ဆိုရှယ်မီဒီယာထက်က လှောင်စရာတစ်ခုအဖြစ် ပြောင်းလဲခံရလိုက်တဲ့ Spider-Man အောင်ပွဲခံပုံစံ

မြို့ခံပြိုင်ဘက်အသင်းတစ်သင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့လို့

စပါးအတွက် ပျော်ရွှင်စရာဘောက်ဆင်ဒေးဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ကိုယ်ပိုင် Spider-Man ကလည်း အဲဒီပွဲမှာ

တတိယဂိုးဖြစ်တဲ့ ၃ ဂိုးမြောက်ကို သွင်းနိုင်ခဲ့တာပါ။

၇၄ မိနစ်မှာ ဆွန်ဟောင်မင်ဟာ တတိယဂိုးသွင်းပြီးနောက်

အသင်းဖော်တွေနဲ့အတူ Spider-Man ပုံစံ အောင်ပွဲ ခံခဲ့ကြတာပါ။

ဆွန်ဟောင်မင်ဟာ အခုလအစောပိုင်းမှာကစားခဲ့တဲ့ နော်ဝစ်ချ်နဲ့ပွဲတုန်းကလည်း

ဂိုးသွင်းပြီးတော့ အသင်းဖော် တွေနဲ့ အခုလို Spider-Man ပုံစံအောင်ပွဲခံခဲ့ဖူးပါတယ်။

စပါးအသင်းရဲ့အမှန်အကန်ပရိသတ်တစ်ယောက်ဖြစ်တဲ့

Spider-Man မင်းသား တွမ်ဟော်လန်နဲ့တွေ့ဆုံခဲ့ပြီးနောက်

ဂိုးသွင်းပြီးတိုင်း အခုလိုအောင်ပွဲခံနေတာပါ။

Spider-Man ရဲ့နောက်ဆုံးထွက်ဇာတ်ကားဖြစ်တဲ့ No Way Home ကလည်း

ဒီလထဲမှာပဲ ရုံတင်ပြီး ကိုဗစ်ကာလမှာ ဝင်ငွေစံချိန်ချိုးနေတာပါ။

ဒါကြောင့် ဆွန်ဟောင်မင်ဦးဆောင်တဲ့ စပါးအသင်းသားရဲ့ Spider-Man ပုံစံ

အောင်ပွဲခံမှုဟာသတိထားမိစရာဖြစ်နေပါတယ်။

ဒါပေမဲ့လည်း ဆိုရှယ်မီဒီယာထက်က အခြားအသင်းပရိသတ်တွေကတော့

အဲဒါကို လှောင်စရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ဆုဖလားတွေနဲ့ ကာလရှည်ကြာဝေးကွာနေတဲ့ စပါးအသင်းရဲ့အခြေအနေကြောင့်

နောက်ဆုံးထွက် Spider-Man ဇာတ်ကားခေါင်းစဉ်ကို

Spider-Man: No Trophies At Home လို့ပြောင်းပြီး

စပါးအသင်းပုံနဲ့ လှောင်ပြောင်နေကြတာပါ။

zawgyi

ဆိုရွယ္မီဒီယာထက္က ေလွာင္စရာတစ္ခုအျဖစ္ ေျပာင္းလဲခံရလိုက္တဲ့ Spider-Man ေအာင္ပြဲခံပုံစံ

ၿမိဳ႕ခံၿပိဳင္ဘက္အသင္းတစ္သင္းကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့လို႔

စပါးအတြက္ ေပ်ာ္႐ႊင္စရာေဘာက္ဆင္ေဒးျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ သူတို႔ရဲ႕ကိုယ္ပိုင္ Spider-Man ကလည္း အဲဒီပြဲမွာ

တတိယဂိုးျဖစ္တဲ့ ၃ ဂိုးေျမာက္ကို သြင္းႏိုင္ခဲ့တာပါ။

၇၄ မိနစ္မွာ ဆြန္ေဟာင္မင္ဟာ တတိယဂိုးသြင္းၿပီးေနာက္

အသင္းေဖာ္ေတြနဲ႔အတူ Spider-Man ပုံစံ ေအာင္ပြဲ ခံခဲ့ၾကတာပါ။

ဆြန္ေဟာင္မင္ဟာ အခုလအေစာပိုင္းမွာကစားခဲ့တဲ့ ေနာ္ဝစ္ခ်္နဲ႔ပြဲတုန္းကလည္း

ဂိုးသြင္းၿပီးေတာ့ အသင္းေဖာ္ ေတြနဲ႔ အခုလို Spider-Man ပုံစံေအာင္ပြဲခံခဲ့ဖူးပါတယ္။

စပါးအသင္းရဲ႕အမွန္အကန္ပရိသတ္တစ္ေယာက္ျဖစ္တဲ့

Spider-Man မင္းသား တြမ္ေဟာ္လန္နဲ႔ေတြ႕ဆုံခဲ့ၿပီးေနာက္

ဂိုးသြင္းၿပီးတိုင္း အခုလိုေအာင္ပြဲခံေနတာပါ။

Spider-Man ရဲ႕ေနာက္ဆုံးထြက္ဇာတ္ကားျဖစ္တဲ့ No Way Home ကလည္း

ဒီလထဲမွာပဲ ႐ုံတင္ၿပီး ကိုဗစ္ကာလမွာ ဝင္ေငြစံခ်ိန္ခ်ိဳးေနတာပါ။

ဒါေၾကာင့္ ဆြန္ေဟာင္မင္ဦးေဆာင္တဲ့ စပါးအသင္းသားရဲ႕ Spider-Man ပုံစံ

ေအာင္ပြဲခံမႈဟာသတိထားမိစရာျဖစ္ေနပါတယ္။

ဒါေပမဲ့လည္း ဆိုရွယ္မီဒီယာထက္က အျခားအသင္းပရိသတ္ေတြကေတာ့

အဲဒါကို ေလွာင္စရာတစ္ခုအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။

ဆုဖလားေတြနဲ႔ ကာလရွည္ၾကာေဝးကြာေနတဲ့ စပါးအသင္းရဲ႕အေျခအေနေၾကာင့္

ေနာက္ဆုံးထြက္ Spider-Man ဇာတ္ကားေခါင္းစဥ္ကို

Spider-Man: No Trophies At Home လို႔ေျပာင္းၿပီး

စပါးအသင္းပုံနဲ႔ ေလွာင္ေျပာင္ေနၾကတာပါ။