ဆာလာဟာ ရော်နယ်ဒိုလို အဆင့်မျိုးရောက်နေပြီလို့ ဂျိုတာဆို

ရာသီအစမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးနောက်မှာတော့

လီဗာပူးအသင်းဖော် ဆာလာဟာ ယူနိုက်တက်ရဲ့ စူပါစတား ရော်နယ်ဒိုလို

အဆင့်မျိုး ရောက်ရှိနေပြီလို့ဂျိုတာက ပြောဆိုလိုက်ပါတယ်။

ဆာလာဟာ  လီဗာပူးအတွက် ၁၄ ပွဲကစားထားပြီး ၁၅ ဂိုးသွင်းယူထားကာ

အသင်းဖော်တွေအတွက် ၆ ဂိုးဖန်တီး ပေးထားပြီး လီဗာပူးအသင်းရဲ့

သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေသူဖြစ်ပါတယ်။

ဂျိုတာက “ဆာလာက ထိပ်တန်းကစားသမား၊ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါ။

သူ့ရဲ့နည်းစနစ်ပိုင်းကြွယ်ဝမှုကို ဒီရာသီမှာ တစ်ကမ္ဘာလုံး မြင်တွေ့နေရပါတယ်။

သူက ဂိုးတွေသွင်းရတာပျော်နေတယ်။ ထိပ်တန်းဂိုးတွေ၊

တစ်ကိုယ်တော်အရည်အချင်းနဲ့ဂိုးတွေ သွင်းပြနေပါတယ်”

“ဒါက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့

ကျွန်တော်တို့အတွက် ကွင်းထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့

ကစားသမားတစ်ယောက်ကို ပိုင်ဆိုင်ထားလို့လေ။ ပြိုင်ဘက်တွေအနေနဲ့ ကြည့်ရင်

ဆာလာနဲ့ပတ်သက်လို့ သူတို့အများကြီး ဂရုစိုက်ပြီး စိုးရိမ်နေရတာပေါ့”

“ကျွန်တော် ဆာလာနဲ့ တွဲကစားရတော့ လက်ရွေးစင်အသင်းမှာ ရော်နယ်ဒိုနဲ့အတူ

ပထမဆုံးတွဲကစားတုန်းက ရတဲ့ ခံစားချက်မျိုးပြန်ရပါတယ်။

ကျွန်တော်ထင်ပါတယ်။ ဆာလာက ရော်နယ်ဒိုနဲ့ အဆင့်အတန်းတူတဲ့

ကစားသမားမျိုးဖြစ်နေပါပြီ”လို့ ပြောဆိုပါတယ်။

zawgyi

ဆာလာဟာ ေရာ္နယ္ဒိုလို အဆင့္မ်ိဳးေရာက္ေနၿပီလို႔ ဂ်ိဳတာဆို

ရာသီအစမွာ အေကာင္းဆုံးေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္မွာေတာ့

လီဗာပူးအသင္းေဖာ္ ဆာလာဟာ ယူႏိုက္တက္ရဲ႕ စူပါစတား ေရာ္နယ္ဒိုလို

အဆင့္မ်ိဳး ေရာက္ရွိေနၿပီလို႔ဂ်ိဳတာက ေျပာဆိုလိုက္ပါတယ္။

ဆာလာဟာ  လီဗာပူးအတြက္ ၁၄ ပြဲကစားထားၿပီး ၁၅ ဂိုးသြင္းယူထားကာ

အသင္းေဖာ္ေတြအတြက္ ၆ ဂိုးဖန္တီး ေပးထားၿပီး လီဗာပူးအသင္းရဲ႕

သြင္းဂိုးအမ်ားဆုံး ကစားသမားစာရင္းမွာ ထိပ္ဆုံးမွာ ရပ္တည္ေနသူျဖစ္ပါတယ္။

ဂ်ိဳတာက “ဆာလာက ထိပ္တန္းကစားသမား၊ ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္ပါ။

သူ႔ရဲ႕နည္းစနစ္ပိုင္းႂကြယ္ဝမႈကို ဒီရာသီမွာ တစ္ကမာၻလုံး ျမင္ေတြ႕ေနရပါတယ္။

သူက ဂိုးေတြသြင္းရတာေပ်ာ္ေနတယ္။ ထိပ္တန္းဂိုးေတြ၊

တစ္ကိုယ္ေတာ္အရည္အခ်င္းနဲ႔ဂိုးေတြ သြင္းျပေနပါတယ္”

“ဒါက ကြၽန္ေတာ္တို႔အတြက္ အကူအညီျဖစ္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့

ကြၽန္ေတာ္တို႔အတြက္ ကြင္းထဲမွာ အဆုံးအျဖတ္ေပးႏိုင္တဲ့

ကစားသမားတစ္ေယာက္ကို ပိုင္ဆိုင္ထားလို႔ေလ။ ၿပိဳင္ဘက္ေတြအေနနဲ႔ ၾကည့္ရင္

ဆာလာနဲ႔ပတ္သက္လို႔ သူတို႔အမ်ားႀကီး ဂ႐ုစိုက္ၿပီး စိုးရိမ္ေနရတာေပါ့”

“ကြၽန္ေတာ္ ဆာလာနဲ႔ တြဲကစားရေတာ့ လက္ေ႐ြးစင္အသင္းမွာ ေရာ္နယ္ဒိုနဲ႔အတူ

ပထမဆုံးတြဲကစားတုန္းက ရတဲ့ ခံစားခ်က္မ်ိဳးျပန္ရပါတယ္။

ကြၽန္ေတာ္ထင္ပါတယ္။ ဆာလာက ေရာ္နယ္ဒိုနဲ႔ အဆင့္အတန္းတူတဲ့

ကစားသမားမ်ိဳးျဖစ္ေနပါၿပီ”လို႔ ေျပာဆိုပါတယ္။