
မန်ချက်စတာယူနိုက်တက်အသင်းဟာ မနက်ဖြန်(စနေနေ့)မှာ ပရီးမီးယားလိဂ်
ပွဲစဉ်(၈)အဖြစ် လက်စတာအသင်းနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး
အဓိကနောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဗာရန်းတို့ဟာ ဒဏ်ရာတွေကြောင့်
အဲဒီပွဲကို လွဲချော်ဖို့ရှိနေပါပြီ။ အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ
အက်စတွန်ဗီလာအသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းက ခြေသလုံး
ဒဏ်ရာရရှိခဲ့တဲ့အတွက် ရက်အတော်ကြာအနားယူခဲ့ရပြီး အခု
လောလောဆယ် အသင်းနဲ့အတူအပေ့ါစားလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပေမယ့်
လက်စတာနဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။
ပြင်သစ်ဝါရင့်နောက်ခံလူဗာရန်းကတော့ စပိန်အသင်းနဲ့ကစားခဲ့
UEFA Nations League ဗိုလ်လုပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး
ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမှာဖြစ်တယ်လို့ နည်းပြ
ဆိုးလ်ရှားက အတည်ပြုခဲ့တာကြောင့် အခုလက်စတာနဲ့ပွဲကို လွဲချော်ဖို့
သေချာနေပါပြီ။ အဲဒါကြောင့် ဆိုးလ်ရှားဟာ လက်စတာနဲ့ပွဲမှာ
လင်ဒီလော့ဖ်+ဘာယီအတွဲကို ပွဲထွက်အသုံးပြုရဖို့ရှိနေပြီး
မှတ်တမ်းတွေအရတော့ လင်ဒီလော့ဖ်နဲ့ဘာယီအတွဲက ဒီလောက်အထိ
အားကိုးလို့မရတာကို တွေ့ရမှာပါ။ လင်ဒီလော့ဖ်နဲ့ဘာယီဟာ ပြိုင်ပွဲစုံ(၁၈)ပွဲအထိ
အတူကစားခဲ့ဖူးပြီး တစ်ပွဲပျမ်းမျှပေးဂိုး(၁.၃၉)ဂိုးအထိရှိသလို
Clean Sheets ရာခိုင်နှုန်း (၂၂%)၊ အနိုင်ရာခိုင်နှုန်းက (၄၄%)ရယူနိုင်ခဲ့ပါတယ်။
လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့တွဲဖက်ကစားတဲ့ ပွဲပေါင်း(၈၄)ပွဲမှာ
တစ်ပွဲပျမ်းမျှပေးဂိုးက (၁.၀၂)ဂိုးသာရှိခဲ့ပြီး Clean Sheets ရာခိုင်နှုန်း (၃၆%)၊
နိုင်ပွဲရရှိမှုရာခိုင်နှုန်း(၅၄%)အထိရှိခဲ့တာပါ။ ဒါ့အပြင် ဘာယီနဲ့မက်ဂွိုင်းယား
တွဲဖက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၉)ပွဲမှာ တစ်ပွဲပျမ်းမျှပေးဂိုး(၁)ဂိုး၊
Clean Sheets ရာခိုင်နှုန်း (၅၃%)၊ အနိုင်ရာခိုင်နှုန်းက (၆၈%)ရှိခဲ့တာကြောင့်
မက်ဂွိုင်းယားမပါနိုင်ရင် ယူနိုက်တက်ခံစစ်က ကြီးမားတဲ့အားနည်းချက်
ဖြစ်နေတာကို အထင်အရှားတွေ့နိုင်ပါတယ်။
အဲဒါကြောင့် လက်စတာနဲ့ပွဲအမီ မက်ဂွိုင်းယားတစ်ယောက် ဒဏ်ရာကနေ
အမြန်သက်သာလာဖို့ ဆိုးလ်ရှားမျှော်လင့်နေပေမယ့်လည်း မက်ဂွိုင်းယားက
အသင်းနဲ့အတူရာနှုန်းပြည့်လေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့ဆိုခဲ့ပါတယ်။
မက်ဂွိုင်းယားက “ကျွန်တော် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း
မဆင်းနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်အခြေအနေက တဖြည်းဖြည်း
တိုးတက်ကောင်းမွန်လာပြီး ဖြစ်သင့်တဲ့အနေအထားကို မကြာခင်
ရောက်လာတော့မှာပါ။ ဒဏ်ရာရရှိခဲ့တဲ့အတွက် စိတ်ပျက်ရပေမယ့်
အခုအချိန်မှာတော့ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် မကြာခင်
အချိန်အတွင်း ဘောလုံးပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ဆိုးလ္ရွားဟာ လက္စတာနဲ႔ပြဲမွာ လင္ဒီေလာ့ဖ္+ဘာယီအတြဲကို ပြဲထြက္အသုံးျပဳရဖို႔ရွိေန
