ဆိုးလ်ရှားက လီဗာပူးလ်နဲ့ကစားမယ့်ပွဲမှာ အာရုံစူးစိုက်မှုတစ်ချက်လွတ်သွားတာနဲ့ပေးဆပ်မှုကြီးမားသွားလိမ့်မယ်လို့  သတိပေး

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက လီဗာပူးလ်နဲ့ကစားမယ့်ပွဲမှာ

အာရုံစူးစိုက်မှုတစ်ချက်လွတ်သွားတာနဲ့ပေးဆပ်မှုကြီးမားသွားလိမ့်မယ်လို့

သူ့ရဲ့ကစားသမားတွေကို သတိပေးစကားဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ

ဒီနေ့(မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)မှာ လီဗာပူးလ်အသင်းကို

အိုးလ်ထရက်ဖို့ဒ်မှာလက်ခံကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက

အိမ်ကွင်းမှာပဲ(၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ဖူးပါတယ်။

ဒ့ါအပြင် ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် ပရီးမီးယားလိဂ်

နောက်ဆုံး(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေသလို ပြိုင်ပွဲစုံပွဲပေါင်း(၂၀)မှာလည်း

ဂိုးမပေးခဲ့ရတာက(၁)ပွဲသာရှိခဲ့တာဖြစ်ပါတယ်။

မနေ့က နောဝစ်ချ်နဲ့ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းက (၇-ဝ)ဂိုးပြတ်နဲ့အနိုင်ရခဲ့တာကြောင့်

အခုဆိုရင် ချယ်လ်ဆီးအသင်းနဲ့(၈)မှတ်အထိကွာဟနေပြီဖြစ်ပြီး

အမှတ်ကွာဟချက်ကိုလျှော့ချနိုင်အောင် လီဗာပူးလ်နဲ့ပွဲမှာရလဒ်ကောင်းရယူဖို့

လိုအပ်နေတဲ့အတွက် ဆိုးလ်ရှားက သူ့ကစားသမားတွေကို အာရုံစူးစိုက်မှုအပြည့်နဲ့

ကစားဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။

ဆိုးလ်ရှားက “ဆာအဲလက်စ်လက်ထက်တုန်းက သူဟာ ကစားသမားတွေကို

အာရုံစူးစိုက်မှုအပြည့်နဲ့ကစားဖို့အမြဲမှာကြားလေ့ရှိပါတယ်။ မိနစ်(၉၀)အတွင်းမှ

ာသာမက ပွဲတိုင်း၊ ရက်သတ္တပတ်တိုင်းမှာ အဲဒီလိုကစားရမယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

ကျွန်တော်တို့အသင်းဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ချန်ပီယံလိဂ်၊ပရီးမီးယားလိဂ်လို

ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်နေရတာကြောင့် စက္ကန့်ပိုင်းလောက်လေးအာရုံစူးစိုက်မှု

မရှိတာနဲ့ အကြီးကြီးပေးဆပ်ရမှာဖြစ်ပါတယ်။

ပွဲတစ်ပွဲအပေါ် အာရုံစူးစိုက်မှုအပြည့်၊ စုစည်းမှုရှိရှိနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး

ဒါက ထိပ်တန်းအဆင့်ပြိုင်ပွဲတွေနဲ့ သာမန်အဆင့်ပြိုင်ပွဲတွေကြားက

ခြားနားချက်ပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

ပြီးခဲ့တဲ့ရာသီတုန်းက FA ဖလားပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို (၃-၂)ဂိုးနဲ့

အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၂၀၁၇-၁၈ ရာသီအိုးလ်ထရက်ဖို့ဒ်မှာ

(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်ပိုင်း စုစုပေါင်း(၆)ပွဲမှာတစ်ပွဲမှအနိုင်မရခဲ့ပါဘူး။

zawgyi

ဆိုးလ္ရွားက လီဗာပူးလ္နဲ႔ကစားမယ့္ပြဲမွာ အာ႐ုံစူးစိုက္မႈတစ္ခ်က္လြတ္သြားတာနဲ႔ေပးဆပ္မႈႀကီးမားသြားလိမ့္မယ္လို႔  သတိေပး

