
ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ
ထိပ်သီး လေးသင်းအတွင်း မရပ်တည်နိုင်ခဲ့ရင်၊
နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှားကို အပြစ်တင်ရမယ့်
အချက်တွေ ရှိတယ်လို့ ယာယီနည်းပြ ရန်းနစ်ခ်က ပြောလိုက်ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့
နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်၇ပွဲမှာ ရလဒ်ကောင်းတွေ
ရယူပေးနိုင်ခြင်း မရှိခဲ့ပဲ၊ ၅ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့်
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
“ဒီအသင်းဟာ အိုလီ ထွက်ခွာသွားချိန် ကတည်းက
စိုးရိမ်စရာ အနေအထားမျိုးနဲ့ ကျန်ခဲ့တာဖြစ်ပြီး၊
ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေ အမြဲတမ်း ရှိနေခဲ့တာပါ။”
“အဲလို အခြေအနေတွေဟာ သူ ဒီအသင်းကနေ ထွက်ခွာရဖို့ ဖြစ်လာစေတဲ့
အကြောင်းအရင်း တွေထဲကတစ်ခု ဆိုတာ သေချာပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညက ကစားခဲ့တဲ့ ပွဲရလဒ်မျိုးတွေ
မကြာခဏ ဖြစ်နေခဲ့ရင် ကျွန်တော်တို့ရဲ့
ချန်ပီယံလိဂ် ဝင်ခွင့်က ပိုခက်သွားပါလိမ့်မယ်။”
“အခုချိန်မှာ ကျွန်တော်တို့အသင်း အမှန်တကယ် လိုအပ်နေတဲ့ အရာတစ်ခုက
အဆင့်၄နဲ့ ရာသီသိမ်းနိုင်ဖို့ပါပဲ။ ဒါက ပြည်တွင်းမှာ ဆိုရင်
ကျွန်တော်တို့ အသင်းအတွက် အမြင့်မားဆုံး ရနိုင်တဲ့
အောင်မြင်မှုလို့လည်း ထင်ပါတယ်။
ပြည်တွင်းလိဂ်မှာ ဆိုရင် ကျွန်တော်တို့ရဲ့ ပစ်မှတ်က အဆင့်၄ပါ။
ဒါက ကျွန်တော်တို့ရဲ့ ပန်းတိုင်လည်း ဖြစ်ပါတယ်။” လို့
ရန်းနစ်ခ်က ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံး
အသင်း၄သင်းထဲက တစ်သင်း ဖြစ်ပေမယ့်
လက်ရှိအချိန် အထိ ပုံမှန် ခြေစွမ်းကောင်း တစ်ရပ်ကို ပြသထားနိုင်ခြင်း မရှိသလို
အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ ဖာနန်ဒက် ၊ ပေါ့ဘာ ၊
ရက်ဖို့ဒ် ၊ မက်ဂွိုင်းယား စတဲ့ ကစားသမားတွေရဲ့
ခြေစွမ်းကလည်း တစ်နေ့ရွှေ ၊ တစ်နေ့ငွေ ဖြစ်နေပါတယ်။
zawgyi
ဆိုးလ္ရွားကိုပါ ပူးတြဲတရားခံ ျဖစ္ေစခ်င္တဲ့ ရန္းနစ္ခ္
ယူႏိုက္တက္ အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ
ထိပ္သီး ေလးသင္းအတြင္း မရပ္တည္ႏိုင္ခဲ့ရင္၊
နည္းျပေဟာင္း အိုလီဂန္နာ ဆိုးလ္ရွားကို အျပစ္တင္ရမယ့္
အခ်က္ေတြ ရွိတယ္လို႔ ယာယီနည္းျပ ရန္းနစ္ခ္က ေျပာလိုက္ပါတယ္။
ဆိုးလ္ရွားဟာ ယူႏိုက္တက္ အသင္းကို ကိုင္တြယ္ခဲ့တဲ့
ေနာက္ဆုံး ပရီးမီးယားလိဂ္ ပြဲစဥ္၇ပြဲမွာ ရလဒ္ေကာင္းေတြ
ရယူေပးႏိုင္ျခင္း မရွိခဲ့ပဲ၊ ၅ပြဲအထိ ရႈံးနိမ့္ခဲ့တာေၾကာင့္
ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ အသင္းကေန ထုတ္ပယ္ခံခဲ့ရပါတယ္။
“ဒီအသင္းဟာ အိုလီ ထြက္ခြာသြားခ်ိန္ ကတည္းက
စိုးရိမ္စရာ အေနအထားမ်ိဳးနဲ႔ က်န္ခဲ့တာျဖစ္ၿပီး၊
ခ်န္ပီယံလိဂ္ ဝင္ခြင့္ ဆုံးရႈံးႏိုင္တဲ့ အေျခအေနေတြ အၿမဲတမ္း ရွိေနခဲ့တာပါ။”
“အဲလို အေျခအေနေတြဟာ သူ ဒီအသင္းကေန ထြက္ခြာရဖို႔ ျဖစ္လာေစတဲ့
အေၾကာင္းအရင္း ေတြထဲကတစ္ခု ဆိုတာ ေသခ်ာပါတယ္။
ၿပီးခဲ့တဲ့ စေနေန႔ညက ကစားခဲ့တဲ့ ပြဲရလဒ္မ်ိဳးေတြ
မၾကာခဏ ျဖစ္ေနခဲ့ရင္ ကြၽန္ေတာ္တို႔ရဲ႕
ခ်န္ပီယံလိဂ္ ဝင္ခြင့္က ပိုခက္သြားပါလိမ့္မယ္။”
“အခုခ်ိန္မွာ ကြၽန္ေတာ္တို႔အသင္း အမွန္တကယ္ လိုအပ္ေနတဲ့ အရာတစ္ခုက
အဆင့္၄နဲ႔ ရာသီသိမ္းႏိုင္ဖို႔ပါပဲ။ ဒါက ျပည္တြင္းမွာ ဆိုရင္
ကြၽန္ေတာ္တို႔ အသင္းအတြက္ အျမင့္မားဆုံး ရႏိုင္တဲ့
ေအာင္ျမင္မႈလို႔လည္း ထင္ပါတယ္။
ျပည္တြင္းလိဂ္မွာ ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ပစ္မွတ္က အဆင့္၄ပါ။
ဒါက ကြၽန္ေတာ္တို႔ရဲ႕ ပန္းတိုင္လည္း ျဖစ္ပါတယ္။” လို႔
ရန္းနစ္ခ္က ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။
ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ရဲ႕ လူအင္အား အေတာင့္တင္းဆုံး
အသင္း၄သင္းထဲက တစ္သင္း ျဖစ္ေပမယ့္
လက္ရွိအခ်ိန္ အထိ ပုံမွန္ ေျခစြမ္းေကာင္း တစ္ရပ္ကို ျပသထားႏိုင္ျခင္း မရွိသလို
အဓိက ကစားသမားေတြ ျဖစ္တဲ့ ႐ိုနယ္ဒို ၊ ဖာနန္ဒက္ ၊ ေပါ့ဘာ ၊
ရက္ဖို႔ဒ္ ၊ မက္ဂြိဳင္းယား စတဲ့ ကစားသမားေတြရဲ႕
ေျခစြမ္းကလည္း တစ္ေန႔ေ႐ႊ ၊ တစ္ေန႔ေငြ ျဖစ္ေနပါတယ္။