ဆိုစီဒက်တိုက်စစ်မှူး အီဆက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ နယူးကာဆယ်ခေါ်ယူ

ဆိုစီဒက်တိုက်စစ်မှူး အီဆက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်း နယူးကာဆယ်အသင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အီဆက်ကို နှစ်ရှည်စာချုပ်နဲ့ခေါ်ယူ ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကို မဖော်ပြခဲ့ပါဘူး။ နည်းပြ ဟိုဝီကတော့ အီဆက်ရောက်လာတဲ့အတွက်ကျေနပ် မိပြီး

အသင်းအတွက် အများကြီးအထောက်အပံ့ပေးနိုင်မယ့် ထူးချွန်တဲ့ကစားသမားဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် အီဆက်လို ကစားသမားမျိုးကို ရအောင်ခေါ်ယူပေးခဲ့တဲ့

အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်ပြီး ဘုတ်အဖွဲ့ ရဲ့ထောက်ပံ့ပေးမှုတွေကိုလည်း အားရကျေနပ်မိတယ်လို့ဆိုခဲ့ပါတယ်။ အီဆက်ဟာ ဆိုစီဒက်အတွက် ၁၃၂ပွဲကစား ပေးခဲ့ပြီး

၄၄ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွီဒင်လက်ရွေးစင်အသင်းအတွက်တော့ ၃၇ပွဲကစားခွင့်ရထားခဲ့ တာပါ။ လာမယ့် ဝုလ်နဲ့ပွဲစဉ်မှာ နယူးကာဆယ်အတွက် စတင်ပွဲထွက်ခွင့်ရဖို့ရှိနေပြီး

အီဆက်ကတော့ အမြန်ဆုံး ကစားချင်နေပြီလို့ဆိုထားပါတယ်။ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ အစဉ်အလာရှိအသင်းဖြစ်ပြီး ပရိသတ် တွေရဲ့အားပေးမှုကလည်း အံ့ဩစရာကောင်းလွန်တာကြောင့်

သူ့အတွက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာ လို့လည်းပြောသွားခဲ့ပါတယ်။ အီဆက်ဟာ နယူးကာဆယ်ရဲ့ (၄)ယောက်မြောက် ကစားသမားသစ်ဖြစ်ပြီး ကျောနံပါတ် ၁၄ ဝတ်ဆင်သွားဖို့ရှိနေပါတယ်။

(zawgyi)

ဆိုစီဒက္တိုက္စစ္မႉး အီဆက္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၆၀နဲ႔ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း နယူးကာဆယ္အသင္း တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ အီဆက္ကို ႏွစ္ရွည္စာခ်ဳပ္နဲ႔ေခၚယူ ခဲ့တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကို မေဖာ္ျပခဲ့ပါဘူး။ နည္းျပ ဟိုဝီကေတာ့ အီဆက္ေရာက္လာတဲ့အတြက္ေက်နပ္ မိၿပီး

အသင္းအတြက္ အမ်ားႀကီးအေထာက္အပံ့ေပးႏိုင္မယ့္ ထူးခြၽန္တဲ့ကစားသမားျဖစ္တယ္လို႔ဆိုထားပါတယ္။ ဒါ့အျပင္ အီဆက္လို ကစားသမားမ်ိဳးကို ရေအာင္ေခၚယူေပးခဲ့တဲ့ အသင္းပိုင္ရွင္ေတြကို

ေက်းဇူးတင္ၿပီး ဘုတ္အဖြဲ႕ ရဲ႕ေထာက္ပံ့ေပးမႈေတြကိုလည္း အားရေက်နပ္မိတယ္လို႔ဆိုခဲ့ပါတယ္။ အီဆက္ဟာ ဆိုစီဒက္အတြက္ ၁၃၂ပြဲကစား ေပးခဲ့ၿပီး ၄၄ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆြီဒင္လက္ေ႐ြးစင္အသင္းအတြက္ေတာ့ ၃၇ပြဲကစားခြင့္ရထားခဲ့ တာပါ။ လာမယ့္ ဝုလ္နဲ႔ပြဲစဥ္မွာ နယူးကာဆယ္အတြက္ စတင္ပြဲထြက္ခြင့္ရဖို႔ရွိေနၿပီး အီဆက္ကေတာ့ အျမန္ဆုံး

ကစားခ်င္ေနၿပီလို႔ဆိုထားပါတယ္။ နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္မွာ အစဥ္အလာရွိအသင္းျဖစ္ၿပီး ပရိသတ္ ေတြရဲ႕အားေပးမႈကလည္း အံ့ဩစရာေကာင္းလြန္တာေၾကာင့္

သူ႔အတြက္ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္ခဲ့တာ လို႔လည္းေျပာသြားခဲ့ပါတယ္။ အီဆက္ဟာ နယူးကာဆယ္ရဲ႕ (၄)ေယာက္ေျမာက္ ကစားသမားသစ္ျဖစ္ၿပီး ေက်ာနံပါတ္ ၁၄ ဝတ္ဆင္သြားဖို႔ရွိေနပါတယ္။