ဆားဘီးယားအသင်းဟာ ပေါ်တူဂီကိုနိုင်ပြီးခြေစစ်ပွဲအောင်ခဲ့ရင်အစိုးရဆီကနေ ယူရိုတစ်သန်းဘောနပ်စ်ရမှာဖြစ်

ဆားဘီးယားလက်ရွေးစင်အသင်းဟာ ဒီကနေ့ညမှာပေါ်တူဂီနဲ့

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမှာဖြစ်ပြီး ပြိုင်ဘက်ကိုကျော်ဖြတ် ကာ

ခြေစစ်ပွဲအောင်ခဲ့မယ်ဆိုရင် ဆားဘီးယားအစိုးရကယူရိုတစ်သန်းဘောနပ်စ်ပေးဖို့

မက်လုံးပေးထားကြောင်းသိရပါတယ်။ ဒီပွဲဟာ ခြေစစ်ပွဲအုပ်စု A ရဲ့

နောက်ဆုံးပွဲလည်းဖြစ်ပြီး ဆားဘီးယားအသင်းကအဝေးကွင်း

သွားကစားရမှာဖြစ်ပါတယ်။ သူတို့နှစ်သင်းဟာလက် ရှိမှာ ၁၇ မှတ်စီ

တူညီနေကြပြီး ဂိုးကွာခြားချက်ကြောင့်ပေါ်တူဂီက အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာပါ။

ဒါကြောင့်ဒီကနေ့ညပွဲမှာ ပေါ်တူဂီက သရေကျတာနဲ့

ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် ဆားဘီးယားကတော့အနိုင်ကစားဖို့

လိုအပ်နေတာပါ။ လက်ရှိမှာ ဆားဘီးယား အသင်းသားတွေဟာ

ပေါ်တူဂီကိုကျော်ဖြတ်နိုင်ဖို့စိတ်အားထက်သန်နေကြချိန်ဖြစ်ပြီး

ဒါကိုပိုမိုတွန်းအားပေးတဲ့အနေနဲ့ အစိုးရကယူရို တစ်သန်းဘောနပ်စ်ပေးဖို့

ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးယူရိုတစ်သန်း ဘောနပ်စ်ရမှာကို

ပေါ်တူဂီသွားတဲ့လေယာဥ်ပေါ်ရောက်မှ ဆားဘီးယားအသင်းသားတွေ

သိရှိကြတာဖြစ်ပါ တယ်။ ဒီအတွက်ဆားဘီးယားအက်ဖ်အေက အစိုးရနဲ့

ညှိနှိုင်းပြီးဆုကြေးအတွက်စီစဥ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေအရ

သိရပါ တယ်။ သူတို့နှစ်သင်းဟာပြီးခဲ့တဲ့မတ်လတုန်းက

ခြေစစ်ပွဲပထမအကျော့ကစားခဲ့ပြီး ၂-၂ သရေကျခဲ့ပါတယ်။

အဲဒီတုန်းကပေါ်တူဂီ အသင်းဟာ ဂျိုတာရဲ့ဂိုးတွေနဲ့ဦးဆောင်နိုင်ခဲ့ပြီးမှ ဆားဘီးယားက

ချေပဂိုးတွေပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာအငြင်းပွားစရာတွေ

ဖြစ်ခဲ့ပြီး ပွဲချိန်နောက်ဆုံးမိနစ်မှာ စီရော်နယ်ဒိုကအနိုင်ဂိုးသွင်းခဲ့သေးပေမယ့်

စည်းကျပ်ဒိုင်က ဂိုးစည်းမကျော်ဘူးလို့ဆုံးဖြတ် ခဲ့လို့ ဂိုးမရခဲ့ပါဘူး။

ခြေစစ်ပွဲမှာ ဂိုးလိုင်းနည်းပညာရပ်လည်းမသုံးတဲ့အတွက် ဖြေရှင်းဖို့ခက်ခဲခဲ့ပြီး

စီရော်နယ်ဒိုကိုယ်တိုင်လည်း ဒိုင်ကို အပြင်းအထန်စောဒကတက်မှုအတွက်

အဝါကတ်ပြသတိပေးခံခဲ့ရပါတယ်။

zawgyi

ဆားဘီးယားအသင္းဟာ ေပၚတူဂီကိုႏိုင္ၿပီးေျခစစ္ပြဲေအာင္ခဲ့ရင္အစိုးရဆီကေန ယူ႐ိုတစ္သန္းေဘာနပ္စ္ရမွာျဖစ္

