ဆိုးလ်ရှားလက်ထက် လီဗာပူးလ်အသင်းနဲ့ဆုံတွေ့ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတွေမှာ ယူနိုက်တက်အသင်းတစ်ပွဲမှမနိုင်သေး

Super Sunday ရဲ့ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် အင်္ဂလန်ဘောလုံးလောကမှာ

အောင်မြင်မှုအကြီးမားဆုံးနှစ်သင်းလို့သတ်မှတ်ရမယ့် မန်ချက်စတာယူနိုက်တက်နဲ့

လီဗာပူးလ်အသင်းတို့ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ သမိုင်းကြောင်းအစဉ်အလာအရရော၊ အောင်မြင်မှုအရပါ ခါးသီးတဲ့

ပြိုင်ဘက်တွေဖြစ်တာကြောင့် သူတို့ဆုံတွေ့တဲ့ပွဲတိုင်းက အကြိတ်အနယ်ရှိပြီး

ပရိသတ်စိတ်ဝင်စားမှုအများဆုံးပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်နဲ့လီဗာပူးလ်အသင်းတို့ရဲ့စွမ်းဆောင်ရည်ကို

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခြေစွမ်းပိုင်း၊ရလဒ်ပိုင်းမှာ ကွာဟချက်ကြီးမားနေပြီး

ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက်အတွက်

ပြီးခဲ့တဲ့နွေရာသီတုန်းက စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းစတဲ့ထိပ်တန်း

ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် ရလဒ်တွေက မျှော်လင့်သလိုဖြစ်မလာသေးပါဘူး။

ဗီလာ၊ အဲဗာတန်၊ လက်စတာတို့နဲ့ပွဲမှာ နိုင်ပွဲမရခဲ့သလို ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲမှာလည်း

(၃)ပွဲသာအနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ နွေရာသီတုန်းက

နောက်ခံလူကိုနာတေကိုခေါ်ယူခဲ့တာကလွဲလို့ ကြီးကြီးမားမားအပြောင်းအရွှေ့

မလုပ်ခဲ့ပေမယ့် အရင်လိုပဲစုစည်းမှုရှိရှိနဲ့တောင့်တင်းနေဆဲဖြစ်ပြီး

ဒီရာသီပရီးမီးယားလိဂ်မှာရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတာပါ။

ယူနိုက်တက်အသင်းရဲ့ရလဒ်တွေယိမ်းယိုင်နေရုံသာမက အခုနောက်ပိုင်းနှစ်တွေအတွင်း

လီဗာပူးလ်နဲ့ဆုံတွေ့မှုမှတ်တမ်းအရလည်း ယူနိုက်တက်ပရိသတ်တွေအတွက်

စိုးရိမ်စရာဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရာသီ FA ဖလားစတုတ္ထအဆင့်မှာတုန်းက

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့

အဝေးကွင်းဂိုးမရှိသရေ၊ အိမ်ကွင်းမှာ (၄-၂)ဂိုးဆိုတဲ့ရလဒ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ပိုဆိုးတာက နည်းပြဆိုးလ်ရှားလက်ထက် လီဗာပူးလ်အသင်းနဲ့ဆုံတွေ့ခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲတွေမှာ ယူနိုက်တက်အသင်းတစ်ပွဲမှမနိုင်သေးတာပါပဲ။

ယူနိုက်တက်အသင်းဟာ နည်းပြဟောင်းမော်ရင်ဟိုကိုင်တွယ်ခဲ့တုန်းက

၂၀၁၇-၁၈ရာသီ အိမ်ကွင်းမှာ လီဗာပူးလ်ကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း

ပရီးမီးယားလိဂ်(၆)ပွဲမှာ (၃)ပွဲရှုံး၊ (၃)ပွဲသရေရလဒ်သာရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက ဆိုးလ်ရှားဟာ အောက်အသင်းအနေအထားမှာ

ရောက်နေရင် မထင်မှတ်တဲ့ရလဒ်တွေရယူပြလေ့ရှိတာပဲဖြစ်ပြီး မနှစ်တုန်းက

မန်စီးတီးနဲ့အဝေးကွင်းပွဲမှာ (၂-ဝ)ဂိုးနဲ့အနိုင်ယူခဲ့သလို မန်စီးတီးအသင်းရဲ့

ပရီးမီးယားလိဂ်ပွဲ(၁၉)ဆက်ရှုံးပွဲမရှိမှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့ဖူးပါတယ်။

အဲဒါကြောင့် အခုတစ်ကြိမ်မှာလည်း ဆိုးလ်ရှားမထင်မှတ်တာတွေလုပ်ပြပြီး

လီဗာပူးလ်အသင်းကို ဒီရာသီပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲတွေ့အောင်

စွမ်းဆောင်ပြီးတော့ ပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲရယူနိုင်မလား ..

