ဆိုးလ်ရှားနဲ့ ရန်းနစ်ခ်တို့ကို သွယ်ဝိုက်ပြီးဖဲ့လိုက်တဲ့ ဗန်ဒီဘိခ်

နယ်သာလန်အသင်းကွင်းလယ်လူ ဗန်ဒီဘိခ်က သူဟာအချို့သောသူတွေ

မှားတယ်ဆိုတာကို သက်သေပြချင် နေတာလို့ပြောပြီး မန်ယူအသင်းရဲ့

နည်းပြဟောင်း ဆိုးလ်ရှားနဲ့ လက်ရှိနည်းပြ ရန်းနစ်ခ်တို့ကို

သွယ်ဝိုက် တိုက်ခိုက်လိုက်ပါတယ်။ အသက် ၂၄ နှစ်ရှိတဲ့

အေဂျက်ကွင်းလယ်လူဟောင်း ဗန်ဒီဘိခ်ဟာ မန်ယူကိုရောက်ရှိ ခဲ့တဲ့

၁၈ လတာကာလအတွင်းမှာ ပုံမှန်နေရာမရမှုနဲ့အတူ ခြေစွမ်းလည်းမပြသနိုင်ခဲ့ဘဲ

ရုန်းကန်ခဲ့ရပါတယ်။

သူဟာအေဂျက်ကနေပေါင်သန်း ၄၀ နဲ့ပြောင်းလာပြီးတဲ့နောက်

ပရီးမီးယားလိဂ်မှာ ၂၇ ပွဲသာကစားခဲ့ရပါတယ်။ ဒီအခြေအနေကြောင့်

ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်ထဲမှာ အဲဗာတန်ကိုအငှားသွားကစားဖို့

ဆုံးဖြတ်လိုက်တာဖြစ် ပါတယ်။ သူဟာလမ်းပတ်ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းမှာ

၄ ပွဲကစားရပြီးခြေစွမ်းပြနိုင်ခဲ့ပေမယ့်နယ်သာ လန်မှာရှိနေတုန်းက

နာမည်ကျော်ခဲ့တဲ့ခြေစွမ်းမျိုးပြန်လည်ရရှိဖို့တော့ လိုအပ်ချက်တွေရှိနေသေးတယ်လို့

သုံး သပ်ခံထားရသူပါ။ ကစားသမားကိုယ်တိုင်ကလည်း သူ့အပေါ်ဝေဖန်မှုတွေကို

တိတ်ဆိတ်သွားအောင်လုပ်ပြချင်နေပြီး သူ့အပေါ်မ ယုံခဲ့သူအချို့ကို

သက်သေပြချင်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဗန်ဒီဘိခ်က” ဟုတ်ပါတယ်။

ကျွန်တော့်ခြေစွမ်းက လိုအပ်ချက်တွေရှိနေသေးလို့ ခြေစွမ်းအတွက်ရော ကျွန်တော့်အပေါ်

မယုံခဲ့တဲ့သူအချို့ကိုပါ သက်သေပြချင်နေ တာပါ။ ကစားပုံကောင်းပြီဆိုရင်

ကျွန်တော့်ချစ်သူရော မိသားစုနဲ့ သူငယ်ချင်းတွေပါပျော်ကြမှာပေါ့။ သူတို့ပြီးရင်တော့

ပရိသတ်တွေကိုပျော်စေချင်တာပါတယ်။ ကျွန်တော့်မှာ စိတ်ပျက်စရာနဲ့ စိတ်ညစ်စရာကောင်းတဲ့

အချိန်အခါတွေရှိခဲ့တာကို ဝန်ခံပါတယ်။

ဒါပေမယ့်ကျွန်တော်ကအမြဲတမ်းအကောင်းမြင်ထားပြီး အပြောင်းအလဲ ဖြစ်လာမယ့်ရက်

ရှိလာမယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။ ဒီအတွက်ကျွန်တော်ပြောင်းလဲအောင်လုပ်နိုင်ဖို့က