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက လီဗာပူးလ္နဲ႔ကစားမယ့္ပြဲမွာ

အာ႐ုံစူးစိုက္မႈတစ္ခ်က္လြတ္သြားတာနဲ႔ေပးဆပ္မႈႀကီးမားသြားလိမ့္မယ္လို႔

သူ႔ရဲ႕ကစားသမားေတြကို သတိေပးစကားဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ဒီေန႔(ျမန္မာစံေတာ္ခ်ိန္ ည ၁၀:၀၀ နာရီ)မွာ လီဗာပူးလ္အသင္းကို

အိုးလ္ထရက္ဖို႔ဒ္မွာလက္ခံကစားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက

အိမ္ကြင္းမွာပဲ(၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ဖူးပါတယ္။

ဒ့ါအျပင္ ယူႏိုက္တက္အသင္းဟာ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္

ေနာက္ဆုံး(၃)ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ေနသလို ၿပိဳင္ပြဲစုံပြဲေပါင္း(၂၀)မွာလည္

း ဂိုးမေပးခဲ့ရတာက(၁)ပြဲသာရွိခဲ့တာျဖစ္ပါတယ္။ မေန႔က ေနာဝစ္ခ်္နဲ႔

ကစားခဲ့တဲ့ပြဲမွာ ခ်ယ္လ္ဆီးအသင္းက (၇-ဝ)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တာေၾကာင့္

အခုဆိုရင္ ခ်ယ္လ္ဆီးအသင္းနဲ႔(၈)မွတ္အထိကြာဟေနၿပီျဖစ္ၿပီး

အမွတ္ကြာဟခ်က္ကိုေလွ်ာ့ခ်ႏိုင္ေအာင္ လီဗာပူးလ္နဲ႔ပြဲမွာရလဒ္ေကာင္းရယူဖို႔

လိုအပ္ေနတဲ့အတြက္ ဆိုးလ္ရွားက သူ႔ကစားသမားေတြကို အာ႐ုံစူးစိုက္မႈအျပည့္နဲ႔

ကစားဖို႔ သတိေပးလိုက္တာျဖစ္ပါတယ္။

ဆိုးလ္ရွားက “ဆာအဲလက္စ္လက္ထက္တုန္းက သူဟာ ကစားသမားေတြကို

အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ကစားဖို႔အၿမဲမွာၾကားေလ့ရွိပါတယ္။ မိနစ္(၉၀)အတြင္းမွ

ာသာမက ပြဲတိုင္း၊ ရက္သတၱပတ္တိုင္းမွာ အဲဒီလိုကစားရမယ္ဆိုတဲ့အဓိပၸါယ္ပါပဲ။

ကြၽန္ေတာ္တို႔အသင္းဟာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ခ်န္ပီယံလိဂ္၊ပရီးမီးယားလိဂ္လို

ၿပိဳင္ပြဲေတြမွာပါဝင္ယွဥ္ၿပိဳင္ေနရတာေၾကာင့္ စကၠန႔္ပိုင္းေလာက္ေလးအာ႐ုံစူးစိုက္မႈ

မရွိတာနဲ႔ အႀကီးႀကီးေပးဆပ္ရမွာျဖစ္ပါတယ္။

ပြဲတစ္ပြဲအေပၚ အာ႐ုံစူးစိုက္မႈအျပည့္၊ စုစည္းမႈရွိရွိနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး

ဒါက ထိပ္တန္းအဆင့္ၿပိဳင္ပြဲေတြနဲ႔ သာမန္အဆင့္ၿပိဳင္ပြဲေတြၾကားက

ျခားနားခ်က္ပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ၿပီးခဲ့တဲ့ရာသီတုန္းက FA ဖလားၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္းကို (၃-၂)ဂိုးနဲ႔

အႏိုင္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ၂၀၁၇-၁၈ ရာသီအိုးလ္ထရက္ဖို႔ဒ္မွာ

(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးတဲ့ေနာက္ပိုင္း စုစုေပါင္း(၆)ပြဲမွာတစ္ပြဲမွအႏိုင္မရခဲ့ပါဘူး။