
မန်ယူအသင်းဟာ ဝက်ဖို့ဒ်ကို ၄-၁ နဲ့အဝေးကွင်းမှာရှုံးနိမ့်ပြီးတဲ့နောက်
နည်းပြဆိုးလ်ရှားကို ရာထူးကနေထုတ်ပယ်လိုက်တယ်ဆိုတာအားလုံးသိကြပြီး
ဖြစ်ပါတယ်။ တစ်ချို့ကတော့ ဝက်ဖို့ဒ်ကိုရှုံးလို့ ဆိုးလ်ရှားအခွင့်အရေး
ဆက်မရတော့ဘဲအထုတ်ခံလိုက်ရတာလို့ ဆိုကြ
ပေမယ့် ဒီထုတ်ပယ်မှုရဲ့နောက်ကွယ်မှာအခြားအကြောင်းတွေအများကြီး
ရှိနေပါတယ်။ သူ့ရဲ့နည်းဗျူဟာပိုင်းဆိုင်ရာကျရှုံးမှု၊ ပြီးခဲ့တဲ့ရာ
သီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာအရေးနိမ့်ခဲ့မှု၊ မက်ဂွိုင်းယား၊ ပေါ့ဂ်ဘာတို့နဲ့
ပတ်သက်ပြီးအမှားတွေကျူးလွန်ခဲ့မှု အစရှိတာတွေဟာသူမ
အောင်မြင်ခဲ့မှုရဲ့အဓိကကျတဲ့အချက်တွေပါ။ The Sun သတင်းစာကြီးက
ဖော်ပြခဲ့တဲ့ ဆိုးလ်ရှားအထုတ်ခံရမှုရဲ့အဓိကကျတဲ့အကြောင်း၅ ချက်ကို
ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
၁။ ကမောက်ကမကျတဲ့စဉ်းစားတွေးခေါ်မှုများ
+မီဒီယာတွေနဲ့တွေ့ရတဲ့အချိန်တိုင်း ဆိုလ်းရှားပြောဆိုမှုတွေက ဝေဖန်စရာ
ဖြစ်ခဲ့ပါတယ်။ ဥရောပမှာအကောင်းဆုံးမှတ်တမ်းတွေပိုင်
ဆိုင်ခဲ့တဲ့ ဆန်ချိုကိုဈေးကြီးပေးခေါ်ယူခဲ့ပေမယ့် ဘယ်လိုအချိန်၊ ဘယ်လိုနေရာနဲ့
ဘယ်လိုအသုံးပြုမလဲဆိုတာ ကောင်းကောင်းမသိ
ခဲ့ပါဘူး။ ပေါ့ဂ်ဘာကိုတိုက်စစ်ပိုလိုက်ခိုင်းတဲ့ နယူးကာဆယ်နဲ့ပွဲမှာဒီပြင်သစ်သားက
ဖန်တီးမှုတွေအများကြီးပြုလုပ်ပေးခဲ့ပေမယ့်
နောက်ပွဲတွေမှာ ကွင်းလယ်နဲ့ခံစစ်ပိုင်းကိုအဓိကထားစေတဲ့ deep role မှာ
တာဝန်ပေးခဲ့ပြန်ပါတယ်။ ဒါဟာသူ့ရဲ့လူနေရာချထားမှုပိုင်ပိုင်နိုင်နိုင်မရှိတာကို
ပြသနေတာပါ။ ခံစစ်မှာ ၃ ယောက်ထားတဲ့ပုံစံကိုကျင့်သုံးမှုတွေရှိပေမယ့်
၄ ယောက်တန်းကိုပိုင်နိုင်စွာလုပ်ပြနိုင်ခြင်းမရှိပါဘူး။ ကစားသမားတွေဟာ
အပြောင်းအလဲလုပ်ဖို့ခဲယဉ်းခဲ့ပြီး စိတ်ဓါတ်လည်းကျခဲ့ကြပါတယ်။ ဒါကြောင့်လည်း
ဆိုးလ်ရှားရဲ့စိတ်ကိုဖတ်ရခက်တယ်လို့ဆိုကြတာပါ။
၂။ ယူရိုပါလိဂ်ဗိုလ်လုပွဲအရှုံး+ဆီမီးဖိုင်နယ် ၄ ကြိမ်ဆက်ရှုံးခဲ့ပြီးနောက် ဆိုးလ်ရှားဟာ
ပြီးခဲ့တဲ့ရာသီယူရိုပါလိဂ်မှာမန်ယူကိုဗိုလ်လုပွဲရောက်အောင်စွမ်းဆောင်ပေး
ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားရဖို့ အာမခံနိုင်တဲ့အစွမ်းမရှိသေးချိန်မှာ ပြိုင်ဘက်
ဗီလာရီးရဲလ်ကိုအနိုင်ရပြီး ဗိုလ်စွဲအောင်လုပ်ပြရမယ်
ဆိုတာ သိထားပေမယ့်မလုပ်ပြနိုင်ခဲ့ပါဘူး။ သူတို့မှာအနိုင်ရနိုင်တဲ့ စွမ်းရည်မျိုး
ရှိခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ပါတယ်။
ဒီလိုအခွင့်အရေးကောင်းကိုလက်လွှတ်ခဲ့ရလို့ မန်ယူကိုနောက်ထပ်တစ်ဆင့်မြင့်စေဖို့
သူလုပ်ပြနိုင်တယ်ဆိုတဲ့အားလုံးရဲ့ယုံကြည်ချက်
တွေပျောက်ဆုံးခဲ့ပါတယ်။
၃။ နည်းပြအဖွဲ့အတွေ့အကြုံနုလွန်းခြင်း
ဆိုးလ်ရှားအနေနဲ့ အတွေ့အကြုံပိုရင့်ပြီး တက်ကြွတဲ့နည်းပြအဖွဲ့ကိုလိုအပ်ခဲ့တာပါ။
မိုက်ဖီလန်ဟာအတွေ့အကြုံရင့်သူဖြစ်ပေမယ့် ပွဲကာလအတွင်းမှာ နည်းစနစ်ဧရိယာထဲ
ထိုင်နေရတာကသာများလို့ သူ့ရဲ့အမြင်ကိုသိပ်အသုံးမချနိုင်ခဲ့ပါဘူး။ သူ့နေရာမှာ ကာရစ်နဲ့
ကီရန်မက္ကင်နာ တို့ကပိုမိုပြောဆိုပိုင်ခွင့်ရှိပေမယ့်အဆင့်မြင့်တန်းလိုပြိုင်ပွဲမျိုးအတွက်
အတွေ့အကြုံသိပ်နုလွန်းခဲ့ပါတယ်။ ကာရစ်နဲ့
မက္ကနာ တို့ရဲ့စကားကို စီရော်နယ်ဒို၊ ဖာနန်ဒက်စ်နဲ့ပေါ့ဂ်ဘာတို့လို ကစားသမားတွေက
အပြည့်အဝလိုက်နာဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
နောက်ပြီးလေ့ကျင့်ခန်းတွေကိုကြီးကြပ်တဲ့သူကလည်းအသက် ၃၅ နှစ်သာရှိသေးပြီး
မန်ယူရဲ့ ယူ ၁၈ အသင်းကိုသာကိုင်တွယ်ခဲ့ရတဲ့ ကာရစ်ဖြစ်နေပါတယ်။
၄။မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မှားခြင်း
+ ဒဏ်ရာကြောင့် ၃ ပတ်နားထားရတဲ့ မက်ဂွိုင်းယားဟာ လေ့ကျင့်ခန်းတစ်ကြိမ်သာ
ဆင်းခဲ့ရသေးပေမယ့် လက်စတာနဲ့ပွဲမှာချက်ခြင်းအသုံးပြုလိုက်တာဟာ အရမ်းကိုမှားပါတယ်။
အောက်တိုဘာ ၁၆ ကအဝေးကွင်းကစားခဲ့ရတဲ့ဒီပွဲမှာ မက်ဂွိုင်းယားဟာပွဲစဉ်ကြံခိုင်မှု
မပြည့်ဝဘဲ အမှားတွေအများကြီးလုပ်ခဲ့ပြီး မန်ယူလည်း ၄-၂ နဲ့ရှုံးခဲ့ပါတယ်။ ဒီပွဲဟာ
မက်ဂွိုင်းယားကြောင့်ရှုံးရတယ်လို့ဆိုရလောက်တဲ့
အထိဖြစ်ခဲ့ရတဲ့အပြင် အဲဒီအရှုံးနောက်ပိုင်းမှာ မန်ယူဟာအခုထိနာလန်ပြန်မထ နိုင်ခဲ့တော့
ပါဘူး။ မန်ယူဟာဒီရာသီ မက်ဂွိုင်းယားပါဝင်ကစားတဲ့နောက်ဆုံး ၅ ပွဲမှာ ၁၅ ဂိုးအထိပေးခဲ့ရပြီး
