ဆိုးလ်ရှားနှင့်စကားမပြောတော့ဘဲဥပက္ခာပြုလိုက်ပြီဆိုတဲ့သတင်းကိုဒေါသတကြီးငြင်းဆိုလာတဲ့ ပေါ့ဘာ 

ပေါလ်ပေါ့ဘာဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်

နည်းပြအိုလီဂန်းနားဆိုးလ်ရှားနှင့်စကားမပြောတော့ဘဲဥပက္ခာပြုလိုက်ပြီဆိုတဲ့

သတင်းကိုဒေါသတကြီးငြင်းဆိုလာပါတယ်။

ပေါ့ဘာဟာလီဗာပူးနှင့်ပွဲတွင်ပွဲထွက်လူစာရင်းမှာချန်လှပ်ခြင်းခံခဲ့ရပြီး

ဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ပေါ့ဘာဟာ

လူစားဝင်လာပြီးနောက်အမှားပြုလုပ်ခဲ့ပြီးလီဗာပူးတို့ပဉ္စမဂိုးရခဲ့သလို

မိနစ်အငယ်အကြာတွင်ကီတာကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်

အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပေါလ်ပေါ့ဘာဟာလီဗာပူးနှင့်ပွဲစဉ်မှအမှားများအတွက်မန်ယူကစားဖော်များကို

တောင်းပန်ခဲ့သော်လည်းဆိုးလ်ရှားကိုမူတောင်းပန်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။

ဒါ့အပြင်ပေါ့ဘာဟာမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုကိုလည်း

ရပ်ဆိုင်းလိုက်ကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်ပေါ့ဘာက “သတင်းစာတွေဟာ၁၀၀ရာခိုင်နှုန်းမှားနေတဲ့သတင်းမှားကို

ထပ်ပြီးတော့ဖန်တီးချင်လာကြပြန်ပါတယ်။အလိမ်အညာကိုခေါင်းစည်းတင်

လာကြပြန်ပြီ”လို့ပြောကြားသွားပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်

မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဇန်နဝါရီလမှစတင်ကာ

နိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။

zawgyi

ဆိုးလ္ရွားႏွင့္စကားမေျပာေတာ့ဘဲဥပကၡာျပဳလိုက္ၿပီဆိုတဲ့သတင္းကိုေဒါသတႀကီးျငင္းဆိုလာတဲ့ ေပါ့ဘာ

ေပါလ္ေပါ့ဘာဟာတနဂၤေႏြေန႔တုန္းကလီဗာပူးကို၅-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္

နည္းျပအိုလီဂန္းနားဆိုးလ္ရွားႏွင့္စကားမေျပာေတာ့ဘဲဥပကၡာျပဳလိုက္ၿပီဆိုတဲ့

သတင္းကိုေဒါသတႀကီးျငင္းဆိုလာပါတယ္။

ေပါ့ဘာဟာလီဗာပူးႏွင့္ပြဲတြင္ပြဲထြက္လူစာရင္းမွာခ်န္လွပ္ျခင္းခံခဲ့ရၿပီ

းဒုတိယပိုင္းတြင္လူစားဝင္ေရာက္ကစားခြင့္ရရွိခဲ့ပါတယ္။ေပါ့ဘာဟာ

လူစားဝင္လာၿပီးေနာက္အမွားျပဳလုပ္ခဲ့ၿပီးလီဗာပူးတို႔ပၪၥမဂိုးရခဲ့သလို

မိနစ္အငယ္အၾကာတြင္ကီတာကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္

အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ေပါလ္ေပါ့ဘာဟာလီဗာပူးႏွင့္ပြဲစဥ္မွအမွားမ်ားအတြက္မန္ယူကစားေဖာ္မ်ားကို

ေတာင္းပန္ခဲ့ေသာ္လည္းဆိုးလ္ရွားကိုမူေတာင္းပန္ခဲ့ျခင္းမရွိေၾကာင္းသိရပါတယ္။
ဒါအျပင္ေပါ့ဘာဟာမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈကိုလည္း

ရပ္ဆိုင္းလိုက္ေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္ေပါ့ဘာက “သတင္းစာေတြဟာ၁၀၀ရာခိုင္ႏႈန္းမွားေနတဲ့သတင္းမွားကို

ထပ္ၿပီးေတာ့ဖန္တီးခ်င္လာၾကျပန္ပါတယ္။အလိမ္အညာကိုေခါင္းစည္းတင္

လာၾကျပန္ၿပီ”လို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုရာသီအကုန္တြင္

မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဇန္နဝါရီလမွစတင္ကာ

ႏိုင္ငံျခားကလပ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။