





ဆွစ်ဇာလန်အသင်းခေါင်းဆောင်ရှာကာဟာ ဆားဘီးယားနဲ့
ပွဲစဉ်အပြုအမူကြောင့် ကမ္ဘာ့ဖလားကစားခွင့်ပိတ်ပင်ခံရနိုင်တယ်လို့





ဖီဖာအရာရှိဟောင်းတစ်ဦးက အသိပေးပြောဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်က ဆားဘီးယားကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုပွဲစဉ်အပြီး
အောင်ပွဲခံချိန်မှာတော့ ရှာကာဟာ သူ့ရဲ့နောက်ကျောမှာ ‘Jashari’





အမည်ပါတဲ့ရှပ်အင်္ကျီကိုဝတ်ဆင်ခဲ့တာတွေ့ရပါတယ်။ ကာယကံရှင်ကတော့
သူ့ရဲ့ဆွစ်ဇာလန်အသင်းဖော် Ardon Jashari အတွက်ရည်ညွှန်းတာဖြစ်ပြီး





နိုင်ငံရေးနောက်ခံမရှိဘူးလို့အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ သေချာ
ပြန်လေ့လာရာမှာတော့ Adem Jashari ရဲ့မျိုးရိုးအမည်ဖြစ်နေတာက
အထင်အရှားပါပဲ။ Ardon Jashari နဲ့ Adem Jashari အမည်က





ခပ်ဆင်ဆင်လိုဖြစ်နေတာပါ။ ရှာကာဟာ ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော်၊
ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယားခွဲထွက်ရေးအဖွဲ့ကိုတည်ထောင်သူဖြစ်ပြီး





ယခင် ယူဂိုဆလားဗီးယား လွတ်လပ်ရေးတိုက်ပွဲဝင်သူ Adem Jashari ရဲ့
အမည်ကို ကိုယ်စားပြုဝတ်ဆင်ခဲ့တာဖြစ်တယ်။ လက်ရှိဆွစ်ဇာလန်
အသင်းသားတွေဖြစ်တဲ့ ရှာကာနဲ့ ရှာကွီရီတို့ဟာ ၂၀၀၈ ခုနှစ်မှာ





ဆားဘီးယားထံကလွတ်လပ်ရေးရခဲ့တဲ့ ကိုဆိုဗိုနဲ့ ဆက်စပ်တဲ့
အယ်လ်ဘေးနီးယားလူမျိုးစုကဆင်းသက်လာကြသူတွေဖြစ်ပါတယ်။





ဒါကြောင့် ဖီဖာနဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟက်ကက်က
ဆွစ်ဇာလန်အနေနဲ့ ပေါ်တူဂီကိုအနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်
ခဲ့မယ်ဆိုရင် ရှာကာဟာ ကွာတားဖိုင်နယ်ကစားခွင့်ပိတ်ပင်ခံရနိုင်တယ်လို့





အသိပေးလိုက်တာဖြစ်တယ်။ “တကယ်တော့ သူဒီလိုလုပ်ခွင့်မရှိပါဘူး။
ပွဲပြီးနေပြီဆိုရင်တောင် သူ့ရဲ့အင်္ကျီကိုပြသပြီးကြေညာပြသခွင့်မရှိပါဘူး။





အစ်ကို၊ အစ်မနဲ့ မိခင်တွေရဲ့မွေးနေ့ဖြစ်နေရင်တောင် သူဒီလိုမက်ဆေ့ချ်တွေ
ပေးလို့မရပါဘူး။ နောက်ကြောင်းပြန်ပြစ်ဒဏ်တွေချမှတ်ခံရနိုင်သလို
ဒဏ်ကြေးငွေပေးဆောင်ရလိမ့်မယ်လိူ့မျှော်လင့်ပါတယ်။





ကမ္ဘာ့ဖလားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒီကိစ္စမျိုးကိုကိုင်တွယ်
ဖြေရှင်းရာမှာအတော်လေးမြန်ဆန်ပါတယ်၊ သူတို့ကနေ့စဉ်နီးပါး





တွေ့ဆုံနေကြလို့ပါ” Football Insider နဲ့တွေ့ဆုံမှုမှာ ဟက်ကက်က ပြောဆိုခဲ့ပါတယ်။
zawgyi





ဆားဘီးယားကိုႏိုင္ငံေရးအရ ဆန႔္က်င္တဲ့အမူအယာေၾကာင့္ ဆြစ္ဇာလန္ကြင္းလယ္လူရွာကာ ကမာၻ႔ဖလားကစားခြင့္ပိတ္ပင္ခံရႏိုင္
ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ရွာကာဟာ ဆားဘီးယားနဲ႔





