
ဘာကီနာဖာဆိုကို အနိုင်ရခဲ့တဲ့ဆီဖီးဖိုင်နယ်ပွဲစဉ်မှာ
လီဗာပူးတိုက်စစ်မှုးမာနီဟာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး
ဆီနီဂေါကို ဗိုလ်လုပွဲဆီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဆီနီဂေါရခဲ့တဲ့ ၃ ဂိုးစလုံးဟာ မိနစ် ၇၀ နဲ့နောက်ပိုင်းမှာဖြစ်ပြီး
သူတို့ဟာ အာဖရိကဖလားမှာ နောက်ဆုံး ၂ ကြိမ်ဆက်အဖြစ် ဗိုလ်လုပွဲကစားနိုင်ခဲ့တာပါ။
သူတို့ဟာ တစ်ဖက်က ဆီမီးပွဲဖြစ်တဲ့ အီဂျစ်နဲ့ကင်မရွန်းပွဲကနေ
အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲနွှဲရမှာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဘာကီနာဖာဆိုရဲ့မာမာကျောကျောကစားပုံကြောင့်
ဆီနီဂေါဟာ ကျော်ဖြတ်ဂိုးသွင်းနိုင်ဖို့ အတော်လေးအားထုတ်ကြိုးပမ်းခဲ့ရပါတယ်။
မိနစ် ၇၀ ရောက်မှ ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့တာဖြစ်ပြီး
၇၆ မိနစ်မှာ မာနီရဲ့ဂိုးဖန်တီးမှုနဲ့ ဒုတိယဂိုးရခဲ့ပြန်တာပါ။
အဲဒီဂိုးဟာ မာနီရဲ့လုံးဝအလျှော့မပေးတတ်တဲ့
ကြိုးပမ်းမှုကြောင့် ရခဲ့တာဖြစ်ပါတယ်။
ပြိုင်ဘက်နောက်ခံလူက ဂိုးလွန်းဘောဖြစ်အောင် ဘော်ဒီနဲ့ကာဖို့လုပ်တာကို
မာနီက စည်းစပ်နားမှာပဲ ဖြတ်ယူသွားပြီး ဂူယီပိတ်သွင်းနိုင်အောင် ပြန်ချိုးပေးခဲ့တာပါ။
၈၂ မိနစ်မှာ ဘာကီနာဖာဆိုကို ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရပေမယ့်
၈၇ မိနစ်မှာ မာနီက ဆီနီဂေါအတွက် အနိုင်သေချာစေမယ့် တတိယဂိုးသွင်းခဲ့ပါတယ်။
တန်ပြန်တိုက်စစ်ကနေ တစ်ယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားတဲ့ မာနီဟာ
ဘောလုံးကို ဆွဲယူသွားပြီး ဂိုးသမားနဲ့အတွေ့မှာ ကျော်သွင်းယူခဲ့တာပါ။
အဲဒီဂိုးကြောင့် မာနီဟာ စုစုပေါင်း ၂၉ ဂိုးနဲ့ ဆီနီဂေါအသင်းသမိုင်းတစ်လျှောက်
တွဲဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါတယ်။
zawgyi
ဆီနီေဂါအသင္းသမိုင္းတစ္ေလွ်ာက္ တြဲဂိုးအမ်ားဆုံးသြင္းသူ ျဖစ္လာခဲ့တဲ့ မာနီ
ဘာကီနာဖာဆိုကို အႏိုင္ရခဲ့တဲ့ဆီဖီးဖိုင္နယ္ပြဲစဥ္မွာ
လီဗာပူးတိုက္စစ္မႈးမာနီဟာ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး
ဆီနီေဂါကို ဗိုလ္လုပြဲဆီပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ ဆီနီေဂါရခဲ့တဲ့ ၃ ဂိုးစလုံးဟာ မိနစ္ ၇၀ နဲ႔ေနာက္ပိုင္းမွာျဖစ္ၿပီး
သူတို႔ဟာ အာဖရိကဖလားမွာ ေနာက္ဆုံး ၂ ႀကိမ္ဆက္အျဖစ္ ဗိုလ္လုပြဲကစားႏိုင္ခဲ့တာပါ။
သူတို႔ဟာ တစ္ဖက္က ဆီမီးပြဲျဖစ္တဲ့ အီဂ်စ္နဲ႔ကင္မ႐ြန္းပြဲကေန
အႏိုင္ရတဲ့အသင္းနဲ႔ ဗိုလ္လုပြဲႏႊဲရမွာ ျဖစ္ပါတယ္။
အဲဒီပြဲမွာ ဘာကီနာဖာဆိုရဲ႕မာမာေက်ာေက်ာကစားပုံေၾကာင့္
ဆီနီေဂါဟာ ေက်ာ္ျဖတ္ဂိုးသြင္းႏိုင္ဖို႔ အေတာ္ေလးအားထုတ္ႀကိဳးပမ္းခဲ့ရပါတယ္။
မိနစ္ ၇၀ ေရာက္မွ ဦးေဆာင္ဂိုးစသြင္းႏိုင္ခဲ့တာျဖစ္ၿပီး
၇၆ မိနစ္မွာ မာနီရဲ႕ဂိုးဖန္တီးမႈနဲ႔ ဒုတိယဂိုးရခဲ့ျပန္တာပါ။
အဲဒီဂိုးဟာ မာနီရဲ႕လုံးဝအေလွ်ာ့မေပးတတ္တဲ့
ႀကိဳးပမ္းမႈေၾကာင့္ ရခဲ့တာျဖစ္ပါတယ္။
ၿပိဳင္ဘက္ေနာက္ခံလူက ဂိုးလြန္းေဘာျဖစ္ေအာင္ ေဘာ္ဒီနဲ႔ကာဖို႔လုပ္တာကို
မာနီက စည္းစပ္နားမွာပဲ ျဖတ္ယူသြားၿပီး ဂူယီပိတ္သြင္းႏိုင္ေအာင္ ျပန္ခ်ိဳးေပးခဲ့တာပါ။
၈၂ မိနစ္မွာ ဘာကီနာဖာဆိုကို ေခ်ပဂိုးတစ္ဂိုးျပန္ေပးခဲ့ရေပမယ့္
၈၇ မိနစ္မွာ မာနီက ဆီနီေဂါအတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးသြင္းခဲ့ပါတယ္။
တန္ျပန္တိုက္စစ္ကေန တစ္ေယာက္တည္းလြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္သြားတဲ့ မာနီဟာ
ေဘာလုံးကို ဆြဲယူသြားၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ေက်ာ္သြင္းယူခဲ့တာပါ။
အဲဒီဂိုးေၾကာင့္ မာနီဟာ စုစုေပါင္း ၂၉ ဂိုးနဲ႔ ဆီနီေဂါအသင္းသမိုင္းတစ္ေလွ်ာက္
တြဲဂိုးအမ်ားဆုံးသြင္းသူ ျဖစ္လာခဲ့ပါတယ္။