
ဆိုစီဒက်တိုက်စစ်မှူးဆော်လော့ဟာ ဇန်နဝါရီလအတွက် ကလပ်ရဲ့တစ်လတာ





အကောင်းဆုံးဆုရှင်အဖြစ်ရွေးချယ်ခံရပြီးနောက် ခပ်ကြီးကြီးငါးတစ်ကောင်နဲ့
ဂုဏ်ပြုခံခဲ့ရပါတယ်။ လိုက်ပ်ဇစ်ကနေ ဆိုစီဒက်ကို အငှားနဲ့လာရောက်ကစားနေတဲ့





အသက် ၂၇နှစ်အရွယ် နော်ဝေလက်ရွေးစင်ဟာ ပြီးခဲ့တဲ့လအတွင်းအသင်းအတွက်
၇ပွဲမှာ ၃ဂိုးသွင်းပြီး အမှတ်ပေးဇယားတတိယနေရာရပ်တည်နိုင်အောင်ကူညီပေးခဲ့သူဖြစ်တယ်။
ဆိုစီဒက်အသင်းကတော့ ပြီးခဲ့တဲ့လအတွင်း ဆော်လော့ရဲ့အထင်ကြီးလောက်စရာ





ခြေစွမ်းကိုဂုဏ်ပြုဖို့အတွက် ဆန်ဆီဘက်စ္စတီယန်ရပ်ကွက်ရှိ
BM Supermercados de Pagola စူပါမားကတ်ကိုခရီးတစ်ခုစီစဉ်ခဲ့ပါတယ်။





ပရိသတ်အများစုကတော့ ပဲလေ့စ်တိုက်စစ်မှူးဟောင်းဖြစ်ခဲ့ဖူးတဲ့ ဆော်လော့နဲ့
အနီးကပ်တွေ့ဆုံစကားပြောခွင့်ရခဲ့ကြတာပါ။ နော်ဝေသားဟာ ပရိသတ်တွေနဲ့
မတွေ့ခင်မှာတော့ ဝန်ထမ်းတစ်ဦးဆီကနေ တစ်လတာအကောင်းဆုံးဆုကို





လက်ခံရယူခဲ့ပါတယ်။ ဇန်နဝါရီလအတွက် လာလီဂါတစ်လတာအကောင်းဆုံးဆုနဲ့
ဆိုစီဒက်အသင်းရဲ့တစ်လတာအကောင်းဆုံးဆုရှင်ဖြစ်ခဲ့တဲ့ ဆော်လော့ဟာ





ငါးတစ်ကောင်လက်ဆောင်ရခဲ့တဲ့အတွက်ပျော်ရွှင်နေပုံရပါတယ်။
ဆိုစီဒက်ကစားသမားတွေကို ဒီလိုဆုချီးမြှင့်တာဟာ ပထမဆုံးအကြိမ်တော့
မဟုတ်ပါဘူး။ ၂၀၁၉ စက်တင်ဘာလတုန်းက နော်ဝေသားတစ်ယောက်ဖြစ်တဲ့





အိုဒီဂတ်ကိုလည်း ရေသတ္တဝါတစ်ကောင်နဲ့ဂုဏ်ပြုခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းကတော့ ဆိုစီဒက်ဟာ အိုဒီဂတ်ကို ရီးရဲလ်ကနေ အငှားနဲ့ခေါ်ယူခဲ့ပြီး





ပွဲဦးထွက်မှာတင် အက်သလက်တီကို ကိုအနိုင်ရရှိခဲ့သလို တစ်လတာအကောင်းဆုံးအဖြစ်
ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။ အိုဒီဂတ်ဟာ ဒိုနိုစတီရာရှိ စူပါမားကတ်တစ်ခုမှာ
လက်ရှိဆော်လော့ပိုင်ဆိုင်ခွင့်ရတဲ့ ငါးထက်ပိုကြီးတဲ့ ငါးတစ်ကောင်နဲ့ဂုဏ်ပြုခံခဲ့ရတာဖြစ်ပါတယ်။





zawgyi
ဆိုစီဒက္အသင္းရဲ႕ တစ္လတာအေကာင္းဆုံးဆုရွင္ ေဆာ္ေလာ့ကို ငါးတစ္ေကာင္နဲ႔ဂုဏ္ျပဳ





