပါတယ်။ လူစားလဲခံရတဲ့

ဂျာအိုဖိလစ်ဟာ အရန်ခုံတန်းလျားကိုမရောက်ခင် နည်းပြဆီမြွန်နီရှိရာကို တည့်တည့်သွားခဲ့ပြီး ကင်မရာရိုက်ချက်တွေဟာ သူ့ရဲ့မိုက်မဲတဲ့ရုပ်သွင်ကို

တစ်ဝက်တစ်ပျက်နဲ့ ဖြတ်တောက်ခဲ့တာဖြစ်တယ်။ ဒါဟာ ပေါ်တူဂီတိုက်စစ်မှူးနဲ့ နည်းပြအကြားဆက်ဆံရေး ကျိုးကြေသွားတာကိုဖော်ပြလိုက်တာဖြစ်ပြီး

အသင်းကနေ ထွက်ခွာဖို့ကြိုးစားနေပြီ ဆိုတာအသေချာဆုံးဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ ရာသီကုန်မှာ ရော်နယ်ဒိုနေရာကိုအစားထိုးဖို့အတွက်

တိုက်စစ်မှူးသစ်ရှာဖွေနေပေမဲ့ တရားဝင်ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ သရဲနီပရိသတ်တွေဘက်ကတော့ ဂျာအိုဖိလစ်ဟာ

နည်းပြတန်ဟတ်ရဲ့အသင်းနဲ့ အံဝင်လိမ့်မယ်လို့ယူဆနေကြပါတယ်။ တီကိုနဲ့ ပေါ်တိုတို့ချန်ပီယံလိဂ်ပွဲအပြီးမှာတော့ မန်ယူပရိသတ်တစ်ယောက်က

“တီကိုနဲ့ဇာတ်လမ်းပြတ်သွားတဲ့ ဂျာအိုဖိလစ်ကိုကယ်တင်ဖို့ တစ်စုံတစ်ယောက်ရဲ့ အကူအညီလိုနေပါပြီ” လို့ရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်က “ငါတို့အားလုံး သူ့အတွက်ရှိသင့်တယ်” လို့ မှတ်ချက်ပေးခဲ့သလို တတိယတစ်ယောက်က “ငါတို့ သူ့ကို အဲဒီကနေဆွဲထုတ်ဖို့အချိန်ကောင်းပဲ” လို့ ရေးသားသွားပါတယ်။

နည်းပြဆီမြွန်နီဟာ ဒီရာသီပွဲစဉ်တွေမှာ မိုရာတာနဲ့ ဂရေ့ဇ်မန်းတို့ကိုသာအဓိကပွဲထုတ်နေပြီး ဂျာအိုဖိလစ်နဲ့ဆက်ဆံရေးတင်းမာမှုတွေ ရှိနေတာကြောင့်

ယူနိုက်တက်အတွက်တော့ သူ့ကိုခေါ်ယူဖို့အသင့်တော်ဆုံးအချိန်ဖြစ်နေသလို ပရိသတ်အများစုကလည်း ပေါ်တူဂီတိုက်စစ်မှူးကို အိုးလ်ထရက်ဖို့ဒ်ရောက်လာဖို့ မျှော်လင့်နေကြတာဖြစ်တယ်။

(Zawgyi)

ဆီႁမြန္နီနဲ႔ဆက္ဆံေရးက်ိဳးေၾကေနတဲ့ ဂ်ာအိုဖိလစ္ရဲ႕အနာဂတ္ကိုကယ္တင္ဖို႔ ယူႏိုက္ကတက္ပရိသတ္အမ်ားစု ဆႏၵရွိေန

ေပၚတိုကိုအေရးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာေတာ့ အက္သလက္တီကို တိုက္စစ္မႉးဂ်ာအိုဖိလစ္ဟာ တစ္စုံတစ္ေယာက္ရဲ႕ အကူအညီလိုအပ္ေနၿပီလို႔ သရဲနီပရိသတ္ေတြကတညီတၫြတ္တည္း ေထာက္ခံခဲ့ၾကပါတယ္။

