ဆိုးလ်ရှား အသုံးပြုလာနိုင်တဲ့ အတ္တလန်တာနဲ့ ပွဲမှာ ပွဲထွက်ကစားသမားစာရင်းနဲ့ ခန့်မှန်း နည်းဗျူဟာ ထွက်ပေါ်လာ

ဒီည ဗုဒ္ဓဟူးနေ့ နံနက် ( ၂း၃၀ )မှာ ကစားမယ့် ကစားမယ့် အတ္တလန်တာအသင်းနဲ့

ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်၊ ပွဲစဉ် (၄)ဟာ ယူနိုက်တက် အသင်းအတွက်

အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တက်ဖို့ ဖြစ်နိုင်မဖြစ်နိုင် အဆုံးအဖြတ်

ဖြစ်လာမယ့် ပွဲစဉ်လို့ဆိုရမှာပါပဲ။ ချန်ပီယံလိဂ် (၃)ပွဲကစားပြီချိန်မှာ

ရမှတ် (၆)မှတ် ရရှိထားပြီး ဇယားထိပ်မှာ ရပ်တည်နိုင်နေပေမယ့် အုပ်စု (F) က

အသင်းတွေအားလုံးဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ အခွင့်အရေးတွေရှိနေကြပါတယ်။

ယူနိုက်တက်အသင်းကလည်း နောက်ထပ်တွေ့ရမယ့် အသင်းတွေဟာ

ဗီလာရီးရဲလ်နဲ့ အဝေးကွင်း ၊ ယန်းဘွိုင်းနဲ့ အိမ်ကွင်းတို့မှာ ရင်ဆိုင်ရမှာ

ဖြစ်တာကြောင့် ပြိုင်ဘက် တွေနဲ့ ရမှတ်ကို စောစော ဖြတ်ထားနိုင်ဖို့လိုအပ်နေပါတယ်။

အုပ်စုပွဲစဉ် (၁)မှာ ယန်းဘွိုင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် အတွက်

ဒီတစ်ကြိမ်မှာတော့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ

လက်ခံကစားရမှာ ဖြစ်လို့ လွယ်ကူနိုင်မယ့် ပွဲစဉ်ဖြစ်နိုင်ပေမယ့်

ဗီလာရီးရဲလ်ကို အဝေးကွင်းသွားကစားရမှာဖြစ်တာကြောင့် ဆိုးလ်ရှားရဲ့

နည်းဗျူဟာအရဆိုရင် အမှတ်ရရှိဖို့ အတော်ခက်ပါလိမ့်မယ်။

ဒါကြောင့် အုပ်စုတွင်းမှာ အားနည်းတဲ့ အသင်း (၂) သင်းထဲက

တစ်သင်းဖြစ်တဲ့ အတ္တလန်တာအသင်းကို အနိုင်ရယူထားနိုင်မှသာ

ယူနိုက်တက်တို့အနေနဲ့ အုပ်စုကလွတ်ဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။

ပထမအကျော့ အိုးလ်ထရက်ဒ်ဖို့ဒ်မှာ အတ္တလန်တာအသင်းကို (၃−၂) ဂိုး နဲ့

အနိုင်ရခဲ့ပေမယ့် အဲ့သည့်ပွဲမှာတုန်းက ပထမပိုင်းမှာ အတ္တလန်တာက

(၂) ဂိုးသွင်းပြီး ဦးဆောင်သွားခဲ့ပါသေးတယ်။

အခု အီတလီမှာ ကစားမယ့်ပွဲစဉ်အတွက် ဘာဂါမိုကို ခရီးထွက်လာချိန်မှာ

ပထမအကျော့ ကပါဝင်ကစားခဲ့တဲ့ လင်ဒီလော့ဖ်ကတော့ လေ့ကျင့်ရေးကွင်းမှာ

အသေးစား ဒဏ်ရာရခဲ့တာကြောင့် ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် ဒဏ်ရာက ပြန်လည်သက်လာတဲ့ လူငယ်ကစားသမား အာမက်က