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မနက္ျဖန္(စေနေန႔)မွာ ပရီးမီးယားလိဂ္
ပြဲစဥ္(၈)အျဖစ္ လက္စတာအသင္းနဲ႔အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး
အဓိကေနာက္ခံလူေတြျဖစ္တဲ့ မက္ဂြိဳင္းယား၊ ဗာရန္းတို႔ဟာ ဒဏ္ရာေတြေၾကာင့္
အဲဒီပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ
အက္စတြန္ဗီလာအသင္းကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲတုန္းက ေျခသလုံ
းဒဏ္ရာရရွိခဲ့တဲ့အတြက္ ရက္အေတာ္ၾကာအနားယူခဲ့ရၿပီး အခု
ေလာေလာဆယ္ အသင္းနဲ႔အတူအေပ့ါစားေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေပမယ့္
လက္စတာနဲ႔ပြဲမွာပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။
ျပင္သစ္ဝါရင့္ေနာက္ခံလူဗာရန္းကေတာ့ စပိန္အသင္းနဲ႔ကစားခဲ့
UEFA Nations League ဗိုလ္လုပြဲမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့ၿပီး
ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရမွာျဖစ္တယ္လို႔ နည္းျပ
ဆိုးလ္ရွားက အတည္ျပဳခဲ့တာေၾကာင့္ အခုလက္စတာနဲ႔ပြဲကို လြဲေခ်ာ္ဖို႔
ေသခ်ာေနပါၿပီ။ အဲဒါေၾကာင့္ ဆိုးလ္ရွားဟာ လက္စတာနဲ႔ပြဲမွာ
လင္ဒီေလာ့ဖ္+ဘာယီအတြဲကို ပြဲထြက္အသုံးျပဳရဖို႔ရွိေနၿပီး
မွတ္တမ္းေတြအရေတာ့ လင္ဒီေလာ့ဖ္နဲ႔ဘာယီအတြဲက ဒီေလာက္အထိ
အားကိုးလို႔မရတာကို ေတြ႕ရမွာပါ။ လင္ဒီေလာ့ဖ္နဲ႔ဘာယီဟာ ၿပိဳင္ပြဲစုံ(၁၈)ပြဲအထိ
အတူကစားခဲ့ဖူးၿပီး တစ္ပြဲပ်မ္းမွ်ေပးဂိုး(၁.၃၉)ဂိုးအထိရွိသလို
Clean Sheets ရာခိုင္ႏႈန္း (၂၂%)၊ အႏိုင္ရာခိုင္ႏႈန္းက (၄၄%)ရယူႏိုင္ခဲ့ပါတယ္။
လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားတို႔တြဲဖက္ကစားတဲ့ ပြဲေပါင္း(၈၄)ပြဲမွာ
တစ္ပြဲပ်မ္းမွ်ေပးဂိုးက (၁.၀၂)ဂိုးသာရွိခဲ့ၿပီး Clean Sheets ရာခိုင္ႏႈန္း (၃၆%)၊
ႏိုင္ပြဲရရွိမႈရာခိုင္ႏႈန္း(၅၄%)အထိရွိခဲ့တာပါ။ ဒါ့အျပင္ ဘာယီနဲ႔မက္ဂြိဳင္းယား
တြဲဖက္ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ(၁၉)ပြဲမွာ တစ္ပြဲပ်မ္းမွ်ေပးဂိုး(၁)ဂိုး၊
Clean Sheets ရာခိုင္ႏႈန္း (၅၃%)၊ အႏိုင္ရာခိုင္ႏႈန္းက (၆၈%)ရွိခဲ့တာေၾကာင့္
မက္ဂြိဳင္းယားမပါႏိုင္ရင္ ယူႏိုက္တက္ခံစစ္က ႀကီးမားတဲ့အားနည္းခ်က္
ျဖစ္ေနတာကို အထင္အရွားေတြ႕ႏိုင္ပါတယ္။
အဲဒါေၾကာင့္ လက္စတာနဲ႔ပြဲအမီ မက္ဂြိဳင္းယားတစ္ေယာက္ ဒဏ္ရာကေန
အျမန္သက္သာလာဖို႔ ဆိုးလ္ရွားေမွ်ာ္လင့္ေနေပမယ့္လည္း မက္ဂြိဳင္းယားက
အသင္းနဲ႔အတူရာႏႈန္းျပည့္ေလ့က်င့္ခန္းမဆင္းႏိုင္ေသးဘူးလို႔ဆိုခဲ့ပါတယ္။
မက္ဂြိဳင္းယားက “ကြၽန္ေတာ္ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္း
မဆင္းႏိုင္ေသးပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္အေျခအေနက တျဖည္းျဖည္း
တိုးတက္ေကာင္းမြန္လာၿပီး ျဖစ္သင့္တဲ့အေနအထားကို မၾကာခင္
ေရာက္လာေတာ့မွာပါ။ ဒဏ္ရာရရွိခဲ့တဲ့အတြက္ စိတ္ပ်က္ရေပမယ့္
အခုအခ်ိန္မွာေတာ့ ျပန္လည္သက္သာလာၿပီျဖစ္တာေၾကာင့္ မၾကာခင္
အခ်ိန္အတြင္း ေဘာလုံးျပန္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။