ဆီဗီလာဂိုးသမား ဒီမီထရိုဗစ်ကို ပီအက်ဗွီပရိသတ်က ကွင်းထဲအထိဝင်ရောက် တိုက်ခိုက်ခဲ့

ပီအက်စ်ဗွီနဲ့ ဆီဗီလာတို့ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်မှာတော့

အိမ်ရှင်ပရိသတ်တစ်ယောက်ဟာ ဆီဗီလာဂိုးသမား ဒီမီထရိုဗစ်ကို

ကွင်းထဲအထိဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ စပိန်ကလပ်ဟာ

ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ ပီအက်စ်ဗွီကို ၃-၀ နဲ့အနိုင်ရထားတာဖြစ်ပြီး

၂၀၀၆ ခုနှစ်ကတည်းက ၆ ကြိမ်တိုင်တိုင်အနိုင်ရထားတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ

၁၆ သင်းအဆင့်တက်လှမ်းဖို့မျှော်လင့်ချက်အားကောင်းခဲ့တာဖြစ်တယ်။

ဒုတိယအကျော့မှာတော့ ဒတ်ချ်ကလပ်ရဲ့တုံ့ပြန်မှုကကြောက်စရာကောင်းလွန်းခဲ့ပြီး

လုခ်ဒီဂျောင်၊ ဖေဘီယိုဆေးလ်ဗားတို့ရဲ့သွင်းဂိုးတွေနဲ့ ၂-၀ အနိုင်ရလဒ်ကို

ပုံဖော်သွားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဗွီအတွက်တော့ ဒီနိုင်ပွဲက

နောက်တစ်ဆင့်အတွက်လုံလောက်မှုမရှိခဲ့သလို အိမ်ရှင်ပရိသတ်

တစ်ယောက်ဟာ ဆီဗီလာဂိုးသမား ဒီမီထရိုဗစ်ဆီကိုတည့်တည့်ကြီး

ဝင်ရောက်လာခဲ့တာဖြစ်တယ်။ ပရိသတ်ကတိုက်ခိုက်ဖို့ကြိုးစားပေမယ့်

ဂိုးသမားက သူ့ကိုမြေပြင်ပေါ်ရောက်အောင်ဆွဲလှဲချနိုင်ခဲ့ပြီးနောက်

အခင်းဖြစ်ပွားရာနေရာကို ကွင်းလုံခြုံရေးတွေရောက်လာခဲ့ပါတယ်။

အရုပ်ဆိုးလွန်းတဲ့အဖြစ်အပျက်နဲ့ပက်သတ်လို့ ပွဲအပြီးမှာ ဆီဗီလာနည်းပြ

ဆမ်ပါအိုလီက “ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက ငါ့အတွက်အရမ်းပြင်းထန်ပုံရနေတယ်။

ဘယ်လိုအရေးယူမလဲတော့ မသိပါဘူး၊ ပုံမှန်အခြေအနေထက်တော့

ပိုပြင်းထန်သင့်တယ်။ ဒီလိုဖြစ်သွားတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်။

ကျွန်တော့်ဘက်က စိုးရိမ်ရတယ်လို့ယူဆသလို ဒါကိုရပ်တန့်ဖို့လိုပါတယ်။

ဒါမျိုးကိစ္စကို ကျွန်တော်တို့အသေအချာလက်တွဲလုပ်ဆောင်ရမယ်။

အနာဂတ်မှာထပ်ဖြစ်မလာဖို့အတွက်ပါ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

ဆီဗီလာဂိုးသမား ဒီမီထ႐ိုဗစ္ကို ပီအက္ဗြီပရိသတ္က ကြင္းထဲအထိဝင္ေရာက္ တိုက္ခိုက္ခဲ့

ပီအက္စ္ဗြီနဲ႔ ဆီဗီလာတို႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ပြဲစဥ္မွာေတာ့

အိမ္ရွင္ပရိသတ္တစ္ေယာက္ဟာ ဆီဗီလာဂိုးသမား ဒီမီထ႐ိုဗစ္ကို

ကြင္းထဲအထိဝင္ေရာက္ တိုက္ခိုက္ခဲ့ပါတယ္။ စပိန္ကလပ္ဟာ

ပထမအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ ပီအက္စ္ဗြီကို ၃-၀ နဲ႔အႏိုင္ရထားတာျဖစ္ၿပီး

၂၀၀၆ ခုႏွစ္ကတည္းက ၆ ႀကိမ္တိုင္တိုင္အႏိုင္ရထားတဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ

၁၆ သင္းအဆင့္တက္လွမ္းဖို႔ေမွ်ာ္လင့္ခ်က္အားေကာင္းခဲ့တာျဖစ္တယ္။

ဒုတိယအေက်ာ့မွာေတာ့ ဒတ္ခ်္ကလပ္ရဲ႕တုံ႔ျပန္မႈကေၾကာက္စရာေကာင္းလြန္းခဲ့ၿပီး

လုခ္ဒီေဂ်ာင္၊ ေဖဘီယိုေဆးလ္ဗားတို႔ရဲ႕သြင္းဂိုးေတြနဲ႔ ၂-၀ အႏိုင္ရလဒ္ကို

ပုံေဖာ္သြားႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဗြီအတြက္ေတာ့ ဒီႏိုင္ပြဲက

ေနာက္တစ္ဆင့္အတြက္လုံေလာက္မႈမရွိခဲ့သလို အိမ္ရွင္ပရိသတ္

တစ္ေယာက္ဟာ ဆီဗီလာဂိုးသမား ဒီမီထ႐ိုဗစ္ဆီကိုတည့္တည့္ႀကီး

ဝင္ေရာက္လာခဲ့တာျဖစ္တယ္။ ပရိသတ္ကတိုက္ခိုက္ဖို႔ႀကိဳးစားေပမယ့္

ဂိုးသမားက သူ႔ကိုေျမျပင္ေပၚေရာက္ေအာင္ဆြဲလွဲခ်ႏိုင္ခဲ့ၿပီးေနာက္

အခင္းျဖစ္ပြားရာေနရာကို ကြင္းလုံၿခဳံေရးေတြေရာက္လာခဲ့ပါတယ္။

အ႐ုပ္ဆိုးလြန္းတဲ့အျဖစ္အပ်က္နဲ႔ပက္သတ္လို႔ ပြဲအၿပီးမွာ ဆီဗီလာနည္းျပ

ဆမ္ပါအိုလီက “ဒီေန႔ျဖစ္ပ်က္ခဲ့တာေတြက ငါ့အတြက္အရမ္းျပင္းထန္ပုံရေနတယ္။

ဘယ္လိုအေရးယူမလဲေတာ့ မသိပါဘူး၊ ပုံမွန္အေျခအေနထက္ေတာ့

ပိုျပင္းထန္သင့္တယ္။ ဒီလိုျဖစ္သြားတာ အရမ္းဝမ္းနည္းဖို႔ေကာင္းတယ္။

ကြၽန္ေတာ့္ဘက္က စိုးရိမ္ရတယ္လို႔ယူဆသလို ဒါကိုရပ္တန႔္ဖို႔လိုပါတယ္။

ဒါမ်ိဳးကိစၥကို ကြၽန္ေတာ္တို႔အေသအခ်ာလက္တြဲလုပ္ေဆာင္ရမယ္။

အနာဂတ္မွာထပ္ျဖစ္မလာဖို႔အတြက္ပါ” လို႔ ေျပာဆိုခဲ့ပါတယ္။