ဆီနီဂေါပရိသတ် ၅၀ ဦးအတွက် လေယာဉ်လက်မှတ်တွေ ဝယ်ယူပေးခဲ့တဲ့ မာနေး

ဆီနီဂေါအသင်းခေါင်းဆောင်တိုက်စစ်မှူးမာနေးဟာ

ဘာကီနာဖာဆိုနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ဆီနီဂေါပရိသတ် ၅၀ ဦးအတွက်

လေယာဉ်လက်မှတ်တွေ ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပွဲစဉ်ကို ကြည့်ရှုချင်နေတဲ့ ပိုက်ဆံမတတ်နိုင်တဲ့ ပရိသတ်တွေအတွက်

မာနေးက ကင်မရွန်းကိုအရောက်လာဖို့

လေယာဉ်လက်မှတ်တွေဝယ်ပေးခဲ့တာလို့လည်း သိရပါတယ်။

အခုဆိုရင် ဆီနီဂေါကတော့ ဗိုလ်လုပွဲအထိတက်ရောက်သွားခဲ့ပြီဖြစ်ကာ

အီဂျစ်နဲ့ ကစားရတော့မှာလည်းဖြစ်ပါတယ်။

ဗိုလ်လုပွဲအတွက်လည်း မာနေးက လေယာဉ်လက်မှတ်တွေစီစဉ်ပေးထားပြီး

ဒီတစ်ကြိမ်ကအစောင်ရေ ပိုမိုများပြားတယ်လို့လည်း သိရပါတယ်။

ဆီနီဂေါ အသင်းဟာ အာဖရိကဖလား အကြိုဗိုလ်လုပွဲအဖြစ်

ဘာကီနာ ဖာဆို အသင်းနဲ့ ကစားခဲ့ရာ ၃ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာနေး ဟာ အဲဒီပွဲမှာ တစ်ဂိုးသွင်းယူ ခဲ့တာကြောင့်

ဆီနီဂေါ လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့

ကာမာရာ ရဲ့ သွင်းဂိုး(၂၉)ဂိုးနဲ့ တူညီသွားခဲ့တာလည်းဖြစ်ပါတယ်။

မာနေး ဟာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာ

ဆီနီဂေါအသင်းအတွက် အတွက် (၃)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးကာ

ခြေစွမ်းပြသနေတာပါ။

ဆီနီဂေါ အသင်းဟာ ပြီးခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာလည်း

ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါ အသင်းဟာ အာဖရိကဖလား ဗိုလ်လုပွဲကို

အခုတစ်ကြိမ်အပါအဝင် (၃)ကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့်

အရင်(၂)ကြိမ်လုံးကတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

zawgyi

ဆီနီေဂါပရိသတ္ ၅၀ ဦးအတြက္ ေလယာဥ္လက္မွတ္ေတြ ဝယ္ယူေပးခဲ့တဲ့ မာေနး

ဆီနီေဂါအသင္းေခါင္းေဆာင္တိုက္စစ္မႉးမာေနးဟာ

ဘာကီနာဖာဆိုနဲ႔ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္မွာ ဆီနီေဂါပရိသတ္ ၅၀ ဦးအတြက္

ေလယာဥ္လက္မွတ္ေတြ ဝယ္ယူေပးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါပြဲစဥ္ကို ၾကည့္ရႈခ်င္ေနတဲ့ ပိုက္ဆံမတတ္ႏိုင္တဲ့ ပရိသတ္ေတြအတြက္

မာေနးက ကင္မ႐ြန္းကိုအေရာက္လာဖို႔

ေလယာဥ္လက္မွတ္ေတြဝယ္ေပးခဲ့တာလို႔လည္း သိရပါတယ္။

အခုဆိုရင္ ဆီနီေဂါကေတာ့ ဗိုလ္လုပြဲအထိတက္ေရာက္သြားခဲ့ၿပီျဖစ္ကာ

အီဂ်စ္နဲ႔ ကစားရေတာ့မွာလည္းျဖစ္ပါတယ္။

ဗိုလ္လုပြဲအတြက္လည္း မာေနးက ေလယာဥ္လက္မွတ္ေတြစီစဥ္ေပးထားၿပီး

ဒီတစ္ႀကိမ္ကအေစာင္ေရ ပိုမိုမ်ားျပားတယ္လို႔လည္း သိရပါတယ္။

ဆီနီေဂါ အသင္းဟာ အာဖရိကဖလား အႀကိဳဗိုလ္လုပြဲအျဖစ္

ဘာကီနာ ဖာဆို အသင္းနဲ႔ ကစားခဲ့ရာ ၃ဂိုး-၁ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

မာေနး ဟာ အဲဒီပြဲမွာ တစ္ဂိုးသြင္းယူ ခဲ့တာေၾကာင့္

ဆီနီေဂါ လက္ေ႐ြးစင္ အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္တဲ့

ကာမာရာ ရဲ႕ သြင္းဂိုး(၂၉)ဂိုးနဲ႔ တူညီသြားခဲ့တာလည္းျဖစ္ပါတယ္။

မာေနး ဟာ က်င္းပေနတဲ့ အာဖရိကဖလားၿပိဳင္ပြဲမွာ

ဆီနီေဂါအသင္းအတြက္ အတြက္ (၃)ဂိုးသြင္းၿပီး (၂)ဂိုးဖန္တီးကာ

ေျခစြမ္းျပသေနတာပါ။ဆီနီေဂါ အသင္းဟာ

ၿပီးခဲ့တဲ့ အာဖရိကဖလား ဗိုလ္လုပြဲမွာလည္း

ဗိုလ္လုပြဲတက္ႏိုင္ခဲ့ေပမယ့္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဆီနီေဂါ အသင္းဟာ အာဖရိကဖလား ဗိုလ္လုပြဲကို

အခုတစ္ႀကိမ္အပါအဝင္ (၃)ႀကိမ္တက္ေရာက္ႏိုင္ခဲ့ေပမယ့္

အရင္(၂)ႀကိမ္လုံးကေတာ့ ဒုတိယနဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။