ဆိုစီဒက္တိုက္စစ္မႉးေဆာ္ေလာ့ဟာ ဇန္နဝါရီလအတြက္ ကလပ္ရဲ႕တစ္လတာ
အေကာင္းဆုံးဆုရွင္အျဖစ္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ခပ္ႀကီးႀကီးငါးတစ္ေကာင္နဲ႔
ဂုဏ္ျပဳခံခဲ့ရပါတယ္။ လိုက္ပ္ဇစ္ကေန ဆိုစီဒက္ကို အငွားနဲ႔လာေရာက္ကစားေနတဲ့





အသက္ ၂၇ႏွစ္အ႐ြယ္ ေနာ္ေဝလက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့လအတြင္းအသင္းအတြက္
၇ပြဲမွာ ၃ဂိုးသြင္းၿပီး အမွတ္ေပးဇယားတတိယေနရာရပ္တည္ႏိုင္ေအာင္ကူညီေပးခဲ့သူျဖစ္တယ္။





ဆိုစီဒက္အသင္းကေတာ့ ၿပီးခဲ့တဲ့လအတြင္း ေဆာ္ေလာ့ရဲ႕အထင္ႀကီးေလာက္စရာ
ေျခစြမ္းကိုဂုဏ္ျပဳဖို႔အတြက္ ဆန္ဆီဘက္စၥတီယန္ရပ္ကြက္ရွိ
BM Supermercados de Pagola စူပါမားကတ္ကိုခရီးတစ္ခုစီစဥ္ခဲ့ပါတယ္။





ပရိသတ္အမ်ားစုကေတာ့ ပဲေလ့စ္တိုက္စစ္မႉးေဟာင္းျဖစ္ခဲ့ဖူးတဲ့ ေဆာ္ေလာ့နဲ႔
အနီးကပ္ေတြ႕ဆုံစကားေျပာခြင့္ရခဲ့ၾကတာပါ။ ေနာ္ေဝသားဟာ ပရိသတ္ေတြနဲ႔





မေတြ႕ခင္မွာေတာ့ ဝန္ထမ္းတစ္ဦးဆီကေန တစ္လတာအေကာင္းဆုံးဆုကို
လက္ခံရယူခဲ့ပါတယ္။ ဇန္နဝါရီလအတြက္ လာလီဂါတစ္လတာအေကာင္းဆုံးဆုနဲ႔
ဆိုစီဒက္အသင္းရဲ႕တစ္လတာအေကာင္းဆုံးဆုရွင္ျဖစ္ခဲ့တဲ့ ေဆာ္ေလာ့ဟာ





ငါးတစ္ေကာင္လက္ေဆာင္ရခဲ့တဲ့အတြက္ေပ်ာ္႐ႊင္ေနပုံရပါတယ္။
ဆိုစီဒက္ကစားသမားေတြကို ဒီလိုဆုခ်ီးျမႇင့္တာဟာ ပထမဆုံးအႀကိမ္ေတာ့





မဟုတ္ပါဘူး။ ၂၀၁၉ စက္တင္ဘာလတုန္းက ေနာ္ေဝသားတစ္ေယာက္ျဖစ္တဲ့
အိုဒီဂတ္ကိုလည္း ေရသတၱဝါတစ္ေကာင္နဲ႔ဂုဏ္ျပဳခဲ့ဖူးပါတယ္။
အဲ့ဒီတုန္းကေတာ့ ဆိုစီဒက္ဟာ အိုဒီဂတ္ကို ရီးရဲလ္ကေန အငွားနဲ႔ေခၚယူခဲ့ၿပီး





ပြဲဦးထြက္မွာတင္ အက္သလက္တီကို ကိုအႏိုင္ရရွိခဲ့သလို တစ္လတာအေကာင္းဆုံးအျဖစ္
ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္တယ္။ အိုဒီဂတ္ဟာ ဒိုႏိုစတီရာရွိ စူပါမားကတ္တစ္ခုမွာ





လက္ရွိေဆာ္ေလာ့ပိုင္ဆိုင္ခြင့္ရတဲ့ ငါးထက္ပိုႀကီးတဲ့ ငါးတစ္ေကာင္နဲ႔ဂုဏ္ျပဳခံခဲ့ရတာျဖစ္ပါတယ္။