ဆီႁမြန္နီအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြအၿပီးမွာ ဇယားၾကမ္းခင္းေရာက္ခဲ့ၿပီး ဒီရာသီဥေရာပၿပိဳင္ပြဲ ကစားခြင့္လက္လႊတ္ခဲ့ရၿပီျဖစ္တယ္။ အသက္ ၂၂ႏွစ္အ႐ြယ္ဂ်ာအိုဖိလစ္ဟာ

ေပၚတိုနဲ႔ပြဲစဥ္မွာပြဲထြက္ပါဝင္ခြင့္ရခဲ့ေပမဲ့ မိနစ္ ၆၀ မွာ လူစားလဲခံခဲ့ရပါတယ္။ လူစားလဲခံရတဲ့ ဂ်ာအိုဖိလစ္ဟာ အရန္ခုံတန္းလ်ားကိုမေရာက္ခင္ နည္းျပဆီႁမြန္နီရွိရာကို

တည့္တည့္သြားခဲ့ၿပီး ကင္မရာ႐ိုက္ခ်က္ေတြဟာ သူ႔ရဲ႕မိုက္မဲတဲ့႐ုပ္သြင္ကို တစ္ဝက္တစ္ပ်က္နဲ႔ျဖတ္ ေတာက္ခဲ့တာျဖစ္တယ္။ ဒါဟာ ေပၚတူဂီတိုက္စစ္မႉးနဲ႔ နည္းျပအၾကားဆက္ဆံေရး

က်ိဳးေၾကသြားတာကိုေဖာ္ျပလိုက္တာျဖစ္ၿပီး အသင္းကေနထြက္ခြာဖို႔ႀကိဳးစားေနၿပီ ဆိုတာအေသခ်ာဆုံးျဖစ္ေနပါတယ္။ ယူႏိုက္တက္ဟာ ရာသီကုန္မွာ ေရာ္နယ္ဒိုေနရာကို

အစားထိုးဖို႔အတြက္ တိုက္စစ္မႉးသစ္ရွာေဖြေနေပမဲ့ တရားဝင္ကမ္းလွမ္းတာမ်ိဳးမရွိေသးပါဘူး။ သရဲနီပရိသတ္ေတြဘက္ကေတာ့ ဂ်ာအိုဖိလစ္ဟာ နည္းျပတန္ဟတ္ရဲ႕အသင္းနဲ႔အံဝင္လိမ့္မယ္လို႔

ယူဆေနၾကပါတယ္။ တီကိုနဲ႔ ေပၚတိုတို႔ခ်န္ပီယံလိဂ္ပြဲအၿပီးမွာေတာ့ မန္ယူပရိသတ္တစ္ေယာက္က “တီကိုနဲ႔ဇာတ္လမ္းျပတ္သြားတဲ့ ဂ်ာအိုဖိလစ္ကိုကယ္တင္ဖို႔

တစ္စုံတစ္ေယာက္ရဲ႕ အကူအညီလိုေနပါၿပီ” လို႔ေရးသားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္က “ငါတို႔အားလုံး သူ႔အတြက္ရွိသင့္တယ္” လို႔ မွတ္ခ်က္ေပးခဲ့သလို

တတိယတစ္ေယာက္က “ငါတို႔ သူ႔ကို အဲဒီကေနဆြဲထုတ္ဖို႔အခ်ိန္ေကာင္းပဲ” လို႔ ေရးသားသြားပါတယ္။ နည္းျပဆီႁမြန္နီဟာ ဒီရာသီပြဲစဥ္ေတြမွာ

မိုရာတာနဲ႔ ဂေရ႕ဇ္မန္းတို႔ကိုသာအဓိကပြဲထုတ္ေနၿပီး ဂ်ာအိုဖိလစ္နဲ႔ဆက္ဆံေရးတင္းမာမႈေတြ ရွိေနတာေၾကာင့္ ယူႏိုက္တက္အတြက္ေတာ့

သူ႔ကိုေခၚယူဖို႔အသင့္ေတာ္ဆုံးအခ်ိန္ျဖစ္ေနသလို ပရိသတ္အမ်ားစုကလည္း ေပၚတူဂီတိုက္စစ္မႉးကို အိုးလ္ထရက္ဖို႔ဒ္ေရာက္လာဖို႔ ေမွ်ာ္လင့္ေနၾကတာျဖစ္တယ္။