
ယူနိုက်တက်ပရိသတ်တွေနဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ
ဝက်ဖို့ဒ်ကို (၄-၁)နဲ့ ရှုံးခဲ့ပြီးတဲ့ ပွဲစဉ်အပြီးမှာ ဆိုးလ်ရှားအပေါ်
စိတ်ရှည်ပေးနိုင်မှုဟာ ကုန်ဆုံးသွားခဲ့သလို ပွဲအပြီး နာရီပိုင်းအကြာမှာပဲ
အသင်းက အရေးပေါ်အစည်းအဝေး လုပ်ခဲ့ပြီး ဆိုးလ်ရှားကို
နည်းပြ ရာထူးကနေ ရပ်ဆိုင်းခဲ့လိုက်ပါတယ်။
ဆိုးလ်ရှားဟာ အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သလို
အသင်းရဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကြားမှာ ကောင်းမွန်တဲ့
ဆက်ဆံရေးတည်ဆောက် နိုင်ခဲ့တာကြောင့် သူနှုတ်ထွက်သွားရတဲ့ အပေါ်မှာ
အသင်းကလူတွေအတော်များများက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
ဆိုးလ်ရှားကိုယ်တိုင်လည်း အသင်းနဲ့ နောက်ဆုံးနှုတ်ဆက် အင်တာဗျူးမှာဆိုရင်
မျက်ရည်တွေကျခဲ့သလို မေးခွန်းတွေကိုလည်း မြန်မြန်ဖြေခဲ့ပြီး
အင်တာဗျူးကို အဆုံးသတ်သွားခဲ့ပါတယ်။ အခုလည်း အသင်းခေါင်းဆောင်
မက်ဂွိုင်းယားက ဆိုးလ်ရှားအထုတ်ခံရလောက်တဲ့အထိ ခြေစွမ်းတွေပျက်ခဲ့ကြတဲ့
သူတို့ကစားသမားတွေဟာလည်း ဒီဖြစ်ရပ်မှာ
တာဝန်တွေရှိပါတယ်ဆိုပြီး ပြောဆိုလာခဲ့ပါတယ်။
မက်ဂွိုင်ယားက” ရလဒ်ကြောင့် ဆိုးလ်ရှားကအ ရင်းခံလိုက်ရတာပါ။
ဘာပဲပြောပြော အသင်းရလဒ်မကောင်းတာက ကျွန်တော်တို့ဆီမှာလည်း
တာဝန်ရှိပါတယ်။ ဆိုးလ်ရှားက နစ်နာမှုရဲ့တန်ဖိုးကိုပေးလိုက်ရပါတယ်။
နောက်ပွဲတွေမှာတော့ ကျွန်တော်တို့က တာဝန်အပြည့်ရှိသွားပါပြီ”
“ကစားသမားဆိုတာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်ယူရမယ်။
ကျွန်တော်တို့က တူညီတဲ့ လှေတစ်စီးထဲမှာ အတူရှိနေကြတာပါ။
နောက်ဆုံးရလဒ်မကောင်းလို့ နည်းပြက တန်ဖိုးပေးဆပ်ခံလိုက်ရတဲ့ အတွက်
ကျွန်တော်တို့အားလုံးစိတ် ပျက်မိပါတယ်။ ကျွန်တော်တို့လည်း
လုံလုံလောက်လောက် မကောင်းခဲ့တာကို သိပါတယ်။”
“ဒီအချိန်က ကစားသမားအားလုံးအတွက် ခက်ခဲတဲ့ အချိန်ပါ။
နည်းပြကို ကျွန်တော်တို့က အများကြီး လေးစားပါတယ်။
မနေ့တုန်းက သူ ကျွန်တော့်ကို စကားခေါ်ပြောပါသေးတယ်။
အသင်းရသင့်တဲ့ ရလဒ်တွေပြန်ရဖို့ ကျွန်တော်တို့
လုပ်ဆောင်ရပါမယ်။ “ဆိုပြီး ပြောပါတယ်။