ဝက်ဖို့ဒ်နဲ့ပွဲမှာလည်းသူ့ပေါ့ဆမှုကနေတစ်ဆင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
၅။ပေါ့ဂ်ဘာရဲ့အကောင်းဆုံးပုံစံကို ရအောင်မယူနိုင်ခြင်း
+မန်ယူခြေစွမ်းမပြနိုင်တိုင်းမှာ အားလုံးကပေါ့ဂ်ဘာကိုအလွယ်တကူဘဲ အပြစ်တင်လေ့ရှိပါတယ်။
ဒါပေမယ့် ဆိုးလ်ရှားရော မော်ရင်ဟိုပါ ဒီပြင်သစ်သားရဲ့အကောင်းဆုံးပုံစံကိုရအောင်မယူနိုင်ခဲ့ပါဘူး။
deep role မှာကစားခဲ့ရတဲ့ပေါ့ဂ်ဘာဟာ စိတ်ပျက်နေတယ်ဆိုတာသိသာခဲ့ပါတယ်။
သူဟာဘယ်တောင်ပံကနေတိုက်စစ်ကိုပိုမိုလိုက်ပါမှသာခြေစွမ်းပြနိုင်တာပါ။
လီဗာပူးကို ၅ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ ပေါ့ဂ်ဘာနဲ့ ဆိုးလ်ရှားကြားက အက်ကြောင်းကိုအထင်းသား
တွေ့ခဲ့ရပါတယ်။ ၄ ဂိုးပြတ်ရှုံးနေတဲ့အချိန်မှ သူ့ကိုလူစားသွင်းခဲ့တာဟာအရှက်
ခွဲသလိုဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ၁၅ မိနစ်အတွင်းမှာဘဲသူထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
Zawgyi
ဆိုးလ္ရွား ၾကမၼာငင္ခဲ့ရတဲ့အခ်က္ေတြ…
မန္ယူအသင္းဟာ ဝက္ဖို႔ဒ္ကို ၄-၁ နဲ႔အေဝးကြင္းမွာရႈံးနိမ့္ၿပီးတဲ့ေနာက္
နည္းျပဆိုးလ္ရွားကို ရာထူးကေနထုတ္ပယ္လိုက္တယ္ဆိုတာအားလုံးသိၾကၿပီ
းျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဝက္ဖို႔ဒ္ကိုရႈံးလို႔ ဆိုးလ္ရွားအခြင့္အေရး
ဆက္မရေတာ့ဘဲအထုတ္ခံလိုက္ရတာလို႔ ဆိုၾက
ေပမယ့္ ဒီထုတ္ပယ္မႈရဲ႕ေနာက္ကြယ္မွာအျခားအေၾကာင္းေတြအမ်ားႀကီး
ရွိေနပါတယ္။ သူ႔ရဲ႕နည္းဗ်ဴဟာပိုင္းဆိုင္ရာက်ရႈံးမႈ၊ ၿပီးခဲ့တဲ့ရာ
သီ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာအေရးနိမ့္ခဲ့မႈ၊ မက္ဂြိဳင္းယား၊ ေပါ့ဂ္ဘာတို႔နဲ႔
ပတ္သက္ၿပီးအမွားေတြက်ဴးလြန္ခဲ့မႈ အစရွိတာေတြဟာသူမ
ေအာင္ျမင္ခဲ့မႈရဲ႕အဓိကက်တဲ့အခ်က္ေတြပါ။ The Sun သတင္းစာႀကီးက
ေဖာ္ျပခဲ့တဲ့ ဆိုးလ္ရွားအထုတ္ခံရမႈရဲ႕အဓိကက်တဲ့အေၾကာင္း၅ ခ်က္ကို
ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ကေမာက္ကမက်တဲ့စဥ္းစားေတြးေခၚမႈမ်ား
+မီဒီယာေတြနဲ႔ေတြ႕ရတဲ့အခ်ိန္တိုင္း ဆိုလ္းရွားေျပာဆိုမႈေတြက ေဝဖန္စရာ
ျဖစ္ခဲ့ပါတယ္။ ဥေရာပမွာအေကာင္းဆုံးမွတ္တမ္းေတြပိုင္
