ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် သူ့ရဲ့ တစ်နှစ်လုပ်ခဖြစ်တဲ့ ပေါင် ၇.၅ သန်းကို အပြည့်ပေးရမှာ ဖြစ်
ယူနိုက်တက်ဟာဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ပါကနစ်နာကြေး
ပေါင်၇.၅သန်းအထိပေးရမယ့်ကိန်းဆိုက်နေကြောင်းသိရပါတယ်။ယူနိုက်တက်ဟာ
အိုးထရက်ဖို့ဒ်တွင်လီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် နောက်ဆုံးပရီးမီးယားလိဂ်
လေးပွဲဆက်နိုင်ပွဲပျောက်နေပါတယ်။ဒါကြောင့်လည်းကလပ်အတွင်းပိုင်းနှင့်အပြင်ပိုင်း
ပရိသတ်တို့ကနည်းပြအပြောင်းအလဲပြုလုပ်ရန်တောင်းဆိုမှုများရှိလာပါတယ်။
ယူနိုက်တက်ဘက်ကတော့ ဆိုးလ်ရှားကို လာမယ့် ပွဲစဉ် ၃ ပွဲ အတွက်
အခွင့်အရေးပေးထားပါတယ်။ တကယ်လို့ ယူနိုက်တက်က လာမယ့် ပွဲတွေအတွင်း
ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် သူ့ရဲ့ တစ်နှစ်လုပ်ခဖြစ်တဲ့
ပေါင် ၇.၅ သန်းကို အပြည့်ပေးရမှာ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ဂွာဒီယိုလာ၊
ကလော့ပ်၊ ဘရန်ဒန် ရော်ဂျာနဲ့ ဘီရယ်ဆာတို့နောက် ပရီးမီးယားလိဂ်ရဲ့
ပဉ္စမမြောက် လုပ်ခအမြင့်ဆုံး မန်နေဂျာလည်း ဖြစ်ပါတယ်။
လောလောဆယ်မှာ ယူနိုက်တက်တာဝန်ရှိသူတွေထဲမှာ ဝုဒ်ဝတ်၊ ဂျိုယေးဂလေဇာတို့က
ဆိုးလ်ရှားကို ဆက်လက် ထောက်ခံခဲ့ကြသူတွေဖြစ်သလို နည်းပြဟောင်းကြီး
ဆာအဲလက်စ်ကလည်း ဆက်ပြီး အချိန်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
တစ်ဖက်မှာလည်း နည်းပြ အသစ်နေရာအတွက် ကြိုတင်ချိတ်ဆက်မှုတွေရှိပါတယ်။
လက်ရှိအချိန်တွင်ယူနိုက်တက် နည်းပြရာထူးအတွက်ချဲလ်ဆီးနည်းပြဟောင်း
အန်တိုနီယိုကွန်တီနှင့်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။
zawgyi