ဆိုးလ်ရှားကိုထုတ်ပယ်လိုက်ကြောင်း မန်ယူအတည်ပြု

မန်ယူအသင်းဟာ စနေနေ့က ဝက်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့ပြီး တစ်ရက်အကြာဖြစ်တဲ့

တနင်္ဂနွေမှာနည်းပြဆိုးလ်ရှားကို ရာထူးကနေထုတ်ပယ်လိုက်ကြောင်း

အတည်ပြုလိုက်ပါတယ်။ မန်ယူဟာတန်းမဆင်းရဖို့ရုန်းကန်နေရတဲ့

ဝက်ဖို့ဒ်ကိုအဝေးကွင်းမှာ ၄-၁ နဲ့အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ

ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်နေတဲ့အတိုင်းဖြစ်လာခဲ့တာပါ။

ဝက်ဖို့ဒ်ကိုရှုံးခဲ့မှုဟာ မန်ယူအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၅ ပွဲမြောက်

အရှုံးဖြစ်ခဲ့ပြီး လီဗာပူးနဲ့ မန်စီးတီးတို့ကိုဂိုးပြတ်ရှုံးနိမ့်ပြီးကတည်းကအထုတ်ခံရမယ်လို့
တင်းတွေထွက်နေတာပါ။ အသက် ၄၈ နှစ်ရှိတဲ့ဆိုးလ်ရှားဟာ ၂၀၁၈ ဒီဇင်ဘာလက

မန်ယူကို ယာယီနည်းပြအဖြစ်နဲ့ စတင်တာဝန်ယူခဲ့ပြီး ၃ နှစ်နီးပါးကြာကိုင်တွယ်ခဲ့တာပါ။
မန်ယူအသင်းကကြေညာချက်ထုတ်ပြန်ရာမှာ ဆိုးလ်ရှားရဲ့မမောမပန်း

ကြိုးပမ်းခဲ့မှုတွေအတွက်ကျေးဇူးတင်ကြောင်းနဲ့ ရာသီကုန်ချိန်အထိ

ယာယီနည်းကိုသာခန့်အပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ယာယီနည်းပြအဖြစ်

ကစာသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒါရင်းဖလက်ချာကိုတာဝန်ပေးမယ်လို့

သတင်းတွေထွက်နေပေမယ့် လောလောဆယ်မှာလေ့ကျင့်ခန်းတွေကို

ဆိုးလ်ရှားရဲ့လက်ထောက်ဖြစ်ခဲ့တဲ့မိုက်ကယ်ကာရစ်ကကြီးကြပ်နေလို့

နောက်လာမယ့်ပွဲအနည်းငယ်အထိ ကာရစ်ကဘဲတာဝန်ယူဖို့ရှိနေပါတယ်။

မန်ယူဟာ ဝက်ဖို့ဒ်ကိုရှုံးခဲ့ပြီးနောက် ပိုင်ရှင်ဂလေဇာမိသားစုက ဘုတ်အဖွဲ့အရေးပေါ်

အစည်းအဝေးခေါ်ယူခဲ့ပြီး ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ ယာယီနည်းပြနဲ့သာရာသီကုန်ချိန်အထိရှေ့ဆက်မယ်လို့ ထုတ်ပြန်ထားတဲ့

အတွက် နည်းပြသစ်ကိုမကြာခင်မြင်ရဖို့မဖြစ်နိုင်သေးပါဘူး။

ဒီရာထူးအတွက် ရီးရဲလ်နည်းပြဟောင်း ဇီဒန်း၊ လက်စတာနည်းပြ

ဘရန်ဒန်ရော်ဂျာနဲ့ အေဂျက်နည်းပြ အဲရစ်တန်ဟက် တို့ရေပန်းစားနေကြပါတယ်။
ကစားသမားဘဝက မန်ယူကို ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ဘက်ကို

နောက်ဆုံးမိနစ်အနိုင်ဂိုးသွင်းခဲ့လို့ လူသိများခဲ့တဲ့ ဆိုးလ်ရှားဟာ မန်ယူကို ၁၆၅ ပွဲ

ကိုင်တွယ်ခဲ့ရာမှာ ၉၁ ပွဲနိုင်၊ ၄၀ ပွဲရှုံးပြီး ၃၄ ပွဲသရေကျခဲ့ပါတယ်။

သူဟာအခုလိုထုတ်ပယ်ခံလိုက်ရပေမယ့် မန်ယူအသင်းသမိုင်းမှာ နိုင်ပွဲရာခိုင်နှုန်း

တတိယအမြင့်ဆုံးသူဖြစ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi

ဆိုးလ္ရွားကိုထုတ္ပယ္လိုက္ေၾကာင္း မန္ယူအတည္ျပဳ

မန္ယူအသင္းဟာ စေနေန႔က ဝက္ဖို႔ဒ္ကိုရႈံးနိမ့္ခဲ့ၿပီး တစ္ရက္အၾကာျဖစ္တဲ့

တနဂၤေႏြမွာနည္းျပဆိုးလ္ရွားကို ရာထူးကေနထုတ္ပယ္လိုက္ေၾကာင္း

အတည္ျပဳလိုက္ပါတယ္။ မန္ယူဟာတန္းမဆင္းရဖို႔႐ုန္းကန္ေနရတဲ့

ဝက္ဖို႔ဒ္ကိုအေဝးကြင္းမွာ ၄-၁ နဲ႔အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ရာထူးကေန

