ဆိုစီဒက်ကို အလဲထိုးပြီး အုပ်စုဗိုလ်လုပ်မယ့် ရက်ရှ်ဖို့ဒ်

ဆိုစီဒက်နဲ့ နောက်ဆုံးကစားရတော့မယ့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ အနိုင်ယူပြီး အုပ်စုနေရာရဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ်လို့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က

ရှရစ်ဖ်နဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုလိုက်ပါတယ်။ ရှရစ်ဖ်ကို အနိုင်ရခဲ့ပြီးတဲ့နောက် မန်ယူဟာ ယူရိုပါလိဂ် အုပ်စု (E) မှာ ရမှတ် ၁၂ မှတ်ရထားပြီး ဆိုစီဒက်ကတော့ ၁၅ မှတ် ရနေပါတယ်။

ဒါကြောင့် မန်ယူအနေနဲ့ အုပ်စုထိပ် ဆုံး နေရာရဖို့ဆိုရင် လာမယ့် ပွဲစဉ်မှာ စပိန်ကလပ်ကို အနည်းဆုံး ၂ ဂိုး အသာနဲ့ အနိုင်ရဖို့ လိုအပ်နေပါတယ်။ အုပ်စု ဒုတိယနဲ့သာ အဆုံးသတ်ခဲ့မယ်ဆိုရင်တော့

ချန်ပီယံလိဂ်က ပြုတ်ကျလာတဲ့ ဘာစီလိုနာ၊ အက်သလက် တီကို၊ ဂျူဗင်တပ်တို့လို အသင်းမျိုးတွေနဲ့ နောက်တစ်ဆင့်မှာ ဆုံတွေ့ရဖို့ ရှိနေတာကြောင့် အုပ်စုဗိုလ်နေရာ ရရှိရေးကိုပဲ

အာရုံစိုက်သွားမယ်လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။ လာမယ့် ပွဲစဉ်ဟာ စပိန်မြေကို သွား ရောက်ကစားရမှာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း အ ကောင်းဆုံး ကြိုးစားအားထုတ်ပြီး

အုပ်စုဗိုလ်နေရာအရယူသွားမယ်လို့ ဒီ အင်္ဂလန်တိုက်စစ်မှူးက ပြောပါတယ်။ ‘’ဆိုစီဒက်ကွင်းကိုသွားပြီး ၂ ဂိုးနဲ့ အ နိုင်ယူရမယ်လို့ ကျွန်တောတို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့

လုပ်နေကျအတိုင်းပဲ လုပ်ကြရတာပေါ့ဗျာ။ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ကြိုးစား မယ်။ ဂိုးတွေ သွင်းပစ်မယ်။ ခံစစ်ကိုလည်း ကောင်းကောင်း ကစားမယ်။ အဲဒီပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲ

ဖြစ်လာတော့မှာပါ။ ဒါပေမဲ့ စိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်။ ကြိုးစားအားထုတ်မှုတွေ အများကြီး ရှိဖို့တော့ လိုမယ်ထင်တယ်။ ပြောင်းလဲမှုတွေနဲ့

အသားတကျဖြစ်ဖို့ ကလည်း အချိန်ယူရတာမျိုးရှိတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့က အဲဒီ သဘောတရားတွေကို ပိုပိုပြီး နားလည်လာပါပြီ။ ပေးဂိုးမရှိတဲ့ပွဲစဉ်တွေ ပိုရ လာနေပါပြီ။

ခံစစ်လည်း ပိုကောင်းလာနေပါပြီ။ ဒါပေမဲ့ ဂိုးတွေ ဒီထက်ပိုပြီး သွင်းနိုင်ဖို့တော့ လိုနေသေးတယ်ဗျာ’’ လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုသွားခဲ့ပါတယ်။

မန်ယူဟာ လာမယ့် ကြာသပတေးနေ့မှာ ဆိုစီဒက်ကွင်းကို ယူရိုပါလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

(Zawgyi)

ဆိုစီဒက္ကို အလဲထိုးၿပီး အုပ္စုဗိုလ္လုပ္မယ့္ ရက္ရွ္ဖို႔ဒ္

ဆိုစီဒက္နဲ႔ ေနာက္ဆုံးကစားရေတာ့မယ့္ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္မွာ အႏိုင္ယူ ၿပီး အုပ္စုေနရာရဖို႔အတြက္ စိတ္ပိုင္းျဖတ္ထားတယ္လို႔ မန္ယူတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္က ရွရစ္ဖ္နဲ႔ ပြဲစဥ္အၿပီးမွာ