အလုပ်ကိုပြင်းထန်စွာကြိုးစားဖို့ဘဲရှိပါတယ်။ ကျွန်တော့်မှာအရည်အသွေးအပြည့်နဲ့

ကစားနိုင်သေးတယ်ဆို တာ အချို့သောသူတွေကိုပြသချင်ပါတယ်။ ဒီအတွက်ရည်ရွယ်ပြီး

ကျွန်တော်အမြဲကြိုးစားနေပါတယ်” လို့ ပြောသွားပါတယ်။

Zawgyi

ဆိုးလ္ရွားနဲ႔ ရန္းနစ္ခ္တို႔ကို သြယ္၀ိုက္ၿပီးဖဲ့လုိက္တဲ့ ဗန္ဒီဘိခ္

နယ္သာလန္အသင္းကြင္းလယ္လူ ဗန္ဒီဘိခ္က သူဟာအခ်ိဳ႕ေသာသူေတြ

မွားတယ္ဆိုတာကို သက္ေသျပခ်င္ ေနတာလို႔ေျပာၿပီး မန္ယူအသင္းရဲ႕

နည္းျပေဟာင္း ဆိုးလ္ရွားနဲ႔ လက္ရွိနည္းျပ ရန္းနစ္ခ္တို႔ကို

သြယ္ဝိုက္ တိုက္ခိုက္လိုက္ပါတယ္။ အသက္ ၂၄ ႏွစ္ရွိတဲ့

ေအဂ်က္ကြင္းလယ္လူေဟာင္း ဗန္ဒီဘိခ္ဟာ မန္ယူကိုေရာက္ရွိ ခဲ့တဲ့

၁၈ လတာကာလအတြင္းမွာ ပုံမွန္ေနရာမရမႈနဲ႔အတူ ေျခစြမ္းလည္းမျပသႏိုင္ခဲ့ဘဲ

႐ုန္းကန္ခဲ့ရပါတယ္။

 

သူဟာေအဂ်က္ကေနေပါင္သန္း ၄၀ နဲ႔ေျပာင္းလာၿပီးတဲ့ေနာက္

ပရီးမီးယားလိဂ္မွာ ၂၇ ပြဲသာကစားခဲ့ရပါတယ္။ ဒီအေျခအေနေၾကာင့္

ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္ထဲမွာ အဲဗာတန္ကိုအငွားသြားကစားဖို႔

ဆုံးျဖတ္လိုက္တာျဖစ္ ပါတယ္။ သူဟာလမ္းပတ္ကိုင္တြယ္ေနတဲ့ အဲဗာတန္အသင္းမွာ

၄ ပြဲကစားရၿပီးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္နယ္သာ လန္မွာရွိေနတုန္းက

နာမည္ေက်ာ္ခဲ့တဲ့ေျခစြမ္းမ်ိဳးျပန္လည္ရရွိဖို႔ေတာ့ လိုအပ္ခ်က္ေတြရွိေနေသးတယ္လို႔

သုံး သပ္ခံထားရသူပါ။ ကစားသမားကိုယ္တိုင္ကလည္း သူ႔အေပၚေဝဖန္မႈေတြကို

တိတ္ဆိတ္သြားေအာင္လုပ္ျပခ်င္ေနၿပီး သူ႔အေပၚမ ယုံခဲ့သူအခ်ိဳ႕ကို

သက္ေသျပခ်င္ေနတယ္လို႔ ဆိုခဲ့ပါတယ္။ ဗန္ဒီဘိခ္က” ဟုတ္ပါတယ္။

ကြၽန္ေတာ့္ေျခစြမ္းက လိုအပ္ခ်က္ေတြရွိေနေသးလို႔ ေျခစြမ္းအတြက္ေရာ ကြၽန္ေတာ့္အေပၚ

မယုံခဲ့တဲ့သူအခ်ိဳ႕ကိုပါ သက္ေသျပခ်င္ေန တာပါ။ ကစားပုံေကာင္းၿပီဆိုရင္

ကြၽန္ေတာ့္ခ်စ္သူေရာ မိသားစုနဲ႔ သူငယ္ခ်င္းေတြပါေပ်ာ္ၾကမွာေပါ့။ သူတို႔ၿပီးရင္ေတာ့

ပရိသတ္ေတြကိုေပ်ာ္ေစခ်င္တာပါတယ္။ ကြၽန္ေတာ့္မွာ စိတ္ပ်က္စရာနဲ႔ စိတ္ညစ္စရာေကာင္းတဲ့

အခ်ိန္အခါေတြရွိခဲ့တာကို ဝန္ခံပါတယ္။

 

ဒါေပမယ့္ကြၽန္ေတာ္ကအၿမဲတမ္းအေကာင္းျမင္ထားၿပီး အေျပာင္းအလဲ ျဖစ္လာမယ့္ရက္

ရွိလာမယ္ဆိုတာကို ယုံၾကည္ခဲ့ပါတယ္။ ဒီအတြက္ကြၽန္ေတာ္ေျပာင္းလဲေအာင္လုပ္ႏိုင္ဖို႔က

အလုပ္ကိုျပင္းထန္စြာႀကိဳးစားဖို႔ဘဲရွိပါတယ္။ ကြၽန္ေတာ့္မွာအရည္အေသြးအျပည့္နဲ႔

ကစားႏိုင္ေသးတယ္ဆို တာ အခ်ိဳ႕ေသာသူေတြကိုျပသခ်င္ပါတယ္။ ဒီအတြက္ရည္႐ြယ္ၿပီး

ကြၽန္ေတာ္အၿမဲႀကိဳးစားေနပါတယ္” လို႔ ေျပာသြားပါတယ္။