ဆိုရှယ်မီဒီယာပေါ်က စွပ်စွဲမှုတွေအပြီးမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရတဲ့ ဂရင်းဝုဒ်

မန်ယူတိုက်စစ်မှုးမေဆန်ဂရင်းဝုဒ်ဟာ ဆိုရှယ်မီဒီယာပေါ်က စွပ်စွဲမှုတွေအပြီးမှာ

ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရပါတယ်။

Greater Manchester ရဲတပ်ဖွဲ့က ရုပ်ပိုင်းဆိုင်ရာ

အကြမ်းဖက်စော်ကားခံံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့

ဆိုရှယ်မီဒီယာပေါ်က ပုံတွေနဲ့ ဗီဒီယိုတွေကို

သူတို့သတိထားမိခဲ့ကြောင်း ကြေညာပါတယ်။

အဲဒီနောက် မုဒိမ်းမှုနဲ့ အကြမ်းဖက်စော်ကားမှုသံသယတွေအတွက

အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း

အဲဒီကြေညာချက်မှာ ထပ်မံဖော်ပြထားပါတယ်။

လောလောဆယ်တော့ ဂရင်းဝုဒ်ဟာ ရဲစခန်းမှာ စုံစမ်းစစ်ဆေးခြင်းကို ခံနေရဆဲပါ။

အစောပိုင်းမှာ မန်ယူအသင်းလည်း နောက်ထပ်ကြေညာချက်မတိုင်ခင်အထိ

ကစားသမားဟာ လေ့ကျင့်ခန်းပြန်ဆင်းမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဂရင်းဝုဒ်ဟာ ချစ်သူဖြစ်သူဟားရီးရက်ရော့ဘ်ဆင်ရဲ့

ဆိုရှယ်မီဒီယာက ပု့ိစ်တွေကြောင့် ကစားသမားဘ၀ အဆုံးသတ်သွားမယ့်

အခြေအနေအထိ ရောက်သွင်းနိုင်ခဲ့ပါတယ်။

အဲဒီအင်္ဂလန်တိုက်စစ်မှုးဟာ ဘောလုံးလောကရဲ့

အလားအလာကောင်းသူတစ်ယောက်ဖြစ်ပေမယ့်

ကွင်းပြင်ပမှာ ပြသနာတွေရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လတုန်းကလည်း အိုက်စလန်မှာ

နေးရှင်းလိဂ်ပွဲသွားကစားစဉ်အတွင်း မန်စီးတီးက ဖိုဒ်နဲ့အတူ

ကိုဗစ်စည်းကမ်းချိုးဖောက်ပြီး

အွန်လိုင်းမှာတွေ့တဲ့ အိုက်စလန်သူတွေနဲ့ သွားရောက်ပျော်ပါးခဲ့လို့

ဂရင်းဝုဒ်ဟာ နိုင်ငံအသင်းကနေ အိမ်ပြန်ပို့ခံခဲ့ရသေးတယ်။

မန်ယူအကယ်ဒမီကနေ ထွန်းတောက်လာတဲ့ဂရင်းဝုဒ်ဟာ

၂၀၁၉ မတ်လမှာ ကလပ်အတွက် ပွဲဦးထွက်ခဲ့ပြီး

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

သူဟာ မန်ယူအတွက် ၈၃ ပွဲမှာ ၂၂ ဂိုးသွင်းယူပေးထားပါတယ်။

zawgyi

ဆိုရွယ္မီဒီယာေပၚက စြပ္စြဲမႈေတြအၿပီးမွာ ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးစစ္ေဆးျခင္းကို ခံေနရတဲ့ ဂရင္းဝုဒ္

မန္ယူတိုက္စစ္မႈးေမဆန္ဂရင္းဝုဒ္ဟာ ဆိုရွယ္မီဒီယာေပၚက စြပ္စြဲမႈေတြအၿပီးမွာ

ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးစစ္ေဆးျခင္းကို ခံေနရပါတယ္။

Greater Manchester ရဲတပ္ဖြဲ႕က ႐ုပ္ပိုင္းဆိုင္ရာ

အၾကမ္းဖက္ေစာ္ကားခံံခဲ့ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕

ဆိုရွယ္မီဒီယာေပၚက ပုံေတြနဲ႔ ဗီဒီယိုေတြကို

သူတို႔သတိထားမိခဲ့ေၾကာင္း ေၾကညာပါတယ္။

အဲဒီေနာက္ မုဒိမ္းမႈနဲ႔ အၾကမ္းဖက္ေစာ္ကားမႈသံသယေတြအတြက

အသက္ ၂၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခဲ့ေၾကာင္း

အဲဒီေၾကညာခ်က္မွာ ထပ္မံေဖာ္ျပထားပါတယ္။

ေလာေလာဆယ္ေတာ့ ဂရင္းဝုဒ္ဟာ ရဲစခန္းမွာ စုံစမ္းစစ္ေဆးျခင္းကို ခံေနရဆဲပါ။

အေစာပိုင္းမွာ မန္ယူအသင္းလည္း ေနာက္ထပ္ေၾကညာခ်က္မတိုင္ခင္အထိ

ကစားသမားဟာ ေလ့က်င့္ခန္းျပန္ဆင္းမွာမဟုတ္ဘူးလို႔ ေျပာၾကားထားပါတယ္။

ဂရင္းဝုဒ္ဟာ ခ်စ္သူျဖစ္သူဟားရီးရက္ေရာ့ဘ္ဆင္ရဲ႕

ဆိုရွယ္မီဒီယာက ပု႔ိစ္ေတြေၾကာင့္ ကစားသမားဘ၀ အဆုံးသတ္သြားမယ့္

အေျခအေနအထိ ေရာက္သြင္းႏိုင္ခဲ့ပါတယ္။

အဲဒီအဂၤလန္တိုက္စစ္မႈးဟာ ေဘာလုံးေလာကရဲ႕

အလားအလာေကာင္းသူတစ္ေယာက္ျဖစ္ေပမယ့္

ကြင္းျပင္ပမွာ ျပသနာေတြရွိခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၂၀ ၾသဂုတ္လတုန္းကလည္း အိုက္စလန္မွာ

ေနးရွင္းလိဂ္ပြဲသြားကစားစဥ္အတြင္း မန္စီးတီးက ဖိုဒ္နဲ႔အတူ

ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္ၿပီး

အြန္လိုင္းမွာေတြ႕တဲ့ အိုက္စလန္သူေတြနဲ႔ သြားေရာက္ေပ်ာ္ပါးခဲ့လို႔

ဂရင္းဝုဒ္ဟာ ႏိုင္ငံအသင္းကေန အိမ္ျပန္ပို႔ခံခဲ့ရေသးတယ္။

မန္ယူအကယ္ဒမီကေန ထြန္းေတာက္လာတဲ့ဂရင္းဝုဒ္ဟာ

၂၀၁၉ မတ္လမွာ ကလပ္အတြက္ ပြဲဦးထြက္ခဲ့ၿပီး

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။

သူဟာ မန္ယူအတြက္ ၈၃ ပြဲမွာ ၂၂ ဂိုးသြင္းယူေပးထားပါတယ္။