ဆာလာအပေါ် နယ်သာလန်သာနောက်ခံလူရဲ့ ယုံကြည်မှုလယ်ဗယ်ကတော့ လုံး၀ 9+ ပါပဲ

ဘရိုက်တန်နဲ့စနေည ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းပင်နယ်တီရတော့

နောက်ခံလူဗန်ဒစ်ဂျ်ဟာ မိုဆာလာမသွင်းခင်ကတည်းက အောင်ပွဲခံခဲ့ပါတယ်။

အဲဒီပွဲမှာ လီဗာပူးဟာ ပွဲချိန်အစောပိုင်း ၁၉ မိနစ်တကည်းက

တောင်ပံကစားသမားဒီယက်ဇ်ရဲ့သွင်းယူမှုနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ၆၁ မိနစ်မှာတော့ ပင်နယ်တီကန်ခွင့်ရသွားခဲ့ပြီး

မိုဆာလာက အမှားအယွင်းမရှိကန်သွင်းကာ လီဗာပူးအတွက်

အနိုင်သေချာစေမယ့် ဒုတိယဂိုးဖြစ်စေခဲ့ပါတယ်။

အံ့သြစရာကောင်းတာက မိုဆာလာကန်သွင်းမှုမလုပ်ခင်လေးမှာပဲ

နောက်ခံလူဗန်ဒစ်ဂျ်က ကြိုတင်အောင်ပွဲခံခဲ့တာပါ။

အဲဒါဟာ သူ့အသင်းဖော်အပေါ်မှာ ဘယ်လောက်တောင်

ယုံကြည်မှုရှိနေသလဲဆိုတာ ပြသရာရောက်ပါတယ်။

တစ်နည်းအားဖြင့် အဲဒီနယ်သာလန်သာနောက်ခံလူရဲ့

ယုံကြည်မှုလယ်ဗယ်ကတော့ လုံး၀ 9+ ပါပဲ။

မိုဆာလာရဲ့အဲဒီပင်နယ်တီသွင်းဂိုးဟာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ

လီဗာပူးရဲ့ဂိုး ၂၀၀၀ မြောက်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မိုဆာလာဟာလည်း ဒီရာသီပရီးမီးယားလိဂ်မှာ သူ့ရဲ့ဂိုး ၂၀ မြောက်ကို သွင်းယူနိုင်ခဲ့တာပါ။

ဒါကြောင့် အဲဒီအီဂျစ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်ရာသီ ၄ ခုမှာ

ဂိုး ၂၀ နဲ့အထက် သွင်းနိုင်ခဲ့တဲ့ ၆ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ ဇယားထိပ်က ဦးဆောင်နေတဲ့

မန်စီးတီးနဲ့ ၃ မှတ်သာကွာတော့တာပါ။

အဲဒါကြောင့်လည်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းဟာ အကြိတ်အနယ်ဖြစ်လာပါတယ်။

zawgyi

ဆာလာအေပၚ နယ္သာလန္သာေနာက္ခံလူရဲ႕ ယုံၾကည္မႈလယ္ဗယ္ကေတာ့ လုံး၀ 9+ ပါပဲ

ဘ႐ိုက္တန္နဲ႔စေနည ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးအသင္းပင္နယ္တီရေတာ့

ေနာက္ခံလူဗန္ဒစ္ဂ်္ဟာ မိုဆာလာမသြင္းခင္ကတည္းက ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီပြဲမွာ လီဗာပူးဟာ ပြဲခ်ိန္အေစာပိုင္း ၁၉ မိနစ္တကည္းက

ေတာင္ပံကစားသမားဒီယက္ဇ္ရဲ႕သြင္းယူမႈနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္း ၆၁ မိနစ္မွာေတာ့ ပင္နယ္တီကန္ခြင့္ရသြားခဲ့ၿပီး

မိုဆာလာက အမွားအယြင္းမရွိကန္သြင္းကာ လီဗာပူးအတြက္

အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးျဖစ္ေစခဲ့ပါတယ္။

အံ့ၾသစရာေကာင္းတာက မိုဆာလာကန္သြင္းမႈမလုပ္ခင္ေလးမွာပဲ

ေနာက္ခံလူဗန္ဒစ္ဂ်္က ႀကိဳတင္ေအာင္ပြဲခံခဲ့တာပါ။

အဲဒါဟာ သူ႔အသင္းေဖာ္အေပၚမွာ ဘယ္ေလာက္ေတာင္

ယုံၾကည္မႈရွိေနသလဲဆိုတာ ျပသရာေရာက္ပါတယ္။

တစ္နည္းအားျဖင့္ အဲဒီနယ္သာလန္သာေနာက္ခံလူရဲ႕

ယုံၾကည္မႈလယ္ဗယ္ကေတာ့ လုံး၀ 9+ ပါပဲ။

မိုဆာလာရဲ႕အဲဒီပင္နယ္တီသြင္းဂိုးဟာလည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းမွာ

လီဗာပူးရဲ႕ဂိုး ၂၀၀၀ ေျမာက္ျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ မိုဆာလာဟာလည္း ဒီရာသီပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ဂိုး ၂၀ ေျမာက္ကို သြင္းယူႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ အဲဒီအီဂ်စ္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္ရာသီ ၄ ခုမွာ

ဂိုး ၂၀ နဲ႔အထက္ သြင္းႏိုင္ခဲ့တဲ့ ၆ ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။

အခုဆိုရင္ ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ဇယားထိပ္က ဦးေဆာင္ေနတဲ့

မန္စီးတီးနဲ႔ ၃ မွတ္သာကြာေတာ့တာပါ။

အဲဒါေၾကာင့္လည္း ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းဟာ အႀကိတ္အနယ္ျဖစ္လာပါတယ္။