အသင်းဟောင်း အတ္တလန်တာနဲ့ ကစားမယ့် ယူနိုက်တက် အသင်းရဲ့

လူစာရင်းမှာ ပါဝင်လာခဲ့ပြီး အတ္တလန်တာနဲ့ပွဲအတွက် ဘာဂါမိုကို

ခရီးထွက်လာခဲ့ကြတဲ့ ယူနိုက်တက် အသင်းရဲ့ ကစားသမားစာရင်းတွေကတော့

ဂိုး − ဒီဂီယာ ၊ ဟန်ဒါဆင် ၊ တွမ်ဟီတန်

နောက်တန်း − ဘိုင်လီ ၊ ဒါလော့ ၊ မက်ဂွိုင်းယား ၊ လုခ်ရှော ၊ ဘစ်ဆာကာ ၊ တဲလက်စ် ၊ ဗာရန်း

အလယ်တန်း − ဖာနန်ဒက်စ် ၊ ပေါ့ဘာ ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတာ ၊ မာတစ် ၊ လင်ဂတ် ၊ ဗန်ဒီဘိခ်

ရှေ့တန်း − အာမက် ၊ ကာဗာနီ ၊ ရော်နာလ်ဒို ၊ ဂရင်းဝုဒ် ၊ ဆန်ချို ၊ ရက်ရှ်ဖို့ဒ် ၊ မာရှယ် တို့ဖြစ်ပါတယ်။

ခန့်မှန်း သတင်းတွေအရတော့ ဆိုးလ်ရှားဟာ စပါးကိုအနိုင်ရရှိခဲ့တဲ့

3_4_1_2 ကစားကွက်ကိုသာ ဆက်လက်အသုံးပြုနိုင်မယ်လို့ ယူဆနေကြပြီး

ဒီဂီယာ ၊ ဘစ်ဆာကာ ၊ ဗာရန်း ၊ မက်ဂွိုင်းယား ၊ ဒါလော့ ၊ တော်မီနေး ၊

ပေါ့ဘာ ၊ တဲလက်စ် ၊ ဖာနန်ဒက်စ် ၊ ကာဗာနီ ၊ ရော်နာလ်ဒိုတို့နဲ့ ပွဲထွက်လာမယ် ခန့်မှန်းထားကြပါတယ်။

zawgyi

ဆိုးလ္ရွား အသုံးျပဳလာႏိုင္တဲ့ အတၱလန္တာနဲ႔ ပြဲမွာ ပြဲထြက္ကစားသမားစာရင္းနဲ႔ ခန႔္မွန္း နည္းဗ်ဴဟာ ထြက္ေပၚလာ

ဒီည ဗုဒၶဟူးေန႔ နံနက္ ( ၂း၃၀ )မွာ ကစားမယ့္ ကစားမယ့္ အတၱလန္တာအသင္းနဲ႔

ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္၊ ပြဲစဥ္ (၄)ဟာ ယူႏိုက္တက္ အသင္းအတြက္

အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္ တက္ဖို႔ ျဖစ္ႏိုင္မျဖစ္ႏိုင္ အဆုံးအျဖတ္

ျဖစ္လာမယ့္ ပြဲစဥ္လို႔ဆိုရမွာပါပဲ။ ခ်န္ပီယံလိဂ္ (၃)ပြဲကစားၿပီခ်ိန္မွာ

ရမွတ္ (၆)မွတ္ ရရွိထားၿပီး ဇယားထိပ္မွာ ရပ္တည္ႏိုင္ေနေပမယ့္ အုပ္စု (F) က

အသင္းေတြအားလုံးဟာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အခြင့္အေရးေတြရွိေနၾကပါတယ္။

ယူႏိုက္တက္အသင္းကလည္း ေနာက္ထပ္ေတြ႕ရမယ့္ အသင္းေတြဟာ

ဗီလာရီးရဲလ္နဲ႔ အေဝးကြင္း ၊ ယန္းဘြိဳင္းနဲ႔ အိမ္ကြင္းတို႔မွာ ရင္ဆိုင္ရမွာ

ျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ ေတြနဲ႔ ရမွတ္ကို ေစာေစာ ျဖတ္ထားႏိုင္ဖို႔လိုအပ္ေနပါတယ္။