ဆိုင္ခဲ့တဲ့ ဆန္ခ်ိဳကိုေဈးႀကီးေပးေခၚယူခဲ့ေပမယ့္ ဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာနဲ႔
ဘယ္လိုအသုံးျပဳမလဲဆိုတာ ေကာင္းေကာင္းမသိ
ခဲ့ပါဘူး။ ေပါ့ဂ္ဘာကိုတိုက္စစ္ပိုလိုက္ခိုင္းတဲ့ နယူးကာဆယ္နဲ႔ပြဲမွာဒီျပင္သစ္သားက
ဖန္တီးမႈေတြအမ်ားႀကီးျပဳလုပ္ေပးခဲ့ေပမယ့္
ေနာက္ပြဲေတြမွာ ကြင္းလယ္နဲ႔ခံစစ္ပိုင္းကိုအဓိကထားေစတဲ့ deep role မွာ
တာဝန္ေပးခဲ့ျပန္ပါတယ္။ ဒါဟာသူ႔ရဲ႕လူေနရာခ်ထားမႈပိုင္ပိုင္ႏိုင္ႏိုင္မရွိတာကို
ျပသေနတာပါ။ ခံစစ္မွာ ၃ ေယာက္ထားတဲ့ပုံစံကိုက်င့္သုံးမႈေတြရွိေပမယ့္
၄ ေယာက္တန္းကိုပိုင္ႏိုင္စြာလုပ္ျပႏိုင္ျခင္းမရွိပါဘူး။ ကစားသမားေတြဟာ
အေျပာင္းအလဲလုပ္ဖို႔ခဲယဥ္းခဲ့ၿပီး စိတ္ဓါတ္လည္းက်ခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း
ဆိုးလ္ရွားရဲ႕စိတ္ကိုဖတ္ရခက္တယ္လို႔ဆိုၾကတာပါ။
၂။ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအရႈံး+ဆီမီးဖိုင္နယ္ ၄ ႀကိမ္ဆက္ရႈံးခဲ့ၿပီးေနာက္ ဆိုးလ္ရွားဟာ
ၿပီးခဲ့တဲ့ရာသီယူ႐ိုပါလိဂ္မွာမန္ယူကိုဗိုလ္လုပြဲေရာက္ေအာင္စြမ္းေဆာင္ေပး
ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလားရဖို႔ အာမခံႏိုင္တဲ့အစြမ္းမရွိေသးခ်ိန္မွာ ၿပိဳင္ဘက္
ဗီလာရီးရဲလ္ကိုအႏိုင္ရၿပီး ဗိုလ္စြဲေအာင္လုပ္ျပရမယ္
ဆိုတာ သိထားေပမယ့္မလုပ္ျပႏိုင္ခဲ့ပါဘူး။ သူတို႔မွာအႏိုင္ရႏိုင္တဲ့ စြမ္းရည္မ်ိဳး
ရွိခဲ့ေပမယ့္ ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့ပါတယ္။
ဒီလိုအခြင့္အေရးေကာင္းကိုလက္လႊတ္ခဲ့ရလို႔ မန္ယူကိုေနာက္ထပ္တစ္ဆင့္ျမင့္ေစဖို႔
သူလုပ္ျပႏိုင္တယ္ဆိုတဲ့အားလုံးရဲ႕ယုံၾကည္ခ်က္
ေတြေပ်ာက္ဆုံးခဲ့ပါတယ္။
၃။ နည္းျပအဖြဲ႕အေတြ႕အႀကဳံႏုလြန္းျခင္း
ဆိုးလ္ရွားအေနနဲ႔ အေတြ႕အႀကဳံပိုရင့္ၿပီး တက္ႂကြတဲ့နည္းျပအဖြဲ႕ကိုလိုအပ္ခဲ့တာပါ။
မိုက္ဖီလန္ဟာအေတြ႕အႀကဳံရင့္သူျဖစ္ေပမယ့္ ပြဲကာလအတြင္းမွာ နည္းစနစ္ဧရိယာထဲ
ထိုင္ေနရတာကသာမ်ားလို႔ သူ႔ရဲ႕အျမင္ကိုသိပ္အသုံးမခ်ႏိုင္ခဲ့ပါဘူး။ သူ႔ေနရာမွာ ကာရစ္နဲ႔
ကီရန္မကၠင္နာ တို႔ကပိုမိုေျပာဆိုပိုင္ခြင့္ရွိေပမယ့္အဆင့္ျမင့္တန္းလိုၿပိဳင္ပြဲမ်ိဳးအတြက္
