ဆိုးလ်ရှား အနားယူနေစဥ်မှာ ကြိုးစားနေတဲ့ သရဲနီများ

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေစဉ် ၂နှစ် အတွင်းမှာ အသင်းကို

တိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေ

ကြောင့် ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့

ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

အခုချိန်မှာ အားလပ်ရက် (၁) ပတ်ရရှိထားတာကြောင့်ဆိုးလ်ရှားကိုယ်တိုင်ကတော့

အထုတ်အပိုးတွေဆွဲပြီး မွေးရပ်မြေ နော်ဝေကို ပြန်သွားခဲ့ပါပြီ။ မန်ချက်စတာမြို့မှာ

ဝမ်ဘစ်ဆာကာ၊ ဂရင်းဝုဒ်၊ မာရှယ်လ်၊ အဲလက်စ်တဲလက်စ်တို့ အပါအဝင် ကစားသမား

အချို့က လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစရာ မလိုခဲ့ဘဲ သူတို့ဘာသာသူတို့ပဲ ကိုယ်ပိုင်

လေ့ကျင့်ခန်း အစီအစဉ်တွေပြုလုပ်နေတာကို ဆိုရှယ်မီဒီယာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။

ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကတော့ ပေါ်တူဂီနိုင်ငံမှာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို

ပြုလုပ်နေပြီး မာတစ်ကလည်း သူ့ရဲ့မွေးရပ်မြေမှာ လေ့ကျင့်ခန်းတွေပြုလုပ်လျက်ရှိပါတယ်။

တိုက်စစ်ကစားသမား မာရှယ်လ်ကလည်း သူ့အိမ်မှာပဲ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေ

ပြုလုပ်နေပါတယ်။ ဆိုးလ်ရှားအနားယူနေချိန်မှာ သရဲနီကစားသမား အချို့ကတော့

အားလပ်ရက်ရချိန်မှာအနားမယူဘဲအသင်းကို ပိုမိုကူညီနိုင်ဖို့အတွက် အားထုတ်

နေကြတာပဲဖြစ်ပါတယ်။

Zawgyi

ဆိုးလ္ရွား အနားယူေနစဥ္မွာ ႀကိဳးစားေနတဲ့ သရဲနီမ်ား

ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းကို ကိုင္တြယ္ေနစဥ္ ၂ႏွစ္ အတြင္းမွာ အသင္းကို

တိုးတက္လာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ နည္းစနစ္ပိုင္း အားနည္းခ်က္ေတြ

ေၾကာင့္ ယူႏိုက္တက္အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ေကာင္းေတြ ရရွိဖို႔

႐ုန္းကန္ေနရၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ပြဲမွာ ၁ပြဲသာ အႏိုင္ရရွိခဲ့ပါတယ္။

အခုခ်ိန္မွာ အားလပ္ရက္ (၁) ပတ္ရရွိထားတာေၾကာင့္ဆိုးလ္ရွားကိုယ္တိုင္ကေတာ့

အထုတ္အပိုးေတြဆြဲၿပီး ေမြးရပ္ေျမ ေနာ္ေဝကို ျပန္သြားခဲ့ပါၿပီ။ မန္ခ်က္စတာၿမိဳ႕မွာ

ဝမ္ဘစ္ဆာကာ၊ ဂရင္းဝုဒ္၊ မာရွယ္လ္၊ အဲလက္စ္တဲလက္စ္တို႔ အပါအဝင္ ကစားသမား

အခ်ိဳ႕က လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းစရာ မလိုခဲ့ဘဲ သူတို႔ဘာသာသူတို႔ပဲ ကိုယ္ပိုင္

ေလ့က်င့္ခန္း အစီအစဥ္ေတြျပဳလုပ္ေနတာကို ဆိုရွယ္မီဒီယာေတြေပၚမွာ မွ်ေဝခဲ့ပါတယ္။

ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္ကေတာ့ ေပၚတူဂီႏိုင္ငံမွာ ႀကံ့ခိုင္မႈေလ့က်င့္ခန္းေတြကို

ျပဳလုပ္ေနၿပီး မာတစ္ကလည္း သူ႔ရဲ႕ေမြးရပ္ေျမမွာ ေလ့က်င့္ခန္းေတြျပဳလုပ္လ်က္ရွိပါတယ္။

တိုက္စစ္ကစားသမား မာရွယ္လ္ကလည္း သူ႔အိမ္မွာပဲ ကိုယ္ပိုင္ေလ့က်င့္ခန္းေတြ

ျပဳလုပ္ေနပါတယ္။ ဆိုးလ္ရွားအနားယူေနခ်ိန္မွာ သရဲနီကစားသမား အခ်ိဳ႕ကေတာ့

အားလပ္ရက္ရခ်ိန္မွာအနားမယူဘဲအသင္းကို ပိုမိုကူညီႏိုင္ဖို႔အတြက္ အားထုတ္

ေနၾကတာပဲျဖစ္ပါတယ္။