ယာဂန်ကလော့ပ်ကပဲ ဆိုးလ်ရှားကို ထပ်ပြီးအသာရယူသွားမလားဆိုတာကတော့ . ..

zawgyi

ဆိုးလ္ရွားလက္ထက္ လီဗာပူးလ္အသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲေတြမွာ ယူႏိုက္တက္အသင္းတစ္ပြဲမွမႏိုင္ေသး

Super Sunday ရဲ႕ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ အဂၤလန္ေဘာလုံးေလာကမွာ

ေအာင္ျမင္မႈအႀကီးမားဆုံးႏွစ္သင္းလို႔သတ္မွတ္ရမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔

လီဗာပူးလ္အသင္းတို႔ဟာ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

ဒီႏွစ္သင္းဟာ သမိုင္းေၾကာင္းအစဥ္အလာအရေရာ၊ ေအာင္ျမင္မႈအရပါ ခါးသီးတဲ့

ၿပိဳင္ဘက္ေတြျဖစ္တာေၾကာင့္ သူတို႔ဆုံေတြ႕တဲ့ပြဲတိုင္းက အႀကိတ္အနယ္ရွိၿပီး

ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးပြဲတစ္ပြဲလည္းျဖစ္ပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္နဲ႔လီဗာပူးလ္အသင္းတို႔ရဲ႕စြမ္းေဆာင္ရည္ကို

ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ေျခစြမ္းပိုင္း၊ရလဒ္ပိုင္းမွာ ကြာဟခ်က္ႀကီးမားေနၿပီး

ယူႏိုက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္အတြက္

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းစတဲ့ထိပ္တန္း

ကစားသမားေတြကို ေခၚယူခဲ့ေပမယ့္ ရလဒ္ေတြက ေမွ်ာ္လင့္သလိုျဖစ္မလာေသးပါဘူး။

ဗီလာ၊ အဲဗာတန္၊ လက္စတာတို႔နဲ႔ပြဲမွာ ႏိုင္ပြဲမရခဲ့သလို ၿပိဳင္ပြဲစုံေနာက္ဆုံး(၈)ပြဲမွာလည္း

(၃)ပြဲသာအႏိုင္ရခဲ့ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ေႏြရာသီတုန္းက

ေနာက္ခံလူကိုနာေတကိုေခၚယူခဲ့တာကလြဲလို႔ ႀကီးႀကီးမားမားအေျပာင္းအေ႐ႊ႕

မလုပ္ခဲ့ေပမယ့္ အရင္လိုပဲစုစည္းမႈရွိရွိနဲ႔ေတာင့္တင္းေနဆဲျဖစ္ၿပီး

ဒီရာသီပရီးမီးယားလိဂ္မွာရႈံးပြဲမရွိေသးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနတာပါ။

ယူႏိုက္တက္အသင္းရဲ႕ရလဒ္ေတြယိမ္းယိုင္ေန႐ုံသာမက အခုေနာက္ပိုင္းႏွစ္ေတြအတြင္း

လီဗာပူးလ္နဲ႔ဆုံေတြ႕မႈမွတ္တမ္းအရလည္း ယူႏိုက္တက္ပရိသတ္ေတြအတြက္

စိုးရိမ္စရာျဖစ္ေနပါၿပီ။ ၿပီးခဲ့တဲ့ရာသီ FA ဖလားစတုတၳအဆင့္မွာတုန္းက

ယူႏိုက္တက္အသင္းဟာ လီဗာပူးလ္ကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့

အေဝးကြင္းဂိုးမရွိသေရ၊ အိမ္ကြင္းမွာ (၄-၂)ဂိုးဆိုတဲ့ရလဒ္နဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။

ပိုဆိုးတာက နည္းျပဆိုးလ္ရွားလက္ထက္ လီဗာပူးလ္အသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲေတြမွာ ယူႏိုက္တက္အသင္းတစ္ပြဲမွမႏိုင္ေသးတာပါပဲ။

ယူႏိုက္တက္အသင္းဟာ နည္းျပေဟာင္းေမာ္ရင္ဟိုကိုင္တြယ္ခဲ့တုန္းက

၂၀၁၇-၁၈ရာသီ အိမ္ကြင္းမွာ လီဗာပူးလ္ကို(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း

ပရီးမီးယားလိဂ္(၆)ပြဲမွာ (၃)ပြဲရႈံး၊ (၃)ပြဲသေရရလဒ္သာရယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ တစ္ခုရွိတာက ဆိုးလ္ရွားဟာ ေအာက္အသင္းအေနအထားမွာ

ေရာက္ေနရင္ မထင္မွတ္တဲ့ရလဒ္ေတြရယူျပေလ့ရွိတာပဲျဖစ္ၿပီး မႏွစ္တုန္းက

မန္စီးတီးနဲ႔အေဝးကြင္းပြဲမွာ (၂-ဝ)ဂိုးနဲ႔အႏိုင္ယူခဲ့သလို မန္စီးတီးအသင္းရဲ႕

ပရီးမီးယားလိဂ္ပြဲ(၁၉)ဆက္ရႈံးပြဲမရွိမွတ္တမ္းကို အဆုံးသတ္ႏိုင္ခဲ့ဖူးပါတယ္။

အဲဒါေၾကာင့္ အခုတစ္ႀကိမ္မွာလည္း ဆိုးလ္ရွားမထင္မွတ္တာေတြလုပ္ျပၿပီး

လီဗာပူးလ္အသင္းကို ဒီရာသီပရီးမီးယားလိဂ္ပထမဆုံးရႈံးပြဲေတြ႕ေအာင္

စြမ္းေဆာင္ၿပီးေတာ့ ပရီးမီးယားလိဂ္ပထမဆုံးႏိုင္ပြဲရယူႏိုင္မလား ..

ယာဂန္ကေလာ့ပ္ကပဲ ဆိုးလ္ရွားကို ထပ္ၿပီးအသာရယူသြားမလားဆိုတာကေတာ့ . ..