အေတြ႕အႀကဳံသိပ္ႏုလြန္းခဲ့ပါတယ္။ ကာရစ္နဲ႔
မကၠနာ တို႔ရဲ႕စကားကို စီေရာ္နယ္ဒို၊ ဖာနန္ဒက္စ္နဲ႔ေပါ့ဂ္ဘာတို႔လို ကစားသမားေတြက
အျပည့္အဝလိုက္နာဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။
ေနာက္ၿပီးေလ့က်င့္ခန္းေတြကိုႀကီးၾကပ္တဲ့သူကလည္းအသက္ ၃၅ ႏွစ္သာရွိေသးၿပီး
မန္ယူရဲ႕ ယူ ၁၈ အသင္းကိုသာကိုင္တြယ္ခဲ့ရတဲ့ ကာရစ္ျဖစ္ေနပါတယ္။
၄။မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္မွားျခင္း
+ ဒဏ္ရာေၾကာင့္ ၃ ပတ္နားထားရတဲ့ မက္ဂြိဳင္းယားဟာ ေလ့က်င့္ခန္းတစ္ႀကိမ္သာ
ဆင္းခဲ့ရေသးေပမယ့္ လက္စတာနဲ႔ပြဲမွာခ်က္ျခင္းအသုံးျပဳလိုက္တာဟာ အရမ္းကိုမွားပါတယ္။
ေအာက္တိုဘာ ၁၆ ကအေဝးကြင္းကစားခဲ့ရတဲ့ဒီပြဲမွာ မက္ဂြိဳင္းယားဟာပြဲစဥ္ႀကံခိုင္မႈ
မျပည့္ဝဘဲ အမွားေတြအမ်ားႀကီးလုပ္ခဲ့ၿပီး မန္ယူလည္း ၄-၂ နဲ႔ရႈံးခဲ့ပါတယ္။ ဒီပြဲဟာ
မက္ဂြိဳင္းယားေၾကာင့္ရႈံးရတယ္လို႔ဆိုရေလာက္တဲ့
အထိျဖစ္ခဲ့ရတဲ့အျပင္ အဲဒီအရႈံးေနာက္ပိုင္းမွာ မန္ယူဟာအခုထိနာလန္ျပန္မထ ႏိုင္ခဲ့ေတာ့
ပါဘူး။ မန္ယူဟာဒီရာသီ မက္ဂြိဳင္းယားပါဝင္ကစားတဲ့ေနာက္ဆုံး ၅ ပြဲမွာ ၁၅ ဂိုးအထိေပးခဲ့ရၿပီး
ဝက္ဖို႔ဒ္နဲ႔ပြဲမွာလည္းသူ႔ေပါ့ဆမႈကေနတစ္ဆင့္ အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။
၅။ေပါ့ဂ္ဘာရဲ႕အေကာင္းဆုံးပုံစံကို ရေအာင္မယူႏိုင္ျခင္း
+မန္ယူေျခစြမ္းမျပႏိုင္တိုင္းမွာ အားလုံးကေပါ့ဂ္ဘာကိုအလြယ္တကူဘဲ အျပစ္တင္ေလ့ရွိပါတယ္။
ဒါေပမယ့္ ဆိုးလ္ရွားေရာ ေမာ္ရင္ဟိုပါ ဒီျပင္သစ္သားရဲ႕အေကာင္းဆုံးပုံစံကိုရေအာင္မယူႏိုင္ခဲ့ပါဘူး။
deep role မွာကစားခဲ့ရတဲ့ေပါ့ဂ္ဘာဟာ စိတ္ပ်က္ေနတယ္ဆိုတာသိသာခဲ့ပါတယ္။
သူဟာဘယ္ေတာင္ပံကေနတိုက္စစ္ကိုပိုမိုလိုက္ပါမွသာေျခစြမ္းျပႏိုင္တာပါ။
လီဗာပူးကို ၅ ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲမွာ ေပါ့ဂ္ဘာနဲ႔ ဆိုးလ္ရွားၾကားက အက္ေၾကာင္းကိုအထင္းသား
ေတြ႕ခဲ့ရပါတယ္။ ၄ ဂိုးျပတ္ရႈံးေနတဲ့အခ်ိန္မွ သူ႔ကိုလူစားသြင္းခဲ့တာဟာအရွက္
ခြဲသလိုျဖစ္ခဲ့တာပါ။ ဒါေၾကာင့္လည္း ၁၅ မိနစ္အတြင္းမွာဘဲသူထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။