ဆိုရှယ်မီဒီယာသုံးစွဲသူအများစု ဝမ်းသာအားရကြိုဆိုခဲ့တဲ့  Anonymous အဖွဲ့ရဲ့ ဆိုက်ဘာစစ်ပွဲ

ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာ ပလေယာအသစ်တစ်ယောက်ပေါ်လာခဲ့ပြီး

အဲဒါကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့ဖြစ်တဲ့ Anonymous ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို အင်ပြည့်အားပြည့်ကျူးကျော်နေချိန်မှာ

Anonymous ဟက်ကာအဖွဲ့ကလည်း ရုရှားအစိုးရဲ့များစွာဝက်ဘ်ဆိုဒ်တွေကို

တိုက်ခိုက်မှုလုပ်ပြီး ဖြုတ်ချပစ်ခဲ့တာပါ။

အဲဒီထဲမှာ အစိုးရကထိန်းချုပ်တဲ့ရုပ်သံ network ဝက်ဘ်ဆိုဒ်ဖြစ်တဲ့

RT.com လည်းပါဝင်ပါတယ်။

Anonymous ဟက်ကာအဖွဲ့က သူတို့ဟာ ရုရှားကို ဆိုက်ဘာစစ်ပွဲဆင်နွဲှနေပြီလို့

မနေ့ကတည်းက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter မှာ ကြေညာခဲ့တာပါ။

ရုရှားဟာ ယူကရိန်းကို မကျူးကျော်ခင်မှာ ယူကရိန်းအစိုးရနဲ့ဘဏ်တွေကို

အဓိကပစ်မှတ်ထားပြီး ကြီးမားတဲ့ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း Anonymous အဖွဲ့က လက်တုံ့ပြန်တဲ့အနေနဲ့

ရုရှားကို ဆိုက်ဘာစစ်ပွဲဆင်နွှဲခဲ့တာပါ။

ပူတင်အစိုးရကို Anonymous အဖွဲ့က ဆိုက်ဘာစစ်ပွဲကြေညာတာနဲ့ပတ်သက်လို့

ဆိုရှယ်မီဒီယာသုံးစွဲသူအများစုကလည်း ဝမ်းသာအားရကြိုဆိုခဲ့ကြပါတယ်။

Anonymous အဖွဲ့ရဲ့ဆိုက်ဘာတိုက်ခိုက်မှုကြောင့်

ရုရှားအစိုးရရဲ့ဝက်ဘ်ဆိုဒ်အများစုဟာ ဖြုတ်ချခံရပြီး

လောလောဆယ်အသုံးပြုမရ ဖြစ်ခဲ့ပါတယ်။

Anonymous ဟက်ကာအဖွဲ့ဟာ အစိုးရဝက်ဘ်ဆိုဒ်တွေအပြင်

ရုရှားက အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့

ဝက်ဘ်ဆိုဒ်တွေကိုလည်း တိုက်ခိုက်မှုလုပ်ခဲ့တာပါ။

အခုတော့ တိုက်ခိုက်ခံရတဲ့ဝက်ဘ်ဆိုဒ်အများစုဟာ ပြန်ကောင်းနေပြီလို့ သိရပါတယ်။

zawgyi

ဆိုရွယ္မီဒီယာသုံးစြဲသူအမ်ားစု ဝမ္းသာအားရႀကိဳဆိုခဲ့တဲ့  Anonymous အဖြဲ႕ရဲ႕ ဆိုက္ဘာစစ္ပြဲ

ျဖစ္ပြားေနတဲ့ ယူကရိန္း-႐ုရွားစစ္ပြဲမွာ ပေလယာအသစ္တစ္ေယာက္ေပၚလာခဲ့ၿပီး

အဲဒါကေတာ့ ကမာၻေက်ာ္ဟက္ကာအဖြဲ႕ျဖစ္တဲ့ Anonymous ျဖစ္ပါတယ္။

႐ုရွားက ယူကရိန္းကို အင္ျပည့္အားျပည့္က်ဴးေက်ာ္ေနခ်ိန္မွာ

Anonymous ဟက္ကာအဖြဲ႕ကလည္း ႐ုရွားအစိုးရဲ႕မ်ားစြာဝက္ဘ္ဆိုဒ္ေတြကို

တိုက္ခိုက္မႈလုပ္ၿပီး ျဖဳတ္ခ်ပစ္ခဲ့တာပါ။

အဲဒီထဲမွာ အစိုးရကထိန္းခ်ဳပ္တဲ့႐ုပ္သံ network ဝက္ဘ္ဆိုဒ္ျဖစ္တဲ့

RT.com လည္းပါဝင္ပါတယ္။

Anonymous ဟက္ကာအဖြဲ႕က သူတို႔ဟာ ႐ုရွားကို ဆိုက္ဘာစစ္ပြဲဆင္ႏြဲွေနၿပီလို႔

မေန႔ကတည္းက ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter မွာ ေၾကညာခဲ့တာပါ။

႐ုရွားဟာ ယူကရိန္းကို မက်ဴးေက်ာ္ခင္မွာ ယူကရိန္းအစိုးရနဲ႔ဘဏ္ေတြကို

အဓိကပစ္မွတ္ထားၿပီး ႀကီးမားတဲ့ဆိုက္ဘာတိုက္ခိုက္မႈလုပ္ခဲ့ပါတယ္။

အဲဒါေၾကာင့္လည္း Anonymous အဖြဲ႕က လက္တုံ႔ျပန္တဲ့အေနနဲ႔

႐ုရွားကို ဆိုက္ဘာစစ္ပြဲဆင္ႏႊဲခဲ့တာပါ။

ပူတင္အစိုးရကို Anonymous အဖြဲ႕က ဆိုက္ဘာစစ္ပြဲေၾကညာတာနဲ႔ပတ္သက္လို႔

ဆိုရွယ္မီဒီယာသုံးစြဲသူအမ်ားစုကလည္း ဝမ္းသာအားရႀကိဳဆိုခဲ့ၾကပါတယ္။

Anonymous အဖြဲ႕ရဲ႕ဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္

႐ုရွားအစိုးရရဲ႕ဝက္ဘ္ဆိုဒ္အမ်ားစုဟာ ျဖဳတ္ခ်ခံရၿပီး

ေလာေလာဆယ္အသုံးျပဳမရ ျဖစ္ခဲ့ပါတယ္။

Anonymous ဟက္ကာအဖြဲ႕ဟာ အစိုးရဝက္ဘ္ဆိုဒ္ေတြအျပင္

႐ုရွားက အင္တာနက္ဝန္ေဆာင္မႈကုမၸဏီေတြရဲ႕

ဝက္ဘ္ဆိုဒ္ေတြကိုလည္း တိုက္ခိုက္မႈလုပ္ခဲ့တာပါ။

အခုေတာ့ တိုက္ခိုက္ခံရတဲ့ဝက္ဘ္ဆိုဒ္အမ်ားစုဟာ ျပန္ေကာင္းေနၿပီလို႔ သိရပါတယ္။