အုပ္စုပြဲစဥ္ (၁)မွာ ယန္းဘြိဳင္းကို ရႈံးနိမ့္ခဲ့တဲ့ ယူႏိုက္တက္ အတြက္

ဒီတစ္ႀကိမ္မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ

လက္ခံကစားရမွာ ျဖစ္လို႔ လြယ္ကူႏိုင္မယ့္ ပြဲစဥ္ျဖစ္ႏိုင္ေပမယ့္

ဗီလာရီးရဲလ္ကို အေဝးကြင္းသြားကစားရမွာျဖစ္တာေၾကာင့္ ဆိုးလ္ရွားရဲ႕

နည္းဗ်ဴဟာအရဆိုရင္ အမွတ္ရရွိဖို႔ အေတာ္ခက္ပါလိမ့္မယ္။

ဒါေၾကာင့္ အုပ္စုတြင္းမွာ အားနည္းတဲ့ အသင္း (၂) သင္းထဲက

တစ္သင္းျဖစ္တဲ့ အတၱလန္တာအသင္းကို အႏိုင္ရယူထားႏိုင္မွသာ

ယူႏိုက္တက္တို႔အေနနဲ႔ အုပ္စုကလြတ္ဖို႔ ေမွ်ာ္လင့္ႏိုင္ပါလိမ့္မယ္။

ပထမအေက်ာ့ အိုးလ္ထရက္ဒ္ဖို႔ဒ္မွာ အတၱလန္တာအသင္းကို (၃−၂) ဂိုး နဲ႔

အႏိုင္ရခဲ့ေပမယ့္ အဲ့သည့္ပြဲမွာတုန္းက ပထမပိုင္းမွာ အတၱလန္တာက

(၂) ဂိုးသြင္းၿပီး ဦးေဆာင္သြားခဲ့ပါေသးတယ္။

အခု အီတလီမွာ ကစားမယ့္ပြဲစဥ္အတြက္ ဘာဂါမိုကို ခရီးထြက္လာခ်ိန္မွာ

ပထမအေက်ာ့ ကပါဝင္ကစားခဲ့တဲ့ လင္ဒီေလာ့ဖ္ကေတာ့ ေလ့က်င့္ေရးကြင္းမွာ

အေသးစား ဒဏ္ရာရခဲ့တာေၾကာင့္ ပါဝင္လာခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္ ဒဏ္ရာက ျပန္လည္သက္လာတဲ့ လူငယ္ကစားသမား အာမက္က

အသင္းေဟာင္း အတၱလန္တာနဲ႔ ကစားမယ့္ ယူႏိုက္တက္ အသင္းရဲ႕

လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး အတၱလန္တာနဲ႔ပြဲအတြက္ ဘာဂါမိုကို

ခရီးထြက္လာခဲ့ၾကတဲ့ ယူႏိုက္တက္ အသင္းရဲ႕ ကစားသမားစာရင္းေတြကေတာ့

ဂိုး − ဒီဂီယာ ၊ ဟန္ဒါဆင္ ၊ တြမ္ဟီတန္

ေနာက္တန္း − ဘိုင္လီ ၊ ဒါေလာ့ ၊ မက္ဂြိဳင္းယား ၊ လုခ္ေရွာ ၊ ဘစ္ဆာကာ ၊ တဲလက္စ္ ၊ ဗာရန္း

အလယ္တန္း − ဖာနန္ဒက္စ္ ၊ ေပါ့ဘာ ၊ ဖရက္ဒ္ ၊ ေတာ္မီေနး ၊ မာတာ ၊ မာတစ္ ၊ လင္ဂတ္ ၊ ဗန္ဒီဘိခ္

ေရွ႕တန္း − အာမက္ ၊ ကာဗာနီ ၊ ေရာ္နာလ္ဒို ၊ ဂရင္းဝုဒ္ ၊ ဆန္ခ်ိဳ ၊ ရက္ရွ္ဖို႔ဒ္ ၊ မာရွယ္ တို႔ျဖစ္ပါတယ္။

ခန႔္မွန္း သတင္းေတြအရေတာ့ ဆိုးလ္ရွားဟာ စပါးကိုအႏိုင္ရရွိခဲ့တဲ့

3_4_1_2 ကစားကြက္ကိုသာ ဆက္လက္အသုံးျပဳႏိုင္မယ္လို႔ ယူဆေနၾကၿပီး

ဒီဂီယာ ၊ ဘစ္ဆာကာ ၊ ဗာရန္း ၊ မက္ဂြိဳင္းယား ၊ ဒါေလာ့ ၊ ေတာ္မီေနး ၊

ေပါ့ဘာ ၊ တဲလက္စ္ ၊ ဖာနန္ဒက္စ္ ၊ ကာဗာနီ ၊ ေရာ္နာလ္ဒိုတို႔နဲ႔ ပြဲထြက္လာမယ္ ခန႔္မွန္းထားၾကပါတယ္။