ဆီဗီလာနဲ့ပွဲက သူ့ရဲ့အံ့ဖွယ်သွင်းဂိုးအကြောင်း ရှင်းပြလာတဲ့ ပက်ဒရီ

ဘာစီလိုနာအသင်းကွင်းလယ်လူ ပက်ဒရီဟာ

ယမန်နေ့ညက ဆီဗီလာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
သွင်းယူခဲ့တဲ့ အနိုင်ဂိုးနဲ့ပတ်သက်လို့ ရှင်းပြလာပါတယ်။
စပိန်လက်ရွေးစင် ပက်ဒရီဟာ ဒုတိယပိုင်းမှာ
လှလှပပသွင်းယူခဲ့တာဖြစ်ပြီး ဘာစီလိုနာလည်း
အမှတ်ပေးဇယားရဲ့ဒုတိယနေရာ ရောက်လာပါတယ်။

ဘာစီလိုနာဟာ ပွဲပြီးဖို့ မိနစ် ၂၀အလိုမှာ ပက်ဒရီရဲ့
အံ့ဖွယ်သွင်းဂိုးမတိုင်ခင် ဆီဗီလာခံစစ်ကို ထိုးဖောက်နိုင်ဖို့
အခက်တွေ့ခဲ့ရပေမယ့် ပက်ဒရီရဲ့ရူးလောက်တဲ့သွင်းဂိုးက အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။
”အဲဒီသွင်းဂိုးက တူရကီမှာ ဂါလာတာစာရေးဘက်သွင်းခဲ့တဲ့ ဂိုးနဲ့အတူတူပါပဲ။
ပြိုင်ဘက်ကစားသမားက ဖျက်ထုတ်တာ တွေ့လိုက်ချိန်မှာ

ကျွန်တော်လည်း ကန်မလိုလုပ်ရင်း ခြေယောင်ပြလိုက်တာပါ။
ပြီးတော့ ကန်လိုက်ချိန်မှာ ဂိုးမယ်လို့လည်း သိလိုက်ပါတယ်။
ကျွန်တော် အရမ်းပျော်ရွှင်မိသလို ပရိသတ်တွေရဲ့ချစ်ခင်မှုလည်း
ခံစားရပါတယ်။ ဘာစီလိုနာပရိသတ်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ”လို့ ပက်ဒရီက ပြောပါတယ်။
ပက်ဒရီဟာ ဇန်နဝါရီလက ဒဏ်ရာကနေ

ပြန်ကောင်းလာပြီးချိန်ကတည်းက အသင်းရဲ့
ဦးစားပေးကစားသမားအဖြစ် ပြန်လည်ရပ်တည်နေတာဖြစ်ပြီး
ပရိသတ်အချစ်တော်ကစားသမားတစ်ဦးဖြစ်နေပါတယ်။
ဘာစီလိုနာဟာ ကြာသပတေးနေ့ကျရင်
ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဖရန့်ဖတ်နဲ့

အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီးမှာ
လာလီဂါပွဲစဉ်အဖြစ် လီဗန်တေးနဲ့ ရင်ဆိုင်ရမှာပါ။

Zawgyi

ဆီဗီလာနဲ႔ပြဲက သူ႕ရဲ႕အံ့ဖြယ္သြင္းဂိုးအေၾကာင္း ရွင္းျပလာတဲ့ ပက္ဒရီ
ဘာစီလုိနာအသင္းကြင္းလယ္လူ ပက္ဒရီဟာ
ယမန္ေန႔ညက ဆီဗီလာကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ
သြင္းယူခဲ့တဲ့ အႏုိင္ဂိုးနဲ႔ပတ္သက္လုိ႔ ရွင္းျပလာပါတယ္။
စပိန္လက္ေရြးစင္ ပက္ဒရီဟာ ဒုတိယပိုင္းမွာ

လွလွပပသြင္းယူခဲ့တာျဖစ္ၿပီး ဘာစီလုိနာလည္း
အမွတ္ေပးဇယားရဲ႕ဒုတိယေနရာ ေရာက္လာပါတယ္။
ဘာစီလုိနာဟာ ပြဲၿပီးဖုိ႔ မိနစ္ ၂၀အလုိမွာ ပက္ဒရီရဲ႕
အံ့ဖြယ္သြင္းဂိုးမတိုင္ခင္ ဆီဗီလာခံစစ္ကို ထိုးေဖာက္ႏိုင္ဖို႔
အခက္ေတြ႕ခဲ့ရေပမယ့္ ပက္ဒရီရဲ႕ရူးေလာက္တဲ့သြင္းဂိုးက အဆုံးအျဖတ္ျဖစ္ခဲ့ပါတယ္။

”အဲဒီသြင္းဂိုးက တူရကီမွာ ဂါလာတာစာေရးဘက္သြင္းခဲ့တဲ့ ဂိုးနဲ႔အတူတူပါပဲ။
ၿပိဳင္ဘက္ကစားသမားက ဖ်က္ထုတ္တာ ေတြ႕လုိက္ခ်ိန္မွာ
ကၽြန္ေတာ္လည္း ကန္မလုိလုပ္ရင္း ေျခေယာင္ျပလုိက္တာပါ။
ၿပီးေတာ့ ကန္လုိက္ခ်ိန္မွာ ဂိုးမယ္လုိ႔လည္း သိလုိက္ပါတယ္။
ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္မိသလို ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈလည္း

ခံစားရပါတယ္။ ဘာစီလုိနာပရိသတ္ေတြက ကမၻာေပၚမွာ အေကာင္းဆုံးပါပဲ”လုိ႔ ပက္ဒရီက ေျပာပါတယ္။
ပက္ဒရီဟာ ဇန္န၀ါရီလက ဒဏ္ရာကေန
ျပန္ေကာင္းလာၿပီးခ်ိန္ကတည္းက အသင္းရဲ႕
ဦးစားေပးကစားသမားအျဖစ္ ျပန္လည္ရပ္တည္ေနတာျဖစ္ၿပီး
ပရိသတ္အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ေနပါတယ္။

ဘာစီလုိနာဟာ ၾကာသပေတးေန႔က်ရင္
ယူရိုပါလိဂ္ ကြာတားဖုိင္နယ္ပြဲစဥ္အျဖစ္ ဖရန္႔ဖတ္နဲ႔
အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီးမွာ
လာလီဂါပြဲစဥ္အျဖစ္ လီဗန္ေတးနဲ႔ ရင္ဆုိင္ရမွာပါ။