ေျပာဆိုလိုက္ပါတယ္။ ရွရစ္ဖ္ကို အႏိုင္ရ ခဲ့ၿပီးတဲ့ေနာက္ မန္ယူဟာ ယူ႐ိုပါလိဂ္ အုပ္စု (E) မွာ ရမွတ္ ၁၂ မွတ္ရထားၿပီး ဆိုစီဒက္ကေတာ့ ၁၅ မွတ္ ရေနပါတယ္။ ဒါေၾကာင့္ မန္ယူအေနနဲ႔

အုပ္စုထိပ္ ဆုံး ေနရာရဖို႔ဆိုရင္ လာမယ့္ ပြဲစဥ္မွာ စပိန္ကလပ္ကို အနည္းဆုံး ၂ ဂိုး အသာနဲ႔ အႏိုင္ရဖို႔ လိုအပ္ေနပါတယ္။ အုပ္စု ဒုတိယနဲ႔သာ အဆုံးသတ္ခဲ့ မယ္ဆိုရင္ေတာ့ ခ်န္ပီယံလိဂ္က

ျပဳတ္က်လာတဲ့ ဘာစီလိုနာ၊ အက္သလက္ တီကို၊ ဂ်ဴဗင္တပ္တို႔လို အသင္းမ်ိဳးေတြနဲ႔ ေနာက္တစ္ဆင့္မွာ ဆုံေတြ႕ရဖို႔ ရွိ ေနတာေၾကာင့္ အုပ္စုဗိုလ္ ေနရာ ရရွိေရးကိုပဲ အာ႐ုံစိုက္သြားမယ္လို႔

ရက္ရွ္ဖို႔ဒ္က ဆိုပါတယ္။ လာမယ့္ ပြဲစဥ္ဟာ စပိန္ေျမကို သြား ေရာက္ကစားရမွာ ျဖစ္တဲ့အတြက္ စိန္ေခၚမႈေတြ ရွိေနေပမယ့္လည္း အ ေကာင္းဆုံး ႀကိဳးစားအားထုတ္ၿပီး

အုပ္စုဗိုလ္ေနရာအရယူသြားမယ္လို႔ ဒီ အဂၤလန္တိုက္စစ္မႉးက ေျပာပါတယ္။ ‘’ဆိုစီဒက္ကြင္းကိုသြားၿပီး ၂ ဂိုးနဲ႔ အ ႏိုင္ယူရမယ္လို႔ ကြၽန္ေတာတို႔ ထင္ပါတယ္။ ဒါေၾကာင့္

ကြၽန္ေတာ္တို႔ လုပ္ေန က်အတိုင္းပဲ လုပ္ၾကရတာေပါ့ဗ်ာ။ အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔ ႀကိဳးစား မယ္။ ဂိုးေတြ သြင္းပစ္မယ္။ ခံစစ္ကိုလည္း ေကာင္းေကာင္း ကစားမယ္။

အဲဒီ ပြဲက ခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္လာေတာ့မွာပါ။ ဒါေပမဲ့ စိန္ေခၚမႈေတြအတြက္ ကြၽန္ေတာ္တို႔ စိတ္ပိုင္းျဖတ္ထားၿပီးျဖစ္တယ္။ ႀကိဳးစားအားထုတ္မႈေတြ အ မ်ားႀကီး ရွိဖို႔ေတာ့

လိုမယ္ထင္တယ္။ ေျပာင္းလဲမႈေတြနဲ႔ အသားတက်ျဖစ္ဖို႔ ကလည္း အခ်ိန္ယူရတာမ်ိဳးရွိတယ္။ ဒါေပမဲ့ အခုဆိုရင္ ကြၽန္ေတာ္တို႔က အဲဒီ သေဘာတရားေတြကို ပိုပိုၿပီး

နားလည္လာပါၿပီ။ ေပးဂိုးမရွိတဲ့ပြဲစဥ္ေတြ ပိုရ လာေနပါၿပီ။ ခံစစ္လည္း ပိုေကာင္းလာေနပါၿပီ။ ဒါေပမဲ့ ဂိုးေတြ ဒီထက္ပိုၿပီး သြင္းႏိုင္ဖို႔ေတာ့ လိုေနေသးတယ္ဗ်ာ’’ လို႔

ရက္ရွ္ဖို႔ဒ္က ေျပာဆိုသြားခဲ့ပါတယ္။ မန္ယူဟာ လာမယ့္ ၾကာသပေတးေန႔မွာ ဆိုစီဒက္ကြင္းကို ယူ႐ိုပါလိဂ္ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။