zawgyi
ဆိုးလ္ရွားတစ္ေယာက္တည္း တာ၀န္ရွိတာ မဟုတ္
ယူႏိုက္တက္ပရိသတ္ေတြနဲ႔ အသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ေတြဟာ
ဝက္ဖို႔ဒ္ကို (၄-၁)နဲ႔ ရႈံးခဲ့ၿပီးတဲ့ ပြဲစဥ္အၿပီးမွာ ဆိုးလ္ရွားအေပၚ
စိတ္ရွည္ေပးႏိုင္မႈဟာ ကုန္ဆုံးသြားခဲ့သလို ပြဲအၿပီး နာရီပိုင္းအၾကာမွာပဲ
အသင္းက အေရးေပၚအစည္းအေဝး လုပ္ခဲ့ၿပီး ဆိုးလ္ရွားကို
နည္းျပ ရာထူးကေန ရပ္ဆိုင္းခဲ့လိုက္ပါတယ္။
ဆိုးလ္ရွားဟာ အသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သလို
အသင္းရဲ႕ ဝန္ထမ္းေတြနဲ႔ ကစားသမားေတြၾကားမွာ ေကာင္းမြန္တဲ့
ဆက္ဆံေရးတည္ေဆာက္ ႏိုင္ခဲ့တာေၾကာင့္ သူႏႈတ္ထြက္သြားရတဲ့ အေပၚမွာ
အသင္းကလူေတြအေတာ္မ်ားမ်ားက စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။
ဆိုးလ္ရွားကိုယ္တိုင္လည္း အသင္းနဲ႔ ေနာက္ဆုံးႏႈတ္ဆက္ အင္တာဗ်ဴးမွာဆိုရင္
မ်က္ရည္ေတြက်ခဲ့သလို ေမးခြန္းေတြကိုလည္း ျမန္ျမန္ေျဖခဲ့ၿပီး
အင္တာဗ်ဴးကို အဆုံးသတ္သြားခဲ့ပါတယ္။ အခုလည္း အသင္းေခါင္းေဆာင္
မက္ဂြိဳင္းယားက ဆိုးလ္ရွားအထုတ္ခံရေလာက္တဲ့အထိ ေျခစြမ္းေတြပ်က္ခဲ့ၾကတဲ့
သူတို႔ကစားသမားေတြဟာလည္း ဒီျဖစ္ရပ္မွာ
တာဝန္ေတြရွိပါတယ္ဆိုၿပီး ေျပာဆိုလာခဲ့ပါတယ္။
မက္ဂြိဳင္ယားက” ရလဒ္ေၾကာင့္ ဆိုးလ္ရွားကအ ရင္းခံလိုက္ရတာပါ။
ဘာပဲေျပာေျပာ အသင္းရလဒ္မေကာင္းတာက ကြၽန္ေတာ္တို႔ဆီမွာလည္း
တာဝန္ရွိပါတယ္။ ဆိုးလ္ရွားက နစ္နာမႈရဲ႕တန္ဖိုးကိုေပးလိုက္ရပါတယ္။
ေနာက္ပြဲေတြမွာေတာ့ ကြၽန္ေတာ္တို႔က တာဝန္အျပည့္ရွိသြားပါၿပီ”
“ကစားသမားဆိုတာ ကိုယ့္တာဝန္ကို ကိုယ္ေက်ပြန္ေအာင္ယူရမယ္။
ကြၽန္ေတာ္တို႔က တူညီတဲ့ ေလွတစ္စီးထဲမွာ အတူရွိေနၾကတာပါ။
ေနာက္ဆုံးရလဒ္မေကာင္းလို႔ နည္းျပက တန္ဖိုးေပးဆပ္ခံလိုက္ရတဲ့ အတြက္
ကြၽန္ေတာ္တို႔အားလုံးစိတ္ ပ်က္မိပါတယ္။ ကြၽန္ေတာ္တို႔လည္း
လုံလုံေလာက္ေလာက္ မေကာင္းခဲ့တာကို သိပါတယ္။”
“ဒီအခ်ိန္က ကစားသမားအားလုံးအတြက္ ခက္ခဲတဲ့ အခ်ိန္ပါ။
နည္းျပကို ကြၽန္ေတာ္တို႔က အမ်ားႀကီး ေလးစားပါတယ္။
မေန႔တုန္းက သူ ကြၽန္ေတာ့္ကို စကားေခၚေျပာပါေသးတယ္။
အသင္းရသင့္တဲ့ ရလဒ္ေတြျပန္ရဖို႔ ကြၽန္ေတာ္တို႔
လုပ္ေဆာင္ရပါမယ္။ “ဆိုၿပီး ေျပာပါတယ္။