ဆားဘီးယားလက္ေ႐ြးစင္အသင္းဟာ ဒီကေန႔ညမွာေပၚတူဂီနဲ႔

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲကစားရမွာျဖစ္ၿပီး ၿပိဳင္ဘက္ကိုေက်ာ္ျဖတ္ ကာ

ေျခစစ္ပြဲေအာင္ခဲ့မယ္ဆိုရင္ ဆားဘီးယားအစိုးရကယူ႐ိုတစ္သန္းေဘာနပ္စ္ေပးဖို႔

မက္လုံးေပးထားေၾကာင္းသိရပါတယ္။ ဒီပြဲဟာ ေျခစစ္ပြဲအုပ္စု A ရဲ႕

ေနာက္ဆုံးပြဲလည္းျဖစ္ၿပီး ဆားဘီးယားအသင္းကအေဝးကြင္

းသြားကစားရမွာျဖစ္ပါတယ္။ သူတို႔ႏွစ္သင္းဟာလက္ ရွိမွာ ၁၇ မွတ္စီ

တူညီေနၾကၿပီး ဂိုးကြာျခားခ်က္ေၾကာင့္ေပၚတူဂီက အုပ္စုထိပ္ဆုံးမွာ

ရပ္တည္ေနတာပါ။ ဒါေၾကာင့္ဒီကေန႔ညပြဲမွာ ေပၚတူဂီက သေရက်တာနဲ႔

ေျခစစ္ပြဲေအာင္မွာျဖစ္ေပမယ့္ ဆားဘီးယားကေတာ့အႏိုင္ကစားဖို႔

လိုအပ္ေနတာပါ။ လက္ရွိမွာ ဆားဘီးယား အသင္းသားေတြဟာ

ေပၚတူဂီကိုေက်ာ္ျဖတ္ႏိုင္ဖို႔စိတ္အားထက္သန္ေနၾကခ်ိန္ျဖစ္ၿပီး

ဒါကိုပိုမိုတြန္းအားေပးတဲ့အေနနဲ႔ အစိုးရကယူ႐ို တစ္သန္းေဘာနပ္စ္ေပးဖို႔

ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳးယူ႐ိုတစ္သန္း ေဘာနပ္စ္ရမွာကို

ေပၚတူဂီသြားတဲ့ေလယာဥ္ေပၚေရာက္မွ ဆားဘီးယားအသင္းသားေတြ

သိရွိၾကတာျဖစ္ပါ တယ္။ ဒီအတြက္ဆားဘီးယားအက္ဖ္ေအက အစိုးရနဲ႔

ညႇိႏႈိင္းၿပီးဆုေၾကးအတြက္စီစဥ္ခဲ့တာျဖစ္တယ္လို႔လည္း သတင္းေတြအရ

သိရပါ တယ္။ သူတို႔ႏွစ္သင္းဟာၿပီးခဲ့တဲ့မတ္လတုန္းက

ေျခစစ္ပြဲပထမအေက်ာ့ကစားခဲ့ၿပီး ၂-၂ သေရက်ခဲ့ပါတယ္။ အဲဒီတုန္းက

ေပၚတူဂီ အသင္းဟာ ဂ်ိဳတာရဲ႕ဂိုးေတြနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ဆားဘီးယားက

ေခ်ပဂိုးေတြျပန္လည္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာအျငင္းပြားစရာေတြ

ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ေနာက္ဆုံးမိနစ္မွာ စီေရာ္နယ္ဒိုကအႏိုင္ဂိုးသြင္းခဲ့ေသးေပမယ့္

စည္းက်ပ္ဒိုင္က ဂိုးစည္းမေက်ာ္ဘူးလို႔ဆုံးျဖတ္ ခဲ့လို႔ ဂိုးမရခဲ့ပါဘူး။

ေျခစစ္ပြဲမွာ ဂိုးလိုင္းနည္းပညာရပ္လည္းမသုံးတဲ့အတြက္ ေျဖရွင္းဖို႔ခက္ခဲခဲ့ၿပီး

စီေရာ္နယ္ဒိုကိုယ္တိုင္လည္း ဒိုင္ကို အျပင္းအထန္ေစာဒကတက္မႈအတြက္

အဝါကတ္ျပသတိေပးခံခဲ့ရပါတယ္။