ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကတော့ နည်းပြ
တန်ဟတ်လက်ထက်မှာပြောင်းလဲလာတဲ့ အချက်နှစ်ချက်ကို
ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တန်ဟတ်ရောက်လာပြီးတဲ့
နောက်ပိုင်းနောက်ပိုင်းမှာတော့ သရဲနီတွေရဲ့မျှော်လင့်ချက်က
အသက်ပြန်ဝင်လာခဲ့တာဖြစ်တယ်။ ဒီရာသီအနေအထားမှာတော့
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကထားနေပြီး ဒါဟာ ယူနိုက်တက်အတွက်
အကြီးမားဆုံးပြိုင်ဆိုင်မှုဖြစ်တယ်လို့ တန်ဟတ်ကိုယ်တိုင်က
ထုတ်ဖော်ပြောဆိုထားတာဖြစ်တယ်။ နယ်သာလန်နည်းပြဟာ
ယူနိုက်တက်ရဲ့ကစားပုံကိုပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ပြထားနိုင်သလို
ရက်ရှ်ဖို့ဒ်အပါအဝင် မာတီနက်ဇ်နဲ့ ကက်စ်မီရိုတို့လိုကစားသမားတွေက
အသင်းကိုဦးဆောင်ပေးထားနိုင်ပြီဖြစ်တယ်။ ဒါ့အပြင် သရဲနီတွေရဲ့
အရေးပါဆုံးကစားသမားလို့ဆိုရမယ့် ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်က
ဆိုးလ်ရှားနဲ့ ရန်နစ်ဂ် တို့ထက်အားသာတဲ့ တန်ဟတ်ရဲ့
အချက်နှစ်ချက်ကို လူသိရှင်ကြားဖွင့်ဟခဲ့ပါတယ်။
“ဂိမ်းတွေအနိုင်ရတဲ့အခါ မင်းတို့ပျော်တယ်။ မင်းအနိုင်ရရင်
လူတိုင်းပျော်ရွှင်တယ်။ တိုက်စစ်မှူးကဂိုးလိုချင်တယ်၊
ဖန်တီးမှုတွေလုပ်ချင်တယ်၊ ဒီလိုအရာတွေက လူတိုင်းအတွက်
အရေးကြီးတယ်။ နည်းပြအပြောင်းအလဲနဲ့ ခက်ခဲတဲ့
အခိုက်အတန့်တွေက ကျွန်တော်တို့အတွက်အဓိကလို့ထင်တယ်။
နောက်ဆုံးတော့ တည်ငြိမ်မှုရှိတဲ့ နည်းပြကိုရှာတွေ့ခဲ့တယ်။
ဒါက တကယ်အရေးကြီးပြီး ကျွန်တော်တို့လိုအပ်နေတဲ့အရာဖြစ်တယ်။
ပြီးတော့စည်းကမ်းကြီးတယ်။ ဒါက ကျွန်တော်တို့လိုအပ်တဲ့
ကြီးမားတဲ့အရာဖြစ်တယ်” လို့ ဘရူနိုဖာနန်ဒက်စ်ကပြောဆိုခဲ့ပါတယ်။
zawgyi
ဆိုးလ်ရှားနဲ့ ရန်နစ်ဂ်တို့လက်ထက်မှာလွဲချော်ခဲ့တဲ့ တန်ဟတ်ရဲ့အားသာချက် နှစ်ခုကို ဘရူနိုဖာနန်ဒက်စ် ရင်ဖွင့်