ပြဲစဥ္အျပဳအမူေၾကာင့္ ကမာၻ႔ဖလားကစားခြင့္ပိတ္ပင္ခံရႏိုင္တယ္လို႔
ဖီဖာအရာရွိေဟာင္းတစ္ဦးက အသိေပးေျပာဆိုလိုက္ပါတယ္။
ဆြစ္ဇာလန္က ဆားဘီးယားကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ အုပ္စုပြဲစဥ္အၿပီး





ေအာင္ပြဲခံခ်ိန္မွာေတာ့ ရွာကာဟာ သူ႔ရဲ႕ေနာက္ေက်ာမွာ ‘Jashari’
အမည္ပါတဲ့ရွပ္အက်ႌကိုဝတ္ဆင္ခဲ့တာေတြ႕ရပါတယ္။ ကာယကံရွင္ကေတာ့





သူ႔ရဲ႕ဆြစ္ဇာလန္အသင္းေဖာ္ Ardon Jashari အတြက္ရည္ၫႊန္းတာျဖစ္ၿပီး
ႏိုင္ငံေရးေနာက္ခံမရွိဘူးလို႔အေၾကာင္းျပခဲ့ပါတယ္။ ဒါေပမဲ့ ေသခ်ာ
ျပန္ေလ့လာရာမွာေတာ့ Adem Jashari ရဲ႕မ်ိဳး႐ိုးအမည္ျဖစ္ေနတာက





အထင္အရွားပါပဲ။ Ardon Jashari နဲ႔ Adem Jashari အမည္က
ခပ္ဆင္ဆင္လိုျဖစ္ေနတာပါ။ ရွာကာဟာ ကိုဆိုဗိုလြတ္ေျမာက္ေရးတပ္မေတာ္၊





ကိုဆိုဗိုနဲ႔ အယ္လ္ေဘးနီးယားခြဲထြက္ေရးအဖြဲ႕ကိုတည္ေထာင္သူျဖစ္ၿပီး
ယခင္ ယူဂိုဆလားဗီးယား လြတ္လပ္ေရးတိုက္ပြဲဝင္သူ Adem Jashari ရဲ႕
အမည္ကို ကိုယ္စားျပဳဝတ္ဆင္ခဲ့တာျဖစ္တယ္။ လက္ရွိဆြစ္ဇာလန္





အသင္းသားေတြျဖစ္တဲ့ ရွာကာနဲ႔ ရွာကြီရီတို႔ဟာ ၂၀၀၈ ခုႏွစ္မွာ
ဆားဘီးယားထံကလြတ္လပ္ေရးရခဲ့တဲ့ ကိုဆိုဗိုနဲ႔ ဆက္စပ္တဲ့





အယ္လ္ေဘးနီးယားလူမ်ိဳးစုကဆင္းသက္လာၾကသူေတြျဖစ္ပါတယ္။
ဒါေၾကာင့္ ဖီဖာနဲ႔ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ဟက္ကက္က
ဆြစ္ဇာလန္အေနနဲ႔ ေပၚတူဂီကိုအႏိုင္ရၿပီး ကြာတားဖိုင္နယ္တက္ေရာက္





ခဲ့မယ္ဆိုရင္ ရွာကာဟာ ကြာတားဖိုင္နယ္ကစားခြင့္ပိတ္ပင္ခံရႏိုင္တယ္လို႔
အသိေပးလိုက္တာျဖစ္တယ္။ “တကယ္ေတာ့ သူဒီလိုလုပ္ခြင့္မရွိပါဘူး။





ပြဲၿပီးေနၿပီဆိုရင္ေတာင္ သူ႔ရဲ႕အက်ႌကိုျပသၿပီးေၾကညာျပသခြင့္မရွိပါဘူး။
အစ္ကို၊ အစ္မနဲ႔ မိခင္ေတြရဲ႕ေမြးေန႔ျဖစ္ေနရင္ေတာင္ သူဒီလိုမက္ေဆ့ခ်္ေတြ
ေပးလို႔မရပါဘူး။ ေနာက္ေၾကာင္းျပန္ျပစ္ဒဏ္ေတြခ်မွတ္ခံရႏိုင္သလို





ဒဏ္ေၾကးေငြေပးေဆာင္ရလိမ့္မယ္လိူ႔ေမွ်ာ္လင့္ပါတယ္။
ကမာၻ႔ဖလားစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕က ဒီကိစၥမ်ိဳးကိုကိုင္တြယ္





ေျဖရွင္းရာမွာအေတာ္ေလးျမန္ဆန္ပါတယ္၊ သူတို႔ကေန႔စဥ္နီးပါး
ေတြ႕ဆုံေနၾကလို႔ပါ” Football Insider နဲ႔ေတြ႕ဆုံမႈမွာ ဟက္ကက္က ေျပာဆိုခဲ့ပါတယ္။