ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း သတင်းထွက်ပေါ်

အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးကို ၅ ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက်

မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း

သတင်းထွက်ပေါ်လာပါတယ်။ လာမယ့်စနေကစားမယ့် စပါးနဲ့ပွဲမတိုင်ခင်မှာ

၄၈ နှစ်အရွယ် အဲဒီနော်ဝေသားနည်းပြကို ထုတ်ပယ်ဖို့ မန်ယူအသင်း

တာဝန်ရှိသူတွေက စဉ်းစားနေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေက အရှက်တကွဲရှုံးနိမ့်မှုအပြီးမှာ မန်ယူဟာ

ဆိုးလ်ရှားရဲ့အနာဂါတ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပထမပိုင်းမှာတင် ၄ ဂိုးပေးခဲ့ရတာဟာ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး

အဲဒီပွဲအပြီး ၂ နာရီတိုင်အောင် ကစားသမားတွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ

ရှိနေတယ်လို့ သိရပါတယ်။ မန်ယူဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၉ ပွဲမှာ

၅ ပွဲရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်မှာဆို ၄ ပွဲဆက်နိုင်ပွဲပျောက်ထားတာပါ။

ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်မှာ မန်ယူကို ဒုတိယနေရာရပ်တည်နိုင်စေခဲ့ပြီး

ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲရောက်စေခဲ့လို့ ပြီးခဲ့တဲ့နွေရာသီမှာပဲ

စာချုပ်သစ်ချုပ်ဆိုခြင်းခံခဲ့ရတာပါ။ အဲဒီနောက် မန်ယူဟာ ဆုဖလားတွေ

စိန်ခေါ်နိုင်ရေးအတွက် စီရော်နယ်ဒို၊ ဗာရာနီနဲ့ ဆန်ချိုတို့လို

ကစားသမားတွေအတွက် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲ ဆိုးရွားတဲ့ရာသီအစပိုင်းတစ်ခုနဲ့

ကြုံတွေ့နေရပါတယ်။ ကာယကံရှင်ဆိုးလ်ရှားကတော့ အခုချိန်ထိ

ခေါင်းမာနေဆဲဖြစ်ပြီး မန်ယူရဲ့အခြေအနေကိုပြောင်းလဲပေးနိုင်မယ့်သူဖြစ်နေဆဲပဲလို့

သူ့ကိုယ်သူယုံကြည်နေပါတယ်။ ဒါပေမဲ့လည်း ကစားသမားတွေဘက်က

ဆိုးလ်ရှားအပေါ်မှာ ယုံကြည်မှုကင်းမဲ့လာတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ စဥ္းစားေနေၾကာင္း သတင္းထြက္ေပၚ

အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးကို ၅ ဂိုးျပတ္နဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးေနာက္

မန္ယူအသင္းဟာ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ စဥ္းစားေနေၾကာင္း

သတင္းထြက္ေပၚလာပါတယ္။ လာမယ့္စေနကစားမယ့္ စပါးနဲ႔ပြဲမတိုင္ခင္မွာ

၄၈ ႏွစ္အ႐ြယ္ အဲဒီေနာ္ေဝသားနည္းျပကို ထုတ္ပယ္ဖို႔ မန္ယူအသင္း

တာဝန္ရွိသူေတြက စဥ္းစားေနတယ္လို႔ မန္ခ်က္စတာညေနခင္းသတင္းစာက ေဖာ္ျပခဲ့တာပါ။

ၿပီးခဲ့တဲ့တနဂၤေႏြက အရွက္တကြဲရႈံးနိမ့္မႈအၿပီးမွာ မန္ယူဟာ

ဆိုးလ္ရွားရဲ႕အနာဂါတ္နဲ႔ပတ္သက္လို႔ တစ္စုံတစ္ရာထုတ္ျပန္ျခင္း မရွိေသးပါဘူး။

ပထမပိုင္းမွာတင္ ၄ ဂိုးေပးခဲ့ရတာဟာ ကလပ္သမိုင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး

အဲဒီပြဲအၿပီး ၂ နာရီတိုင္ေအာင္ ကစားသမားေတြဟာ အိုးလ္ထရက္ဖို႔ဒ္မွာ

ရွိေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၉ ပြဲမွာ

၅ ပြဲရႈံးနိမ့္ထားၿပီး ပရီးမီးယားလိဂ္မွာဆို ၄ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားတာပါ။

ဆိုးလ္ရွားဟာ ပရီးမီးယားလိဂ္မွာ မန္ယူကို ဒုတိယေနရာရပ္တည္ႏိုင္ေစခဲ့ၿပီး

ယူ႐ိုပါလိဂ္မွာလည္း ဗိုလ္လုပြဲေရာက္ေစခဲ့လို႔ ၿပီးခဲ့တဲ့ေႏြရာသီမွာပဲ

စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းခံခဲ့ရတာပါ။ အဲဒီေနာက္ မန္ယူဟာ ဆုဖလားေတြ

စိန္ေခၚႏိုင္ေရးအတြက္ စီေရာ္နယ္ဒို၊ ဗာရာနီနဲ႔ ဆန္ခ်ိဳတို႔လို

ကစားသမားေတြအတြက္ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ေမွ်ာ္လင့္ထားသလိုျဖစ္မလာခဲ့ဘဲ ဆိုး႐ြားတဲ့ရာသီအစပိုင္းတစ္ခုနဲ႔

ႀကဳံေတြ႕ေနရပါတယ္။ ကာယကံရွင္ဆိုးလ္ရွားကေတာ့ အခုခ်ိန္ထိ

ေခါင္းမာေနဆဲျဖစ္ၿပီး မန္ယူရဲ႕အေျခအေနကိုေျပာင္းလဲေပးႏိုင္မယ့္သူျဖစ္ေနဆဲပဲလို႔

သူ႔ကိုယ္သူယုံၾကည္ေနပါတယ္။ ဒါေပမဲ့လည္း ကစားသမားေတြဘက္က

ဆိုးလ္ရွားအေပၚမွာ ယုံၾကည္မႈကင္းမဲ့လာတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။