ဆိုးလ်ရှားနဲ့ရန်းနစ် ကြားက စီရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်

ဆိုးလ်ရှားနဲ့ရန်းနစ်လက်ထက် စီရော်နယ်ဒိုရဲ့စွမ်းဆောင်နိုင်မှုကိန်းဂဏန်းတွေကို နှိုင်းယှဉ်ခြင်း

ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီမှာ မန်ယူကို ပြန်ရောက်လာပြီးကတည်းက စီရော်နယ်ဒိုနဲ့

ပတ်သက်လို့ အကောင်းအဆိုးအမြင်အမျိုးမျိုးရှိကြပါတယ်။ တချို့က

သူ့ရဲ့ဂိုးပံ့ပိုးပေးနိုင်မှုအပေါ် ချီးကျူးကြပေမယ့် တချို့တော့ သူဟာ မန်ယူကို

နောက်ပြန်ဆွဲထားတယ်လို့ ဝေဖန်ကြတာပါ။


ယူနိုက်တက်ကိုယ်တိုင်ကလည်း ရုန်းကန်နေရတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး

ဆိုးလ်ရှားထုတ်ပယ်ခံခဲ့ရကာ ရန်းနစ်ရောက်လာတော့လည်း ရလဒ်ပိုင်းက တည်ငြိမ်မှုမရှိသေးပါဘူး။
ရန်းနစ်ဟာ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့လို အသင်းရဲ့ပုံရိပ်ကစားသမားတွေကို

လူစားလဲတာ၊ အရန်ခုံမှာထားတာတွေလုပ်ဖို့ လက်တွန့်နေတတ်သူမဟုတ်ပါဘူး။
ဒါပေမဲ့ ရန်းနစ်ဟာ စီရော်နယ်ဒိုဆီက အကောင်းဆုံးခြေစွမ်းကို ထုတ်ယူနိုင်ခြင်းမရှိဘူးဆိုတဲ့

စွပ်စွဲမှုတွေရှိနေပါတယ်။ ဒါကြောင့် ရန်းနစ်လက်ထက် စီရော်နယ်ဒိုနဲ့ ဆိုးလ်ရှားလက်ထက်

စီရော်နယ်ဒိုကို ကိန်းဂဏန်းတွေအရ နှိုင်းယှဉ်ဖို့ လိုလာပါတယ်။
ဒီနေရာမှာ ယာယီနည်းပြကာရစ်လက်ထက် စီရော်နယ်ဒိုရဲ့ ၃ ပွဲကို ထည့်သွင်းထားခြင်း မရှိပါဘူး။

ဆိုးလ်ရှားလက်ထက် စီရော်နယ်ဒို
ပွဲ – ၁၃
ပွဲထွက် – ၁၂
လူစားဝင် – ၁
ဂိုး – ၉
ဂိုးဖန်တီး – ၂
ပင်နယ်တီဂိုး – ဝ
တစ်ဂိုးပျဉ်းမျှ မိနစ် – ၁၂၀

ရန်းနစ်လက်ထက် စီရော်နယ်ဒို
ပွဲ – ၁၀
ပွဲထွက် – ၉
လူစားဝင် – ၁
ဂိုး – ၂
ဂိုးဖန်တီး – ၁
ပင်နယ်တီဂိုး – ၁
တစ်ဂိုးပျဉ်းမျှမိနစ် – ၄၃၇

Zawgyi

ဆိုးလ္ရွားနဲ႔ရန္းနစ္ ၾကားက စီေရာ္နယ္ဒိုရဲ႕ စြမ္းေဆာင္ရည္

ၿပီးခဲ့တဲ့ ၂၀၂၁ ေႏြရာသီမွာ မန္ယူကို ျပန္ေရာက္လာၿပီးကတည္းက စီေရာ္နယ္ဒိုနဲ႔

ပတ္သက္လို႔ အေကာင္းအဆိုးအျမင္အမ်ိဳးမ်ိဳးရွိၾကပါတယ္။ တခ်ိဳ႕က

သူ႔ရဲ႕ဂိုးပံ့ပိုးေပးႏိုင္မႈအေပၚ ခ်ီးက်ဴးၾကေပမယ့္ တခ်ိဳ႕ေတာ့ သူဟာ မန္ယူကို

ေနာက္ျပန္ဆြဲထားတယ္လို႔ ေဝဖန္ၾကတာပါ။

ယူႏိုက္တက္ကိုယ္တိုင္ကလည္း ႐ုန္းကန္ေနရတဲ့ရာသီတစ္ခုကို ျဖတ္သန္းေနရတာျဖစ္ၿပီး

ဆိုးလ္ရွားထုတ္ပယ္ခံခဲ့ရကာ ရန္းနစ္ေရာက္လာေတာ့လည္း ရလဒ္ပိုင္းက တည္ၿငိမ္မႈမရွိေသးပါဘူး။
ရန္းနစ္ဟာ စီေရာ္နယ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔လို အသင္းရဲ႕ပုံရိပ္ကစားသမားေတြကို

လူစားလဲတာ၊ အရန္ခုံမွာထားတာေတြလုပ္ဖို႔ လက္တြန႔္ေနတတ္သူမဟုတ္ပါဘူး။
ဒါေပမဲ့ ရန္းနစ္ဟာ စီေရာ္နယ္ဒိုဆီက အေကာင္းဆုံးေျခစြမ္းကို ထုတ္ယူႏိုင္ျခင္းမရွိဘူးဆိုတဲ့

စြပ္စြဲမႈေတြရွိေနပါတယ္။ ဒါေၾကာင့္ ရန္းနစ္လက္ထက္ စီေရာ္နယ္ဒိုနဲ႔ ဆိုးလ္ရွားလက္ထက္

စီေရာ္နယ္ဒိုကို ကိန္းဂဏန္းေတြအရ ႏႈိင္းယွဥ္ဖို႔ လိုလာပါတယ္။
ဒီေနရာမွာ ယာယီနည္းျပကာရစ္လက္ထက္ စီေရာ္နယ္ဒိုရဲ႕ ၃ ပြဲကို ထည့္သြင္းထားျခင္း မရွိပါဘူး။

ဆိုးလ္ရွားလက္ထက္ စီေရာ္နယ္ဒို
ပြဲ – ၁၃
ပြဲထြက္ – ၁၂
လူစားဝင္ – ၁
ဂိုး – ၉
ဂိုးဖန္တီး – ၂
ပင္နယ္တီဂိုး – ဝ
တစ္ဂိုးပ်ဥ္းမွ် မိနစ္ – ၁၂၀

ရန္းနစ္လက္ထက္ စီေရာ္နယ္ဒို
ပြဲ – ၁၀
ပြဲထြက္ – ၉
လူစားဝင္ – ၁
ဂိုး – ၂
ဂိုးဖန္တီး – ၁
ပင္နယ္တီဂိုး – ၁
တစ္ဂိုးပ်ဥ္းမွ်မိနစ္ – ၄၃၇