ထုတ္ပယ္ခံရေတာ့မယ္လို႔ သတင္းေတြထြက္ေနတဲ့အတိုင္းျဖစ္လာခဲ့တာပါ။

ဝက္ဖို႔ဒ္ကိုရႈံးခဲ့မႈဟာ မန္ယူအတြက္ ဒီရာသီပရီးမီးယားလိဂ္မွာ ၅ ပြဲေျမာက္

အရႈံးျဖစ္ခဲ့ၿပီး လီဗာပူးနဲ႔ မန္စီးတီးတို႔ကိုဂိုးျပတ္ရႈံးနိမ့္ၿပီးကတည္းကအထုတ္ခံရမယ္လို႔
တင္းေတြထြက္ေနတာပါ။ အသက္ ၄၈ ႏွစ္ရွိတဲ့ဆိုးလ္ရွားဟာ ၂၀၁၈ ဒီဇင္ဘာလက

မန္ယူကို ယာယီနည္းျပအျဖစ္နဲ႔ စတင္တာဝန္ယူခဲ့ၿပီး ၃ ႏွစ္နီးပါးၾကာကိုင္တြယ္ခဲ့တာပါ။
မန္ယူအသင္းကေၾကညာခ်က္ထုတ္ျပန္ရာမွာ ဆိုးလ္ရွားရဲ႕မေမာမပန္း

ႀကိဳးပမ္းခဲ့မႈေတြအတြက္ေက်းဇူးတင္ေၾကာင္းနဲ႔ ရာသီကုန္ခ်ိန္အထိ

ယာယီနည္းကိုသာခန႔္အပ္သြားမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ယာယီနည္းျပအျဖစ္

ကစာသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဒါရင္းဖလက္ခ်ာကိုတာဝန္ေပးမယ္လို႔

သတင္းေတြထြက္ေနေပမယ့္ ေလာေလာဆယ္မွာေလ့က်င့္ခန္းေတြကို

ဆိုးလ္ရွားရဲ႕လက္ေထာက္ျဖစ္ခဲ့တဲ့မိုက္ကယ္ကာရစ္ ကႀကီးၾကပ္ေနလို႔

ေနာက္လာမယ့္ပြဲအနည္းငယ္အထိ ကာရစ္ကဘဲတာဝန္ယူဖို႔ရွိေနပါတယ္။

မန္ယူဟာ ဝက္ဖို႔ဒ္ကိုရႈံးခဲ့ၿပီးေနာက္ ပိုင္ရွင္ဂေလဇာမိသားစုက ဘုတ္အဖြဲ႕အေရးေပၚ

အစည္းအေဝးေခၚယူခဲ့ၿပီး ဆိုးလ္ရွားကိုထုတ္ပယ္ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

မန္ယူဟာ ယာယီနည္းျပနဲ႔သာရာသီကုန္ခ်ိန္အထိေရွ႕ဆက္မယ္လို႔ ထုတ္ျပန္ထားတဲ့

အတြက္ နည္းျပသစ္ကိုမၾကာခင္ျမင္ရဖို႔မျဖစ္ႏိုင္ေသးပါဘူး။

ဒီရာထူးအတြက္ ရီးရဲလ္နည္းျပေဟာင္း ဇီဒန္း၊ လက္စတာနည္းျပ

ဘရန္ဒန္ေရာ္ဂ်ာနဲ႔ ေအဂ်က္နည္းျပ အဲရစ္တန္ဟက္ တို႔ေရပန္းစားေနၾကပါတယ္။
ကစားသမားဘဝက မန္ယူကို ၁၉၉၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ဘက္ကို

ေနာက္ဆုံးမိနစ္အႏိုင္ဂိုးသြင္းခဲ့လို႔ လူသိမ်ားခဲ့တဲ့ ဆိုးလ္ရွားဟာ မန္ယူကို ၁၆၅ ပြဲ

ကိုင္တြယ္ခဲ့ရာမွာ ၉၁ ပြဲႏိုင္၊ ၄၀ ပြဲရႈံးၿပီး ၃၄ ပြဲသေရက်ခဲ့ပါတယ္။

သူဟာအခုလိုထုတ္ပယ္ခံလိုက္ရေပမယ့္ မန္ယူအသင္းသမိုင္းမွာ ႏိုင္ပြဲရာခိုင္ႏႈန္း

တတိယအျမင့္ဆုံးသူျဖစ္ခဲ့ေၾကာင္း သိရပါတယ္။